ဥကရစ်ထတိုက်ပွဲအတွင်း ပြည်သူ့အတွက် အသက်ပေးသွားသည့် စနိုက်ပါသမား ရဲဘော်စဂျွန်နီထူး …ရုပ်သံ

News







mizzima

ဥကရစ်ထတိုက်ပွဲအတွင်း ပြည်သူ့အတွက် အသက်ပေးသွားသည့် စနိုက်ပါသမား ရဲဘော်စဂျွန်နီထူး

ကရင်ပြည်နယ် မြဝတီခရိုင် ဝေါလေမြိုင်ဒေသ ဥကရစ်ထတိုက်ပွဲတွင် ဇွန်လ၂၆ရက်နေ့၌ စနိုက်ပါသမားရဲဘော် စဂျွန်နီထူးသည် ကျည်ဆံမှန်ကာသေဆုံးသွားပြီး အလောင်းကို စစ်ကောင်စီမှ ကောက်ယူသွားခဲ့ပါတယ်။

ဥကရစ်ထတိုက်ပွဲ မဖြစ်ပွားမီ တစ်ရက်အလိုတွင် ကရင်လူမျိုး စနိုက်ပါသမားရဲဘော် စဂျွန်နီထူးကို mizzimaသတင်းထောက်မှ တွေ့ဆုံမေးမြန်းထားသည့် အင်တာဗျူးကို ဝမ်းနည်းစွာဖြင့် တင်ဆက်လိုက်ရပါတယ်။

ဇွန်လ၂၆ရက်နေ့မှ စတင်ပြီး စစ်ကောင်စီအခြေစိုက် ခြေကုတ်စခန်းတစ်ခုဖြစ်သည့် ဥကရစ်ထစစ်စခန်းကို KNDO, KNLA, PDFပူးပေါင်းတပ်ဖွဲ့မှ စခန်းသိမ်းတိုက်ပွဲဆင်နွှဲလျှက်ရှိနေပါတယ်။

တိုက်ပွဲဖြစ်ပွားနေသည့် ရှစ်ရက်မြောက်နေ့အထိ စစ်ကောင်စီတပ်သား၂၀၀နီးပါးသေဆုံးကာ KNUဘက်မှ ၁၃ဦး ပြည်သူ့အတွက်အသက်ပေးဆပ်ခဲ့ရပါတယ်။

စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်နေရင်း တော်လှန်ရေးလမ်းခုလတ်တွင် ကျဆုံးသွားသည့် ရဲဘော်များရှိနေကြပြီး စစ်ခေါင်းဆောင်မင်းအောင်လှိုင်လက်အောက်ခံ တပ်သည်လည်း ယခုအခါ တပ်ပျက်နေပြီဖြစ်ပြီး တိုက်စစ်မပြုလုပ်နိုင်ဘဲ ခုခံစစ်သာ ပြန်လည်ခုခံနေရပါတယ်။

Crd

mizzima

Unicode







mizzima

Crd

Leave a Reply

Your email address will not be published.