မိတ္ထီလာမှာ သွေးသောက်အဖွဲ့ သောင်းကျန်းနေပြီး ဆိုင်တွေကို ဗုံးထောင်ဖောက်ခွဲ ဟုဆို
MFP ၊ ဇူလိုင် – ၃
မန္တလေးတိုင်း မိတ္ထီလာမြို့မှာလည်း စစ်အုပ်စုနောက်ခံ သွေးသောက်အမည်ခံအဖွဲ့ သောင်းကျန်းနေပြီး ဆိုင်တွေကို ဗုံးထောင်ဖောက်ခွဲတာတွေ လုပ်နေတယ်လို့ သတင်းရရှိပါတယ်။




ဇူလိုင်(၂)ရက် မနေ့က ည(၁၀)နာရီခွဲမှာ မိတ္ထီလာမြို့ ရန်မျိုးအောင်ရပ်ကွက် နယ်မြေ(၄)မှာရှိတဲ့ မင်းခန့်ကျော် ကွမ်းယာဆိုင်ကို သွေးသောက်အဖွဲ့က ဖောက်ခွဲမှုပြုလုပ်ခဲ့ပြီး သွေးသောက်အဖွဲ့ အနီရောင် စစ်ဆင်ရေး တံဆိပ်ပါတဲ့ စတေကာတွေ ကပ်ထားခဲ့တယ်လို့ စစ်လော်ဘီတွေရဲ့ တယ်လီဂရမ်တွေမှာ ဖော်ပြပါတယ်။
ဒါ့အပြင် မနေ့ညကပဲ မိတ္ထီလာမြို့ နယ်မြေ(၅)မှာရှိတဲ့ ရူပါရုံ အလှပြင်ဆိုင်၊ နန်းတော်ကုန်းရပ်ကွက်၊ ထောင်ကြီးတိုက်တန်းမှာရှိတဲ့ ကွင်းအင်ပါယာအလှပြင်ဆိုင်တို့မှာလည်း သွေးသောက်အဖွဲ့ စတေကာတွေကပ်ပြီး ဖောက်ခွဲ သတိပေးတာတွေ လုပ်ခဲ့တယ်လို့ စစ်လော်ဘီတွေက ဆိုပါတယ်။




သူတို့ သွေးသောက်အဖွဲ့ ဖောက်ခွဲခဲ့တဲ့နေရာတွေဟာ NLD ပါတီဝင်တို့ရဲ့ နေအိမ်တွေ ဖြစ်တယ်လို့လည်း စစ်လော်ဘီတွေက ရေးသားထားပါတယ်။
သွေးသောက်အဖွဲ့ဟာ မန္တလေးမြို့မှာ စတင်ပေါ်ပေါက်လာတာဖြစ်ပြီး NLD ပါတီဝင်နဲ့ ပြည်သူအချို့ကို ဖမ်းဆီးသတ်ဖြတ်ကာ အလောင်းစွန့်ပစ်တာတွေ လုပ်ဆောင်ခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်။
(စစ်လော်ဘီတွေ ထုတ်ပြန်တဲ့ပုံအချို့)
Crd
Unicode
မိတၳီလာမွာ ေသြးေသာက္အဖြဲ႕ ေသာင္းက်န္းေနၿပီး ဆိုင္ေတြကို ဗုံးေထာင္ေဖာက္ခြဲ ဟုဆို
MFP ၊ ဇူလိုင္ – ၃
မႏၲေလးတိုင္း မိတၳီလာၿမိဳ႕မွာလည္း စစ္အုပ္စုေနာက္ခံ ေသြးေသာက္အမည္ခံအဖြဲ႕ ေသာင္းက်န္းေနၿပီး ဆိုင္ေတြကို ဗုံးေထာင္ေဖာက္ခြဲတာေတြ လုပ္ေနတယ္လို႔ သတင္းရရွိပါတယ္။




ဇူလိုင္(၂)ရက္ မေန႔က ည(၁၀)နာရီခြဲမွာ မိတၳီလာၿမိဳ႕ ရန္မ်ိဳးေအာင္ရပ္ကြက္ နယ္ေျမ(၄)မွာရွိတဲ့ မင္းခန႔္ေက်ာ္ ကြမ္းယာဆိုင္ကို ေသြးေသာက္အဖြဲ႕က ေဖာက္ခြဲမႈျပဳလုပ္ခဲ့ၿပီး ေသြးေသာက္အဖြဲ႕ အနီေရာင္ စစ္ဆင္ေရး တံဆိပ္ပါတဲ့ စေတကာေတြ ကပ္ထားခဲ့တယ္လို႔ စစ္ေလာ္ဘီေတြရဲ့ တယ္လီဂရမ္ေတြမွာ ေဖာ္ျပပါတယ္။
ဒါ့အျပင္ မေန႔ညကပဲ မိတၳီလာၿမိဳ႕ နယ္ေျမ(၅)မွာရွိတဲ့ ႐ူပါ႐ုံ အလွျပင္ဆိုင္၊ နန္းေတာ္ကုန္းရပ္ကြက္၊ ေထာင္ႀကီးတိုက္တန္းမွာရွိတဲ့ ကြင္းအင္ပါယာအလွျပင္ဆိုင္တို႔မွာလည္း ေသြးေသာက္အဖြဲ႕ စေတကာေတြကပ္ၿပီး ေဖာက္ခြဲ သတိေပးတာေတြ လုပ္ခဲ့တယ္လို႔ စစ္ေလာ္ဘီေတြက ဆိုပါတယ္။
သူတို႔ ေသြးေသာက္အဖြဲ႕ ေဖာက္ခြဲခဲ့တဲ့ေနရာေတြဟာ NLD ပါတီဝင္တို႔ရဲ့ ေနအိမ္ေတြ ျဖစ္တယ္လို႔လည္း စစ္ေလာ္ဘီေတြက ေရးသားထားပါတယ္။




ေသြးေသာက္အဖြဲ႕ဟာ မႏၲေလးၿမိဳ႕မွာ စတင္ေပၚေပါက္လာတာျဖစ္ၿပီး NLD ပါတီဝင္နဲ႔ ျပည္သူအခ်ိဳ႕ကို ဖမ္းဆီးသတ္ျဖတ္ကာ အေလာင္းစြန႔္ပစ္တာေတြ လုပ္ေဆာင္ခဲ့တဲ့အဖြဲ႕ျဖစ္ပါတယ္။
(စစ္ေလာ္ဘီေတြ ထုတ္ျပန္တဲ့ပုံအခ်ိဳ႕)
Crd