အရေးပေါ် သတိပေးထုတ်ပြန်ချက်
မုံရွာ-အရာတော် လမ်းအား ယခုချိန်မှစ၍ စခများ မှာပုံစံအမျိုးမျိုးဖျက်ကာ သွားလာခြေရှုပ်နေသောကြောင့် ခွဲခြားရခက်ပါသဖြင့် သွားလာခြင်းမပြုကြရန် မိဘပြည်သူများအား မေတ္တာရပ်ခံသတိ ပေးအပ်ပါသည်။ ရောက်ရှိနေသောမိတ်ဆွေများရှိပါက ဖုန်းဆက်အကြောင်းကြားပေးကြပါဗျာ




*မသင်္ကာသည့်ကားများအား ဖော-က်မှုပြုလုပ်သွားပါမည်။
သပြေညို ပြောက်ကျားတပ်ဖွဲ့
Ayadaw Bone Naing PDF – A.B.N PDF
Ayadaw Falcon Force
ပတ္တမြားညီနောင် ပြောက်ကျားတပ်ဖွဲ့
AMT မြေပြင်ပြောက်ကျားတပ်ဖွဲ့
Danger Force LPDF
“အရာတော် – မုံရွာကားလမ်းပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့အများအပြား နေရာခွဲ၍ လှုပ်ရှားနေသဖြင့် ယနေ့ ရှောင်ရှားသွားလာပေးကြပါရန် ပြည်သူများအား တော်လှန်ရေးအင်အားစုများက မေတ္တာရပ်ခံ”
ဇူလိုင် ၃ | အရာတော်
ယနေ့ ဇူလိုင် ၃ ရက်နေ့၊ မနက်အာရုဏ်တက်ခန့်မှစ၍ အရာတော်ဘက်မှ စစ်ကောင်စီတပ်ဖွဲ့များ ကားဖြင့်တစ်ဖွဲ့၊ ထနောင်းဝင်း – ဗောဓိလမ်းခွဲမှ အရှေ့သို့ အင်အား(၃၀)ခန့်ပါ စစ်ကောင်စီခြေလျင်တပ်ဖွဲ့တစ်ဖွဲ့ နှစ်နေရာခွဲ၍ အရာတော် – မုံရွာလမ်းပေါ်တွင် ရောက်ရှိနေကြောင်း သိရသည်။




အရာတော်မြို့မှ မနက် ၄ နာရီခွဲခန့်က ကားဖြင့်ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့များသည် အရာတော် – မုံရွာလမ်းပေါ်ရှိ ကမ်းပြူကျေးရွာမှ အနောက်သို့ ခြေလျင်ဖြန့်ဆင်းနေကြောင်း နောက်ဆုံးသိရှိထားသည်။
ထနောင်းဝင်း – ဗောဓိလမ်းခွဲမှ စစ်ကောင်စီတပ်ဖွဲ့များသည် မနက် ၇ နာရီကျော်ခန့်တွင် ကျောက္ကာကျေးရွာအနီးသို့ ရောက်ရှိနေပြီး လမ်းဘေးခြုံထူရာသို့ လက်နက်ငယ်များဖြင့် ပစ်ခတ်နေခဲ့သည်။




သို့ဖြစ်ပါ၍ ယနေ့ မနက်ပိုင်းကတည်းက အရာတော် – မုံရွာ လမ်းပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့များ ပုံစံအမျိုးမျိုးဖြင့် ရောက်ရှိခြေရှုပ်နေသဖြင့် ခွဲခြားရခက်ခဲသောကြောင့် ပြည်သူလူထုအနေဖြင့် အဆိုပါလမ်းပိုင်းကို ရှောင်ရှားသွားလာပေးပါရန် မဟာမိတ်တော်လှန်ရေးအင်အားစုများက မေတ္တာရပ်ခံထားခြင်းဖြစ်သည်။




Ayadaw Falcon Force
Danger Force LPDF
ဇူလိုင် ၃ | အရာတော်
Crd