ယနေ့သန်လျင်ရေတပ်သင်္ဘောများအားလုံးစစ်ကြောင်းထွက်..တပ်တွင်းအမျိုးသမီးများကို သင်္ဘောများပြန်မလာမချင်းမေတ္တာသုတ်ရွတ်ရန်အမိန့်ထုတ်

News

ယနေ့သန်လျင်ရေတပ်သင်္ဘောများအားလုံးစစ်ကြောင်းထွက်..တပ်တွင်းအမျိုးသမီးများကို သင်္ဘောများပြန်မလာမချင်းမေတ္တာသုတ်ရွတ်ရန်အမိန့်ထုတ်

သန်လျင်ရေတပ်စခန်းဌာနချုပ်ရှိ စစ်သင်္ဘောများစစ်ကြောင်းထွက်၊

သင်္ဘောများစစ်ကြောင်းထွက်နေစဉ် တပ်တွင်းရှိအမျိုးသမီးများအလှည့်ကျမေတ္တာသုတ်ရွတ်ဖတ်ပေးရန် အမိန့်ထုတ်

ဇူလိုင် ၂၊ ၂၀၂၂

ရန်ကုန်တိုင်း၊ သန်လျင်ရေတပ်စစ်စခန်းဌာနချုပ်ရှိ စစ်သင်္ဘောတွေအားလုံး ဒီနေ့ဇူလိုင်(၂)ရက်ကစတင်ပြီး စစ်ကြောင်းထွက်ရတယ်လို့ ရေတပ်အသိုင်းအ ဝိုင်းကသိရပါတယ်။

အဲ့ဒီလို စစ်သင်္ဘောတွေအားလုံးစစ်ကြောင်းထွက်ရတာကြောင့် ရေတပ်ဝန်းထဲကအမျိုးသမီးတွေအနေနဲ့ မနက်ဖြန်ကစတင်ပြီး အလှည့်ကျမေတ္တာသုတ်ရွတ်ပေးရမှာဖြစ်တယ်လို့ လုံခြုံရေးအရအမည်မဖော်လိုသူ တစ်ဦးက BVJကိုပြောပါတယ်။

“တပ်က သင်္ဘောတွေအကုန်ဒီနေ့ကစပြီး စစ်မက်ထွက်ရတယ်။ ဗျူဟာမှုးလည်းပါသွားတယ်။ အဲ့ဒါကိုလိုင်းပေါ်မတင်ကြဖို့ ဒီနေ့အစည်းအဝေးလုပ်ပြီး တစ်ဝန်းလုံးကိုခေါ်ပြောတယ်။ အစည်းအဝေးကတနေကုန်ပဲ။

ပြီးတော့ကျန်ခဲ့တဲ့အမျိုးသမီးတွေအနေနဲ့ တနေ့ကို(၁၅)ယောက်အလှည့်ကျရွတ်ပေးရမှာ မေတ္တာသုပ်လိုမျိုး၊ ယတြာလိုပုံမျိုးနဲ့ စစ်မက်ထွက်တဲ့သင်္ဘောတွေပြန်မလာမချင်းရွတ်ရမှာ။ အရင်ကဆိုဒီဘက်က စစ်မက်ထွက်ရတာသိပ်မရှိဘူး အခုကျအကုန်ထွက်ရတာ” လို့ပြောပါတယ်။

ဒါ့အပြင် စစ်ကြောင်းထွက်တဲ့ရေလမ်းကြောင်းတလျောက်မှာ သင်္ဘောတွေနားခိုဖို့အတွက် ရေတပ်စခန်းသစ်တွေဆောက်လုပ်ထားပြီး အဲ့ဒီအတွက်သန်လျင်ရေတပ်ရှိ တပ်သားတွေနဲ့အရာရှိတွေကိုလည်း သက်ဆိုင်ရာစခန်းအလိုက် ပြီးခဲ့တဲ့လတွေကတည်းက စေလွှတ်ထားမှုတွေရှိတယ်လို့လည်း သိရပါတယ်။

မြစ်ကြောင်းတလျောက် ‌ရိက္ခာပို့၊ ပစ္စည်းပို့ စစ်သင်္ဘောတွေကို ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်တွေက မိုင်းခွဲတိုက်ခိုက်မှုတွေ၊ သေနတ်နဲ့ပစ်ခတ်မှုတွေ မ ကြာခဏလုပ်ဆောင်နေတာကြောင့် စစ်သင်္ဘောတွေဟာလုံခြုံရေးအထပ်ထပ်နဲ့သွားလာနေရတာလည်းဖြစ်ပါတယ်။

ဓါတ်ပုံ- တပ်မတော်(ရေ) စစ်ရေယာဉ်တပ်ပေါင်းစု ပင်လယ်ပြင်စစ်ဆင်မှုလေ့ကျင့်ခန်းပြုလုပ်နေပုံ /cincds

Burma VJ (2 Jul 2022)

Crd

Unicode

ယနေ့သန်လျင်ရေတပ်သင်္ဘောများအားလုံးစစ်ကြောင်းထွက်..တပ်တွင်းအမျိုးသမီးများကို သင်္ဘောများပြန်မလာမချင်းမေတ္တာသုတ်ရွတ်ရန်အမိန့်ထုတ်

သန္လ်င္ေရတပ္စခန္းဌာနခ်ဳပ္ရွိ စစ္သေဘၤာမ်ားစစ္ေၾကာင္းထြက္၊

သေဘၤာမ်ားစစ္ေၾကာင္းထြက္ေနစဥ္ တပ္တြင္းရွိအမ်ိဳးသမီးမ်ားအလွည့္က်ေမတၱာသုတ္ရြတ္ဖတ္ေပးရန္ အမိန႔္ထုတ္

ဇူလိုင္ ၂၊ ၂၀၂၂

ရန္ကုန္တိုင္း၊ သန္လ်င္ေရတပ္စစ္စခန္းဌာနခ်ဳပ္ရွိ စစ္သေဘၤာေတြအားလုံး ဒီေန႔ဇူလိုင္(၂)ရက္ကစတင္ၿပီး စစ္ေၾကာင္းထြက္ရတယ္လို႔ ေရတပ္အသိုင္းအ ဝိုင္းကသိရပါတယ္။

အဲ့ဒီလို စစ္သေဘၤာေတြအားလုံးစစ္ေၾကာင္းထြက္ရတာေၾကာင့္ ေရတပ္ဝန္းထဲကအမ်ိဳးသမီးေတြအေနနဲ႔ မနက္ျဖန္ကစတင္ၿပီး အလွည့္က်ေမတၱာသုတ္ရြတ္ေပးရမွာျဖစ္တယ္လို႔ လုံျခဳံေရးအရအမည္မေဖာ္လိုသူ တစ္ဦးက BVJကိုေျပာပါတယ္။

“တပ္က သေဘၤာေတြအကုန္ဒီေန႔ကစၿပီး စစ္မက္ထြက္ရတယ္။ ဗ်ဴဟာမႈးလည္းပါသြားတယ္။ အဲ့ဒါကိုလိုင္းေပၚမတင္ၾကဖို႔ ဒီေန႔အစည္းအေဝးလုပ္ၿပီး တစ္ဝန္းလုံးကိုေခၚေျပာတယ္။ အစည္းအေဝးကတေနကုန္ပဲ။

ၿပီးေတာ့က်န္ခဲ့တဲ့အမ်ိဳးသမီးေတြအေနနဲ႔ တေန႔ကို(၁၅)ေယာက္အလွည့္က်ရြတ္ေပးရမွာ ေမတၱာသုပ္လိုမ်ိဳး၊ ယၾတာလိုပုံမ်ိဳးနဲ႔ စစ္မက္ထြက္တဲ့သေဘၤာေတြျပန္မလာမခ်င္းရြတ္ရမွာ။ အရင္ကဆိုဒီဘက္က စစ္မက္ထြက္ရတာသိပ္မရွိဘူး အခုက်အကုန္ထြက္ရတာ” လို႔ေျပာပါတယ္။

ဒါ့အျပင္ စစ္ေၾကာင္းထြက္တဲ့ေရလမ္းေၾကာင္းတေလ်ာက္မွာ သေဘၤာေတြနားခိုဖို႔အတြက္ ေရတပ္စခန္းသစ္ေတြေဆာက္လုပ္ထားၿပီး အဲ့ဒီအတြက္သန္လ်င္ေရတပ္ရွိ တပ္သားေတြနဲ႔အရာရွိေတြကိုလည္း သက္ဆိုင္ရာစခန္းအလိုက္ ၿပီးခဲ့တဲ့လေတြကတည္းက ေစလႊတ္ထားမႈေတြရွိတယ္လို႔လည္း သိရပါတယ္။

ျမစ္ေၾကာင္းတေလ်ာက္ ‌ရိကၡာပို႔၊ ပစၥည္းပို႔ စစ္သေဘၤာေတြကို ျပည္သူ႔ကာ ကြယ္ေရးတပ္ဖြဲ႕ဝင္ေတြက မိုင္းခြဲတိုက္ခိုက္မႈေတြ၊ ေသနတ္နဲ႔ပစ္ခတ္မႈေတြ မ ၾကာခဏလုပ္ေဆာင္ေနတာေၾကာင့္ စစ္သေဘၤာေတြဟာလုံျခဳံေရးအထပ္ထပ္နဲ႔သြားလာေနရတာလည္းျဖစ္ပါတယ္။

ဓါတ္ပုံ- တပ္မေတာ္(ေရ) စစ္ေရယာဥ္တပ္ေပါင္းစု ပင္လယ္ျပင္စစ္ဆင္မႈေလ့က်င့္ခန္းျပဳလုပ္ေနပုံ /cincds

Burma VJ (2 Jul 2022)

Crd

Leave a Reply

Your email address will not be published.