ထိုင်းလေပိုင်နက်သို့ ဝင်လာသည့် တိုက်လေယာဉ်မှူးမှာ မြန်မာမဟုတ် ရုရှားလူမျိုးသာဖြစ်ဟု ဗိုလ်ချုပ်စောနယ်ဒါးမြ ပြော

News

ထိုင္းေလပိုင္နက္သို႔ ဝင္လာသည့္ တိုက္ေလယာဥ္မႉးမွာ ျမန္မာမဟုတ္ ႐ုရွားလူမ်ိဳးသာျဖစ္ဟု ဗိုလ္ခ်ဳပ္ေစာနယ္ဒါးျမ ေျပာ

ဧရာဝတီ၊ ဇူလိုင္ ၂၊ ၂၀၂၂

ထိုင္းေလပိုက္ထဲသို႔ က်ဴးေက်ာ္ဝင္လာသည့္ ျမန္မာေလတပ္ တိုက္ေလယာဥ္ MiG – 29 အား ေမာင္းသူမွာ ျမန္မာလူမ်ိဳးမဟုတ္၊ ႐ုရွားလူမ်ိဳး ျဖစ္ေၾကာင္း ကရင္အမ်ိဳးသားကာကြယ္ေရးတပ္ (KNDO) ဗဟို စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ေစာနယ္ဒါးျမက ေျပာဆိုေၾကာင္း ထိုင္းဘာသာႏွင့္ထုတ္သည့္ သတင္းမ်ားတြင္ ေဖာ္ျပထားသည္။

ထိုင္း-ျမန္မာနယ္စပ္ ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕ ေတာင္ဘက္ရွိ ဥကရစ္ထစစ္စခန္း တိုက္ပြဲတြင္ စစ္ေကာင္စီက တိုက္ေလယာဥ္မ်ား အသုံးျပဳၿပီး ပစ္ခတ္တိုက္ခိုက္လ်က္ရွိရာ ဇြန္ ၃၀ ရက္တြင္ တိုက္ေလယာဥ္ ၁ စီး ထိုင္းပိုင္နက္ထဲသို႔ ျဖတ္ေက်ာ္ပ်ံသန္းမႈ ျဖစ္ပြားခဲ့သည္။

ထိုျဖစ္ရပ္ႏွင့္ ပတ္သက္၍ ထိုင္းသတင္းေထာက္မ်ားက ၎အား ေမးျမန္းရာ ဗိုလ္ခ်ဳပ္ေစာနယ္ဒါးျမက “ေလယာဥ္မႉးက ျမန္မာလူမ်ိဳး မဟုတ္ဘူး။ ႐ုရွားလူမ်ိဳး ျဖစ္တယ္။ ဒါေၾကာင့္လည္း နယ္နမိတ္မ်ဥ္းေတြကို သူ မသိတာ” ဟု ျပန္လည္ ေျဖၾကားခဲ့သည္။

ဆက္လက္၍ ၎က “သံလြင္ျမစ္ေဘး ကရင္စစ္သားေတြကို တိုက္ေလယာဥ္သုံးၿပီး တိုက္ခဲ့တုန္းကလိုပါပဲ။ အဲဒီတုန္းကလည္း တိုက္ေလယာဥ္ ၁ စီး Ban Tha Ta Fang (မဲဆာရီယန္ခ႐ိုင္၊ မယ္ေဟာင္ေဆာင္စီရင္စု) ဘက္ ေရာက္ခဲ့တယ္။ အဲဒီတုန္းကလည္း ေလယာဥ္မႉးဟာ ျမန္မာ မဟုတ္ဘူး။

ဘာေၾကာင့္ဆို ျမန္မာေတြဟာ မကြၽမ္းက်င္တဲ့အတြက္ ႐ုရွားဆီက အဲဒီေလယာဥ္ေတြဝယ္ယူၿပီး ႐ုရွားေတြကပဲ ေလ့က်င့္ေပးရတာ ျဖစ္တယ္။ တကယ္ေတာ့ နယ္စပ္ဆိုတာ ေလယာဥ္မပ်ံသန္းရဇုန္ ျဖစ္ရမယ္။ ဒါကို ျမန္မာစစ္တပ္အေနနဲ႔ သတိေပးထားသင့္တယ္” ဟု ေျပာသည္။

ထိုသို႔ ျမန္မာစစ္တပ္၏ တိုက္ေလယာဥ္ က်ဴးေက်ာ္ပ်ံသန္းမႈ ျဖစ္ခဲ့သလို ထိုင္းႏိုင္ငံဘက္သို႔ က်ည္က်ေရာက္ ေပါက္ကြဲမႈေၾကာင့္လည္း ေမာ္ေတာ္ယာဥ္ ၁ စီး ထိမွန္ခဲ့ၿပီး လူ ၁ ဦး ထိခိုက္ခဲ့သလို စာသင္ေက်ာင္းမ်ားလည္း ပိတ္ခဲ့ရသည္။

ယင္းျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီး ထိုင္းအစိုးရ တာဝန္ရွိသူမ်ားက စစ္ေကာင္စီထံ ကန႔္ကြက္ေျပာၾကားခဲ့ၿပီးေနာက္ ျမန္မာစစ္တပ္၏ ေလတပ္အႀကီးအကဲက ေတာင္းပန္စကားဆိုသည့္အျပင္ ယခုကဲ့သို႔ ျဖစ္ရပ္မ်ိဳး ထပ္မံ မျဖစ္ပြားေစရန္လည္း ေျပာဆိုခဲ့ေၾကာင္း Bangkok Post သတင္းဌာနတြင္ ေဖာ္ျပခဲ့သည္။

ထိုသို႔ ျမန္မာစစ္တပ္ဘက္က က်ဴးလြန္ေၾကာင္းဝန္ခံၿပီး ေတာင္းပန္ထားသလို ဒုကၡေရာက္ေစရန္ ရည္႐ြယ္လုပ္ေဆာင္ျခင္း မဟုတ္သည့္အတြက္ ႏွစ္ႏိုင္ငံၾကား ျပႆနာႀကီးႀကီးမား မရွိဘဲ အဆင္ေျပပါေၾကာင္း စသည္ျဖင့္ ထိုင္းဝန္ႀကီးခ်ဳပ္၏ တုံ႔ျပန္ေျပာဆိုခ်က္အေပၚလည္း ထိုင္းျပည္သူမ်ားက စိတ္ပ်က္ေၾကာင္း ၎တို႔၏ လူမႈကြန္ရက္စာမ်က္ႏွာမ်ားတြင္ ေရးသားေျပာဆိုလ်က္ ရွိသည္။

စစ္ေကာင္စီတပ္ႏွင့္ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္ (KNLA)၊ ကရင္အမ်ိဳးသားကာကြယ္ေရးတပ္ (KNDO) ဦးေဆာင္သည့္ မဟာမိတ္တပ္မ်ားၾကား ျဖစ္ပြားေနသည့္ ဥကရစ္ထစခန္းတိုက္ပြဲသည္ ယေန႔ဆိုလွ်င္ ၇ ရက္ေျမာက္ေန႔ ရွိၿပီျဖစ္ၿပီး တိုက္ပြဲမွာ ျပင္းထန္ေနဆဲျဖစ္ကာ ႏွစ္ဖက္ထိခိုက္ ေသဆုံးမႈမ်ား ရွိေနသည္။

Crd

Unicode

ထိုင်းလေပိုင်နက်သို့ ဝင်လာသည့် တိုက်လေယာဉ်မှူးမှာ မြန်မာမဟုတ် ရုရှားလူမျိုးသာဖြစ်ဟု ဗိုလ်ချုပ်စောနယ်ဒါးမြ ပြော

ဧရာဝတီ၊ ဇူလိုင် ၂၊ ၂၀၂၂

ထိုင်းလေပိုက်ထဲသို့ ကျူးကျော်ဝင်လာသည့် မြန်မာလေတပ် တိုက်လေယာဉ် MiG – 29 အား မောင်းသူမှာ မြန်မာလူမျိုးမဟုတ်၊ ရုရှားလူမျိုး ဖြစ်ကြောင်း ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) ဗဟို စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောနယ်ဒါးမြက ပြောဆိုကြောင်း ထိုင်းဘာသာနှင့်ထုတ်သည့် သတင်းများတွင် ဖော်ပြထားသည်။

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက်ရှိ ဥကရစ်ထစစ်စခန်း တိုက်ပွဲတွင် စစ်ကောင်စီက တိုက်လေယာဉ်များ အသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်လျက်ရှိရာ ဇွန် ၃၀ ရက်တွင် တိုက်လေယာဉ် ၁ စီး ထိုင်းပိုင်နက်ထဲသို့ ဖြတ်ကျော်ပျံသန်းမှု ဖြစ်ပွားခဲ့သည်။

ထိုဖြစ်ရပ်နှင့် ပတ်သက်၍ ထိုင်းသတင်းထောက်များက ၎င်းအား မေးမြန်းရာ ဗိုလ်ချုပ်စောနယ်ဒါးမြက “လေယာဉ်မှူးက မြန်မာလူမျိုး မဟုတ်ဘူး။ ရုရှားလူမျိုး ဖြစ်တယ်။ ဒါကြောင့်လည်း နယ်နမိတ်မျဉ်းတွေကို သူ မသိတာ” ဟု ပြန်လည် ဖြေကြားခဲ့သည်။

ဆက်လက်၍ ၎င်းက “သံလွင်မြစ်ဘေး ကရင်စစ်သားတွေကို တိုက်လေယာဉ်သုံးပြီး တိုက်ခဲ့တုန်းကလိုပါပဲ။ အဲဒီတုန်းကလည်း တိုက်လေယာဉ် ၁ စီး Ban Tha Ta Fang (မဲဆာရီယန်ခရိုင်၊ မယ်ဟောင်ဆောင်စီရင်စု) ဘက် ရောက်ခဲ့တယ်။ အဲဒီတုန်းကလည်း လေယာဉ်မှူးဟာ မြန်မာ မဟုတ်ဘူး။

ဘာကြောင့်ဆို မြန်မာတွေဟာ မကျွမ်းကျင်တဲ့အတွက် ရုရှားဆီက အဲဒီလေယာဉ်တွေဝယ်ယူပြီး ရုရှားတွေကပဲ လေ့ကျင့်ပေးရတာ ဖြစ်တယ်။ တကယ်တော့ နယ်စပ်ဆိုတာ လေယာဉ်မပျံသန်းရဇုန် ဖြစ်ရမယ်။ ဒါကို မြန်မာစစ်တပ်အနေနဲ့ သတိပေးထားသင့်တယ်” ဟု ပြောသည်။

ထိုသို့ မြန်မာစစ်တပ်၏ တိုက်လေယာဉ် ကျူးကျော်ပျံသန်းမှု ဖြစ်ခဲ့သလို ထိုင်းနိုင်ငံဘက်သို့ ကျည်ကျရောက် ပေါက်ကွဲမှုကြောင့်လည်း မော်တော်ယာဉ် ၁ စီး ထိမှန်ခဲ့ပြီး လူ ၁ ဦး ထိခိုက်ခဲ့သလို စာသင်ကျောင်းများလည်း ပိတ်ခဲ့ရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ထိုင်းအစိုးရ တာဝန်ရှိသူများက စစ်ကောင်စီထံ ကန့်ကွက်ပြောကြားခဲ့ပြီးနောက် မြန်မာစစ်တပ်၏ လေတပ်အကြီးအကဲက တောင်းပန်စကားဆိုသည့်အပြင် ယခုကဲ့သို့ ဖြစ်ရပ်မျိုး ထပ်မံ မဖြစ်ပွားစေရန်လည်း ပြောဆိုခဲ့ကြောင်း Bangkok Post သတင်းဌာနတွင် ဖော်ပြခဲ့သည်။

ထိုသို့ မြန်မာစစ်တပ်ဘက်က ကျူးလွန်ကြောင်းဝန်ခံပြီး တောင်းပန်ထားသလို ဒုက္ခရောက်စေရန် ရည်ရွယ်လုပ်ဆောင်ခြင်း မဟုတ်သည့်အတွက် နှစ်နိုင်ငံကြား ပြဿနာကြီးကြီးမား မရှိဘဲ အဆင်ပြေပါကြောင်း စသည်ဖြင့် ထိုင်းဝန်ကြီးချုပ်၏ တုံ့ပြန်ပြောဆိုချက်အပေါ်လည်း ထိုင်းပြည်သူများက စိတ်ပျက်ကြောင်း ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားပြောဆိုလျက် ရှိသည်။

စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) ဦးဆောင်သည့် မဟာမိတ်တပ်များကြား ဖြစ်ပွားနေသည့် ဥကရစ်ထစခန်းတိုက်ပွဲသည် ယနေ့ဆိုလျှင် ၇ ရက်မြောက်နေ့ ရှိပြီဖြစ်ပြီး တိုက်ပွဲမှာ ပြင်းထန်နေဆဲဖြစ်ကာ နှစ်ဖက်ထိခိုက် သေဆုံးမှုများ ရှိနေသည်။

Crd

Leave a Reply

Your email address will not be published.