ရန်ကုန် ၊ မန္တလေးနှင့် နေပြည်တော် တက္ကသိုလ်တို့ကို ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များ စာရင်းဝင်အောင် လုပ်ဆောင်မည်ဟု မင်းအောင်လှိုင် ပြောပြန်

News

ရန္ကုန္ ၊ မႏၲေလးႏွင့္ ေနျပည္ေတာ္ တကၠသိုလ္တို႔ကို ကမာၻ႔အေကာင္းဆုံး တကၠသိုလ္မ်ား စာရင္းဝင္ေအာင္ လုပ္ေဆာင္မည္ဟု မင္းေအာင္လႈိင္ ေျပာျပန္

ရန္ကုန္တကၠသိုလ္၊ မႏၲေလးတကၠသိုလ္ႏွင့္ ေနျပည္ ေတာ္ တကၠသိုလ္တို႔ကို ကမာၻ႔အေကာင္းဆုံး တကၠ သိုလ္မ်ား စာရင္းတြင္ ပါဝင္ႏိုင္ေရး ေမွ်ာ္မွန္းလုပ္ေဆာင္ၾကရန္ မင္းေအာင္လႈိင္က တိုက္တြန္း ေျပာၾကားလိုက္သည္။

ဇူလိုင္လ ၁ ရက္ မြန္းလြဲပိုင္းက ေနျပည္ေတာ္ ေကာင္စီနယ္ေျမ၊ ဇဗၺဴသီရိၿမိဳ႕နယ္ရွိ Naypyitaw State Academy(NSA) တည္ေဆာက္ေနမႈ အေျခအေနမ်ားကို သြားေရာက္ၾကည့္ရႈစစ္ေဆးစဥ္ တာဝန္ရွိသူမ်ားကို မွာၾကားခဲ့ျခင္း ျဖစ္သည္။

” ရန္ကုန္တကၠသိုလ္ႏွင့္ မႏၲေလးတကၠသိုလ္နဲ႔ ေနျပည္ ေတာ္ တကၠသိုလ္တို႔သည္ ႏိုင္ငံ၏ ထိပ္တန္းတကၠ သိုလ္မ်ားျဖစ္ေအာင္ ေဆာင္႐ြက္ရန္လိုၿပီး ကမာၻ႔အေကာင္းဆုံး တကၠသိုလ္မ်ား စာရင္းတြင္ပါဝင္ႏိုင္သည္အထိ လုပ္ေဆာင္ေပးႏိုင္ေရး ေမွ်ာ္မွန္းေဆာင္႐ြက္ၾကရန္လိုပါတယ္”ဟု မင္းေအာင္လႈိင္က ေျပာသည္။

ေနျပည္ေတာ္သည္ အစိုးရ႐ုံးစိုက္ရာ ျပည္ေထာင္စုနယ္ေျမ ျဖစ္သည့္အတြက္ ႏိုင္ငံ့ ဝန္ထမ္းမိသားစုမ်ားရွိ မ်ိဳးဆက္သစ္ သားသမီးမ်ား၏ ပညာေရး အဆင့္ျမႇင့္တင္ရာတြင္ အဆင့္ျမင့္ပညာေရးအေဆာက္အဦႏွင့္ သင္ၾကားေရးဌာနမ်ား မျဖစ္မေန လိုအပ္မည္ျဖစ္သည့္အတြက္ တာဝန္ရွိသူအသီးသီးႏွင့္ တိုင္ပင္ေဆြးေႏြး၍ Naypyitaw State Academy စီမံကိန္းကို အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေစခဲ့ျခင္းျဖစ္ေၾကာင္းလည္း ၎က ေျပာသည္။

ယခု ေနျပည္ေတာ္ တကၠသိုလ္ေနရာကို ယခင္ကအားကစား တကၠသိုလ္အျဖစ္ စတင္တည္ေထာင္ခဲ့ျခင္းျဖစ္ၿပီး အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အားက စားတကၠသိုလ္ မဖြင့္ႏိုင္ခဲ့သည့္အတြက္ တကၠသိုလ္အဂၤါရပ္ႏွင့္ ျပည့္စုံေအာင္ အေဆာက္အဦမ်ား ျဖည့္တင္းတည္ေဆာက္ျခင္း ျဖစ္ေၾကာင္း သိရသည္။

ယခု ပညာသင္ႏွစ္မွစ၍ တတိယႏွစ္ႏွင့္ စတုတၳႏွစ္ Day ေက်ာင္းသားမ်ားကို လက္ခံသင္ၾကားေပးႏိုင္ေရး လုပ္ေဆာင္ေနၿပီး ပညာသင္ႏွစ္အလိုက္ ဆင့္ကဲ့ဆင့္ကဲစနစ္ျဖင့္ ပထမႏွစ္၊ ဒုတိယႏွစ္ သင္တန္း သားမ်ားကို ဆက္လက္ခြင့္ျပဳ သင္ၾကားႏိုင္ေရး လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္းလည္း သိရသည္။

သင္ၾကားေရးအတြက္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို ေ႐ြးခ်ယ္ရာတြင္ ေနျပည္ေတာ္ရွိ ဝန္ထမ္းမိသားစုမ်ား၏ သားသမီးမ်ားႏွင့္ ေနျပည္ေတာ္ ၈ ၿမိဳ႕နယ္မွ သတ္မွတ္ အရည္အခ်င္းကိုက္ညီသူမ်ားကို အဓိကထားေ႐ြးခ်ယ္သြားရမည္ဟုလည္း မင္းေအာင္လႈိင္က တာဝန္ရွိသူမ်ားကို မွာၾကားသြားသည္။

ယခုႏွစ္ ေက်ာင္းတက္ေရာက္သူမ်ားအေနျဖင့္ မိမိတို႔၏ေနအိမ္မ်ားမွ ေက်ာင္းတက္ေရာက္ႏိုင္ေရးအတြက္ ဖယ္ရီ ႀကိဳ၊ ပို႔ ေပးႏိုင္ေရး ေဆာင္႐ြက္ေပးမည္ျဖစ္ၿပီး ဝိဇၨာ/သိပၸံဘာသာရပ္မ်ား၊ စီးပြားေရး၊ ဥပေဒ၊ လူမႈေရး၊ အားကစားႏွင့္ ေဆးပညာရပ္မ်ား သင္ၾကားသြားမည္ျဖစ္ေၾကာင္း သိရသည္။

Crd

Unicode

ရန်ကုန် ၊ မန္တလေးနှင့် နေပြည်တော် တက္ကသိုလ်တို့ကို ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များ စာရင်းဝင်အောင် လုပ်ဆောင်မည်ဟု မင်းအောင်လှိုင် ပြောပြန်

ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်နှင့် နေပြည် တော် တက္ကသိုလ်တို့ကို ကမ္ဘာ့အကောင်းဆုံး တက္က သိုလ်များ စာရင်းတွင် ပါဝင်နိုင်ရေး မျှော်မှန်းလုပ်ဆောင်ကြရန် မင်းအောင်လှိုင်က တိုက်တွန်း ပြောကြားလိုက်သည်။

ဇူလိုင်လ ၁ ရက် မွန်းလွဲပိုင်းက နေပြည်တော် ကောင်စီနယ်မြေ၊ ဇဗ္ဗူသီရိမြို့နယ်ရှိ Naypyitaw State Academy(NSA) တည်ဆောက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများကို မှာကြားခဲ့ခြင်း ဖြစ်သည်။

” ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်နဲ့ နေပြည် တော် တက္ကသိုလ်တို့သည် နိုင်ငံ၏ ထိပ်တန်းတက္က သိုလ်များဖြစ်အောင် ဆောင်ရွက်ရန်လိုပြီး ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များ စာရင်းတွင်ပါဝင်နိုင်သည်အထိ လုပ်ဆောင်ပေးနိုင်ရေး မျှော်မှန်းဆောင်ရွက်ကြရန်လိုပါတယ်”ဟု မင်းအောင်လှိုင်က ပြောသည်။

နေပြည်တော်သည် အစိုးရရုံးစိုက်ရာ ပြည်ထောင်စုနယ်မြေ ဖြစ်သည့်အတွက် နိုင်ငံ့ ဝန်ထမ်းမိသားစုများရှိ မျိုးဆက်သစ် သားသမီးများ၏ ပညာရေး အဆင့်မြှင့်တင်ရာတွင် အဆင့်မြင့်ပညာရေးအဆောက်အဦနှင့် သင်ကြားရေးဌာနများ မဖြစ်မနေ လိုအပ်မည်ဖြစ်သည့်အတွက် တာဝန်ရှိသူအသီးသီးနှင့် တိုင်ပင်ဆွေးနွေး၍ Naypyitaw State Academy စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်စေခဲ့ခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

ယခု နေပြည်တော် တက္ကသိုလ်နေရာကို ယခင်ကအားကစား တက္ကသိုလ်အဖြစ် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် အားက စားတက္ကသိုလ် မဖွင့်နိုင်ခဲ့သည့်အတွက် တက္ကသိုလ်အင်္ဂါရပ်နှင့် ပြည့်စုံအောင် အဆောက်အဦများ ဖြည့်တင်းတည်ဆောက်ခြင်း ဖြစ်ကြောင်း သိရသည်။

ယခု ပညာသင်နှစ်မှစ၍ တတိယနှစ်နှင့် စတုတ္ထနှစ် Day ကျောင်းသားများကို လက်ခံသင်ကြားပေးနိုင်ရေး လုပ်ဆောင်နေပြီး ပညာသင်နှစ်အလိုက် ဆင့်ကဲ့ဆင့်ကဲစနစ်ဖြင့် ပထမနှစ်၊ ဒုတိယနှစ် သင်တန်း သားများကို ဆက်လက်ခွင့်ပြု သင်ကြားနိုင်ရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

သင်ကြားရေးအတွက် ကျောင်းသား၊ ကျောင်းသူများကို ရွေးချယ်ရာတွင် နေပြည်တော်ရှိ ဝန်ထမ်းမိသားစုများ၏ သားသမီးများနှင့် နေပြည်တော် ၈ မြို့နယ်မှ သတ်မှတ် အရည်အချင်းကိုက်ညီသူများကို အဓိကထားရွေးချယ်သွားရမည်ဟုလည်း မင်းအောင်လှိုင်က တာဝန်ရှိသူများကို မှာကြားသွားသည်။

ယခုနှစ် ကျောင်းတက်ရောက်သူများအနေဖြင့် မိမိတို့၏နေအိမ်များမှ ကျောင်းတက်ရောက်နိုင်ရေးအတွက် ဖယ်ရီ ကြို၊ ပို့ ပေးနိုင်ရေး ဆောင်ရွက်ပေးမည်ဖြစ်ပြီး ဝိဇ္ဇာ/သိပ္ပံဘာသာရပ်များ၊ စီးပွားရေး၊ ဥပဒေ၊ လူမှုရေး၊ အားကစားနှင့် ဆေးပညာရပ်များ သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

Crd

Leave a Reply

Your email address will not be published.