နိုင်ငံကျော် မသန်စွမ်း အဆိုတော် ပိုင်သက်ကျော်ကို အကြမ်းဖက်စစ်ကောင်စီက CDM ထောက်ပံ့မှုဖြင့် အလုပ်ကြမ်းနှင့် ထောင် ၃ နှစ်ချမှတ်
ရန်ကုန်၊ ဇူလိုင် ၂
နိုင်ငံကျော်အဆိုတော် ပိုင်သက်ကျော်ကို အကြမ်းဖက်စစ်ကောင်စီက CDM ထောက်ပံ့မှုဖြင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ထားကြောင်း ပိုင်သက်ကျော်၏ မိတ် ဆွေက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။




၂၀၂၂ ခုနှစ် မတ်လတွင် မသန်စွမ်း အဆိုတော် ပိုင်သက်ကျော်ကို စစ်ကောင်စီက CDM ထောက်ပံ့မှုဖြင့် ဖမ်းဆီးခဲ့ပြီး ဇွန်လအတွင်းတွင် အင်းစိန်ထောင်အထူး တရားရုံးက အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ ည ဖြင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၃ နှစ်ချမှတ်ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ကိုပိုင်သက်ကျော် ထောင်သုံးနှစ်ကျသွားပါတယ်။ အကြမ်းဖက်ဥပဒေ ၅၀ ည နဲ့ အင်းစိန် ထောင် တရားရုံးက အမိန့်ချထားတာပါ။
ဖမ်းတုန်းက CDM တွေကို ထောက်ပံ့တယ်ဆိုပြီး သူနေတဲ့ လှိုင်သာယာ၊ နဝဒေးအိမ်ရာမှာ ဝင်ဖမ်းသွားတာဗျ၊ CDM တွေကို ထောက်ပံ့တယ်ဆိုပြီး ဖမ်းသွားခဲ့တာ” ဟု ပိုင်သက်ကျော်၏ မိတ်ဆွေတဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။




အဆိုတော် ပိုင်သက်ကျော်ကို ဖမ်းဆီးရန် အကြမ်းဖက်စစ်ကောင်စီ၏ လော်ဘီ ဟန်ငြိမ်းဦးက တယ်လီဂရမ်မှတစ်ဆင့် ဖမ်းဆီးရန် လှုံ့ဆော်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
unicode