“လ” ကို ကြယ်ဖောက်မယ့် ဖြစ်စဉ်အပါအဝင် မကြာမီ ဖြစ်ပေါ်နိုင်တဲ့ ထူးခြားဆန်းပြားဖြစ်စဉ်

News

“လ” ကို ကြယ်ဖောက်မယ့် ဖြစ်စဉ်အပါအဝင် မကြာမီ ဖြစ်ပေါ်နိုင်တဲ့ ထူးခြားဆန်းပြားဖြစ်စဉ်

လ ကို ကြယ်ဖောက်မယ့် ဖြစ်စဉ်အပါအဝင် ၂၀၂၂ ဇွန်လအတွက် မကြာမီ လာတော့မယ့် ထူးခြားဆန်းပြား အာကာသဖြစ်စဉ်များ…

(၂၀၂၂ ဇူလိုင်လအတွက် အာကာသဖြစ်စဉ်များ) ၂၀၂၂ ခု ဇူလိုင်လ အတွင်းမှာတော့ စူပါမွန်းလပြည့်၊ လကို

အင်္ဂါဂြိုဟ်ဖောက်ခြင်း၊ ကြယ်ကြွေခြင်း အစရှိတဲ့ အာကာသဖြစ်စဉ်တွေ စောင့်ကြိုလို့နေပါတယ်။

သို့သော်လည်း မိုးတွင်းကာလ ကျရောက်နေတဲ့အတွက် မိုးသားတိမ်တိုက်တွေရဲ့ ဖုံးကွယ်မှုများကြောင့်

ရှင်းလင်းပြတ်သားစွာ မြင်ရဖို့တော့ ခက်ပါလိမ့်မည်။

ဇူလိုင်လ (၄) ရက်နေ့ဟာ ကမ္ဘာနဲ့ နေတို့ အဝေးဆုံး အနေအထားမှာ ကျရောက်မည့်အချိန်ဖြစ်ပါတယ်။

အင်္ဂလိပ်လို Aphelion လို့ခေါ်ပါတယ်။ ကမ္ဘာ နဲ့ နေ (ကြယ်) ဟာ ပျမ်းမျှ အားဖြင့်

မိုင်ပေါင်း ၉၃ သန်း (ကီလိုမီတာ သန်း ၁၅၀) ကွာဝေးပါတယ်။

ထိုအကွာအဝေးကို စံထားပြီး အာကာသယူနစ် (သို့) နက္ခတ္တယူနစ် (AU) လို့ သတ်မှတ်ပါတယ်။

တနည်းအားဖြင့် ၁ အာကာသယူနစ် (AU) မှာ ကီလိုမီတာ သန်း ၁၅၀ ရှိတယ်လို့ ဆိုနိုင်ပါတယ်။

ဇူလိုင်လ (၄) ရက်နေ့မှာတော့ နေ နှင့် ကမ္ဘာဟာ ၁.၀၆၇ AU အကွာအဝေးမှာ ရောက်ရှိနေကြမှာဖြစ်ပါတယ်။

ဝါဆိုလပြည့်နေ့ဟာ ပြက္ခဒိန်မှာ ဇူလိုင် (၁၂) ရက် ဆိုပေမဲ့ အမှန်တကယ် ဓနုရာသီအတွင်း

လပြည့်မည့် အချိန်ကတော့ ဇူလိုင်လ (၁၄) ရက်ဖြစ်ပါတယ်။ ဇူလိုင် ၁၃ ရက်မှာ လဟာ သူ့ပတ်လမ်းမှာ

ကမ္ဘာနှင့် အနီးဆုံးအကွာအဝေးဖြစ်တဲ့ မိုင်ပေါင်း ၂၂၁,၈၀၀ အကွာအဝေးသို့ ရောက်ရှိလာမှာဖြစ်ပြီး

ပျမ်းမျှအကွာအဝေးဖြစ်တဲ့ မိုင်ပေါင်း ၂၃၈,၀၀၀ ထက် မိုင် ၁သောင်းကျော် ပိုမိုနီးကပ်လာမှာဖြစ်ပါတယ်။

ပိုနီးလာတဲ့လကို ခပ်ကြီးကြီးလေး ပိုမြင်ရပါတယ်။ ဒါကို စူပါမွန်း လို့ သတ်မှတ်ခေါ်ဆိုကြတာ ဖြစ်ပါတယ်။

ထူးခြားဖြစ်စဉ် တစ်ခုကတော့ အင်္ဂါဂြိုဟ် (မားစ်) ကို လ မှ ဖုံးကွယ်ခြင်း (တနည်း) လကို ဂြိုဟ်ဖောက်ခြင်း ဖြစ်ပါတယ်။

ယမန်နှစ် မြန်မာနှစ်ဆန်း (၁) ရက်နေ့ကလည်း ဖြစ်ပေါ်ခဲ့ပြီး မြန်မာနိုင်ငံမှ အရိပ်ဖုံးကွယ်မှုကို မြင်တွေ့ခဲ့ကြပါတယ်။

ယခု ၂၀၂၂ ဇူလိုင်လ ၂၁ ရက်မှာ ဖြစ်ပေါ်မည့် လဖုံးကွယ်ခြင်းကိုတော့ ရုရှားနိုင်ငံ အရှေ့ပိုင်း နဲ့

အမေရိက အနောက်ဘက်ခြမ်းတို့မှာ အဓိက မြင်တွေ့ရမှာပါ။ (မြေပုံ)။

အင်္ဂါဂြိုဟ်ဟာ အနီရောင် အဆင်းရှိပြီး စစ်နတ်ဘုရား မားစ်ကို ကိုယ်စားပြုပါတယ်။

ဇူလိုင်လ ၂၉ ရက်ဟာ လကွယ်ရက်ဖြစ်ပြီး ၂၉- ၃၀ ညတွေမှာ ညကောင်းကင် ကြည်လင်ပါက

ကြယ်ကြွေခြင်းဖြစ်စဉ် အချို့ကို ည သန်းခေါင် (၁၂ နာရီနောက်ပိုင်း) မြင်တွေ့ရနိုင်ပါတယ်။

မြင်တွေ့ကြည့်ရှုနိုင်မည့် နေရာ အချိန်တို့ကို ရက်နီးတဲ့အခါ ကြိုးစားတင်ဆက်သွားမှာဖြစ်လို့

အာကာသနှင့်စကြဝဠာ သင်ထောက်ကူစာမျက်နှာကို အားပေးကြည့်ရှုဖို့ တိုက်တွန်းရေးသားလိုက်ပါတယ်

အနာဂတ်ပညာရေးအတွက် သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)

Credit

“လ” ကို ၾကယ္ေဖာက္မယ့္ ျဖစ္စဥ္အပါအဝင္ မၾကာမီ ျဖစ္ေပၚႏိုင္တဲ့ ထူးျခားဆန္းျပားျဖစ္စဥ္

လ ကို ၾကယ္ေဖာက္မယ့္ ျဖစ္စဥ္အပါအဝင္ ၂၀၂၂ ဇြန္လအတြက္ မၾကာမီ လာေတာ့မယ့္ ထူးျခားဆန္းျပား အာကာသျဖစ္စဥ္မ်ား…

(၂၀၂၂ ဇူလိုင္လအတြက္ အာကာသျဖစ္စဥ္မ်ား) ၂၀၂၂ ခု ဇူလိုင္လ အတြင္းမွာေတာ့ စူပါမြန္းလျပည့္၊ လကို

အဂၤါၿဂိဳဟ္ေဖာက္ျခင္း၊ ၾကယ္ေႂကြျခင္း အစရွိတဲ့ အာကာသျဖစ္စဥ္ေတြ ေစာင့္ႀကိဳလို႔ေနပါတယ္။

သို႔ေသာ္လည္း မိုးတြင္းကာလ က်ေရာက္ေနတဲ့အတြက္ မိုးသားတိမ္တိုက္ေတြရဲ႕ ဖုံးကြယ္မႈမ်ားေၾကာင့္

ရွင္းလင္းျပတ္သားစြာ ျမင္ရဖို႔ေတာ့ ခက္ပါလိမ့္မည္။

ဇူလိုင္လ (၄) ရက္ေန႔ဟာ ကမာၻနဲ႔ ေနတို႔ အေဝးဆုံး အေနအထားမွာ က်ေရာက္မည့္အခ်ိန္ျဖစ္ပါတယ္။

အဂၤလိပ္လို Aphelion လို႔ေခၚပါတယ္။ ကမာၻ နဲ႔ ေန (ၾကယ္) ဟာ ပ်မ္းမွ် အားျဖင့္

မိုင္ေပါင္း ၉၃ သန္း (ကီလိုမီတာ သန္း ၁၅၀) ကြာေဝးပါတယ္။

ထိုအကြာအေဝးကို စံထားၿပီး အာကာသယူနစ္ (သို႔) နကၡတၱယူနစ္ (AU) လို႔ သတ္မွတ္ပါတယ္။

တနည္းအားျဖင့္ ၁ အာကာသယူနစ္ (AU) မွာ ကီလိုမီတာ သန္း ၁၅၀ ရွိတယ္လို႔ ဆိုႏိုင္ပါတယ္။

ဇူလိုင္လ (၄) ရက္ေန႔မွာေတာ့ ေန ႏွင့္ ကမာၻဟာ ၁.၀၆၇ AU အကြာအေဝးမွာ ေရာက္ရွိေနၾကမွာျဖစ္ပါတယ္။

ဝါဆိုလျပည့္ေန႔ဟာ ျပကၡဒိန္မွာ ဇူလိုင္ (၁၂) ရက္ ဆိုေပမဲ့ အမွန္တကယ္ ဓႏုရာသီအတြင္း

လျပည့္မည့္ အခ်ိန္ကေတာ့ ဇူလိုင္လ (၁၄) ရက္ျဖစ္ပါတယ္။ ဇူလိုင္ ၁၃ ရက္မွာ လဟာ သူ႔ပတ္လမ္းမွာ

ကမာၻႏွင့္ အနီးဆုံးအကြာအေဝးျဖစ္တဲ့ မိုင္ေပါင္း ၂၂၁,၈၀၀ အကြာအေဝးသို႔ ေရာက္ရွိလာမွာျဖစ္ၿပီး

ပ်မ္းမွ်အကြာအေဝးျဖစ္တဲ့ မိုင္ေပါင္း ၂၃၈,၀၀၀ ထက္ မိုင္ ၁ေသာင္းေက်ာ္ ပိုမိုနီးကပ္လာမွာျဖစ္ပါတယ္။

ပိုနီးလာတဲ့လကို ခပ္ႀကီးႀကီးေလး ပိုျမင္ရပါတယ္။ ဒါကို စူပါမြန္း လို႔ သတ္မွတ္ေခၚဆိုၾကတာ ျဖစ္ပါတယ္။

ထူးျခားျဖစ္စဥ္ တစ္ခုကေတာ့ အဂၤါၿဂိဳဟ္ (မားစ္) ကို လ မွ ဖုံးကြယ္ျခင္း (တနည္း) လကို ၿဂိဳဟ္ေဖာက္ျခင္း ျဖစ္ပါတယ္။

ယမန္ႏွစ္ ျမန္မာႏွစ္ဆန္း (၁) ရက္ေန႔ကလည္း ျဖစ္ေပၚခဲ့ၿပီး ျမန္မာႏိုင္ငံမွ အရိပ္ဖုံးကြယ္မႈကို ျမင္ေတြ႕ခဲ့ၾကပါတယ္။

ယခု ၂၀၂၂ ဇူလိုင္လ ၂၁ ရက္မွာ ျဖစ္ေပၚမည့္ လဖုံးကြယ္ျခင္းကိုေတာ့ ႐ုရွားႏိုင္ငံ အေရွ႕ပိုင္း နဲ႔

အေမရိက အေနာက္ဘက္ျခမ္းတို႔မွာ အဓိက ျမင္ေတြ႕ရမွာပါ။ (ေျမပုံ)။

အဂၤါၿဂိဳဟ္ဟာ အနီေရာင္ အဆင္းရွိၿပီး စစ္နတ္ဘုရား မားစ္ကို ကိုယ္စားျပဳပါတယ္။

ဇူလိုင္လ ၂၉ ရက္ဟာ လကြယ္ရက္ျဖစ္ၿပီး ၂၉- ၃၀ ညေတြမွာ ညေကာင္းကင္ ၾကည္လင္ပါက

ၾကယ္ေႂကြျခင္းျဖစ္စဥ္ အခ်ိဳ႕ကို ည သန္းေခါင္ (၁၂ နာရီေနာက္ပိုင္း) ျမင္ေတြ႕ရႏိုင္ပါတယ္။

ျမင္ေတြ႕ၾကည့္ရႈႏိုင္မည့္ ေနရာ အခ်ိန္တို႔ကို ရက္နီးတဲ့အခါ ႀကိဳးစားတင္ဆက္သြားမွာျဖစ္လို႔

အာကာသႏွင့္စၾကဝဠာ သင္ေထာက္ကူစာမ်က္ႏွာကို အားေပးၾကည့္ရႈဖို႔ တိုက္တြန္းေရးသားလိုက္ပါတယ္

အနာဂတ္ပညာေရးအတြက္ သန႔္ဦး (အာကာသႏွင့္ စၾကဝဠာ သင္ေထာက္ကူ)

Credit

Leave a Reply

Your email address will not be published.