ရပ်တည်ဖို့ခက်ခဲတာကြောင့် တရားဝင်ဖျက်သိမ်းလိုက်ရပြီဖြစ်တဲ့ PDF အဖွဲ့

News

႐ြာငံ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕(YPDF)ကို တရားဝင္ ဖ်က္သိမ္းလိုက္ေၾကာင္း ျပည္သူမ်ားထံ အသိေပး

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ စစ္ေကာင္စီတပ္ကို ေတာ္လွန္ေနသည့္ ႐ြာငံၿမိဳ႕နယ္အေျခစိုက္ ႐ြာငံျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ Ywangan People’s Defense Force -YPDF အေနျဖင့္ အဖြဲ႕ကို တရားဝင္ဖ်က္သိမ္းလိုက္ေၾကာင္း ယမန္ေန႔ ဇြန္ ၃၀ ရက္ညပိုင္းက ထုတ္ျပန္ခဲ့သည္။

႐ြာငံ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕(YPDF)အေနျဖင့္ အခက္အခဲအမ်ိဳးမ်ိဳးေၾကာင့္ ဆက္လက္ရပ္တည္ႏိုင္ျခင္း မရွိေတာ့သည့္အတြက္ေၾကာင့္ ယခုလို ဖ်က္သိမ္းလိုက္ရျခင္းျဖစ္ေၾကာင္း၊ YPDF အဖြဲ႕ကို ဖ်က္သိမ္းလိုက္ေသာ္လည္း တပ္ဖြဲ႕ဝင္မ်ားမွာ ေတာ္လွန္ေရးတြင္ ပုံစံအမ်ိဳးမ်ိဳးျဖင့္ ဆက္လက္ပါဝင္ေနမည္ျဖစ္ေၾကာင္း YPDF တပ္ဖြဲ႕ဝင္တစ္ဦးက ဆိုသည္။

”ေဒသမွာ ဆက္လက္ ရပ္တည္ဖို႔က ဘယ္လိုမွ အဆင္မေျပေတာ့လို႔ပါ၊ လက္နက္ခဲယမ္း အင္မတန္လိုအပ္တဲ့အျပင္ ရဲေဘာ္ေတြရဲ႕ ေနစရာ၊ စားစရာအစစအရာရာ ခက္ခဲတဲ့အတြက္ ဆက္လႈပ္ရွားလို႔ မရေတာ့ဘူး။ ဒီအဖြဲ႕ကို ဖ်က္သိမ္းလိုက္ရလို႔လည္း ေတာ္ေတာ္ေလးကို စိတ္မေကာင္းျဖစ္ရပါတယ္။ ကြၽန္ေတာ္တို႔ အသက္ရွင္သန္ေနသေ႐ြ႕ေတာ့ ေတာ္လွန္ေရးမွာ ပုံစံအမ်ိဳးမ်ိဳးနဲ႔ပါဝင္သြားမွာပါ” ဟု YPDF တပ္ဖြဲ႕ဝင္တစ္ဦးက ေျပာသည္။

႐ြာငံ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ Ywangan People’s Defense Force -YPDF ကို ၂၀၂၁ခုႏွစ္ ဒီဇင္ဘာလ ၂၅ ရက္ေန႔က စတင္ဖြဲ႕စည္းခဲ့ၿပီး ေဒသတြင္း မဟာမိတ္အဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္းၿပီး ႐ြာငံႏွင့္ ပင္းတယၿမိဳ႕နယ္တို႔တြင္ တိုက္ခိုက္မႈေပါင္း ၂၀ ေက်ာ္ လုပ္ေဆာင္ခဲ့ကာ ဓႏု ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသအတြင္းရွိ အၾကမ္းဖက္စစ္ေကာင္စီ သတင္းေပး ဒလန္၊ ပ်ဴေစာထီးေခါင္းေဆာင္မ်ားကိုလည္း ရွင္းလင္းခဲ့ေသးသည္။

PDF မ်ားသာမက ျပည္သူမ်ားပါ အစစအရာရာ ခက္ခဲက်ပ္တည္းေနေသာ အခ်ိန္ျဖစ္ေနေသာေၾကာင့္ အေျခအေနအရ မိမိတို႔လုပ္ငန္းစဥ္မ်ားကို ဆက္လက္လုပ္ေဆာင္ႏိုင္ျခင္း မရွိေသးသည့္ အတြက္ေၾကာင့္ YPDF မ်ားအေနျဖင့္ ႐ြာငံေဒသကို စြန႔္ခြာၿပီး စုဖြဲ႕မႈအသစ္ျဖင့္ ျပန္လာမည္ျဖစ္ေၾကာင္း ၿပီးခဲ့သည့္ ဇြန္လ ၉ ရက္ေန႔က ထုတ္ျပန္ထားေသာ္လည္း ယခုဇြန္လ ၃၀ ရက္ေန႔ကစၿပီး YPDFကို တရားဝင္ဖ်က္သိမ္းေၾကာင္း ေၾကညာျခင္းျဖစ္သည္။

ၿပီးခဲ့သည့္ ဧၿပီလ ၁၅ ရက္က ႐ြာငံၿမိဳ႕နယ္ တဲ့လု႐ြာႏွင့္ ေတာင္ဦးေက်း႐ြာအၾကားတြင္ အၾကမ္းဖက္စစ္ေကာင္စီႏွင့္ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး ႐ြာငံျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕(YPDF)မွ ရဲေဘာ္ ငါးဦးက်ဆုံးခဲ့ကာ စခန္းမ်ား၊ လက္နက္မ်ား ဆုံးရႈံးခဲ့ေၾကာင္းလည္း သိရသည္။

mizzima

Crd

Unicode

ရွာငံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPDF)ကို တရားဝင် ဖျက်သိမ်းလိုက်ကြောင်း ပြည်သူများထံ အသိပေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စစ်ကောင်စီတပ်ကို တော်လှန်နေသည့် ရွာငံမြို့နယ်အခြေစိုက် ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Ywangan People’s Defense Force -YPDF အနေဖြင့် အဖွဲ့ကို တရားဝင်ဖျက်သိမ်းလိုက်ကြောင်း ယမန်နေ့ ဇွန် ၃၀ ရက်ညပိုင်းက ထုတ်ပြန်ခဲ့သည်။

ရွာငံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPDF)အနေဖြင့် အခက်အခဲအမျိုးမျိုးကြောင့် ဆက်လက်ရပ်တည်နိုင်ခြင်း မရှိတော့သည့်အတွက်ကြောင့် ယခုလို ဖျက်သိမ်းလိုက်ရခြင်းဖြစ်ကြောင်း၊ YPDF အဖွဲ့ကို ဖျက်သိမ်းလိုက်သော်လည်း တပ်ဖွဲ့ဝင်များမှာ တော်လှန်ရေးတွင် ပုံစံအမျိုးမျိုးဖြင့် ဆက်လက်ပါဝင်နေမည်ဖြစ်ကြောင်း YPDF တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

”ဒေသမှာ ဆက်လက် ရပ်တည်ဖို့က ဘယ်လိုမှ အဆင်မပြေတော့လို့ပါ၊ လက်နက်ခဲယမ်း အင်မတန်လိုအပ်တဲ့အပြင် ရဲဘော်တွေရဲ့ နေစရာ၊ စားစရာအစစအရာရာ ခက်ခဲတဲ့အတွက် ဆက်လှုပ်ရှားလို့ မရတော့ဘူး။ ဒီအဖွဲ့ကို ဖျက်သိမ်းလိုက်ရလို့လည်း တော်တော်လေးကို စိတ်မကောင်းဖြစ်ရပါတယ်။ ကျွန်တော်တို့ အသက်ရှင်သန်နေသရွေ့တော့ တော်လှန်ရေးမှာ ပုံစံအမျိုးမျိုးနဲ့ပါဝင်သွားမှာပါ” ဟု YPDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ရွာငံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Ywangan People’s Defense Force -YPDF ကို ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ပြီး ဒေသတွင်း မဟာမိတ်အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ရွာငံနှင့် ပင်းတယမြို့နယ်တို့တွင် တိုက်ခိုက်မှုပေါင်း ၂၀ ကျော် လုပ်ဆောင်ခဲ့ကာ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ သတင်းပေး ဒလန်၊ ပျူစောထီးခေါင်းဆောင်များကိုလည်း ရှင်းလင်းခဲ့သေးသည်။

PDF များသာမက ပြည်သူများပါ အစစအရာရာ ခက်ခဲကျပ်တည်းနေသော အချိန်ဖြစ်နေသောကြောင့် အခြေအနေအရ မိမိတို့လုပ်ငန်းစဉ်များကို ဆက်လက်လုပ်ဆောင်နိုင်ခြင်း မရှိသေးသည့် အတွက်ကြောင့် YPDF များအနေဖြင့် ရွာငံဒေသကို စွန့်ခွာပြီး စုဖွဲ့မှုအသစ်ဖြင့် ပြန်လာမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့က ထုတ်ပြန်ထားသော်လည်း ယခုဇွန်လ ၃၀ ရက်နေ့ကစပြီး YPDFကို တရားဝင်ဖျက်သိမ်းကြောင်း ကြေညာခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလ ၁၅ ရက်က ရွာငံမြို့နယ် တဲ့လုရွာနှင့် တောင်ဦးကျေးရွာအကြားတွင် အကြမ်းဖက်စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPDF)မှ ရဲဘော် ငါးဦးကျဆုံးခဲ့ကာ စခန်းများ၊ လက်နက်များ ဆုံးရှုံးခဲ့ကြောင်းလည်း သိရသည်။

mizzima

Crd

Leave a Reply

Your email address will not be published.