တမူးPDFတပ်ရင်း-၁ ရဲဘော်ဇေယျာလင်းထွဋ်ဦး(ခ)စောက်ချောကြီးသို့အမှတ်တရ

News

တမူးPDFတပ်ရင်း-၁ ရဲဘော်ဇေယျာလင်းထွဋ်ဦး(ခ)စောက်ချောကြီးသို့အမှတ်တရ

ေစာက္ေခ်ာႀကီး |

မင္းထြက္သြားတာ ေျခာက္လျပည့္ေတာ့မယ္တစ္ခါမွလည္း အဆက္သြယ္မလုပ္ဘူးဒါေပမယ့္ မေန႔ညက မင္းျပန္လာတယ္။

မင္းက အရင္လိုပဲ မင္းေစာက္က်င့္အတိုင္း ဘယ္သူ႔ကိုမွ ဝင္ခြင့္လည္းေတာင္းမေနဘူး

“သားရီး ငါေစာက္ေခ်ာႀကီး ျပန္လာၿပီ”တဲ့ ငါ့မွာသာ တအံ့တဩျဖစ္လို႔။

အရင္လိုပါပဲ”ဘာဟင္းရွိလဲ သားရီး””ဘာဟင္းျဖစ္ျဖစ္ တီးၿပီကြာ”တဲ့မီးဖိုေခ်ာင္ထဲဝင္ၿပီး ခူးခပ္စားေနလိုက္တာ ပလုပ္ပေလာင္းေပါ့

“မင္း ထမင္းစားသစၥာ ဆိုဦးေလကြာ” ဆိုေတာ့ ထုံးစံအတိုင္း “ငါ စိတ္ထဲကဆိုလိုက္တာ မင္းမၾကားလိုက္ဘူးမို႔လား”တဲ့ ငါ တကယ္အံ့ဩေနတယ္။

ထမင္းစားၿပီးေတာ့လည္း မင္းကအရင္လိုပဲ”သားရီး ေဆးလိပ္တစ္လိပ္ေလာက္”တဲ့ငါေသာက္ေနက် ေ႐ႊဥေဒါင္းတစ္လိပ္ထုတ္ေပးေတာ့

စပ္ၿဖီးၿဖီး မ်က္ႏွာေပးနဲ႔ “အျဖဴေလး ဘာေလးမရွိဘူးလားကြာ မင့္ဖက္ၾကမ္းႀကီးက လက္က်ဲလိုက္တာ”တဲ့
ဒါ မင္းေျပာေနက်စကားပဲေလ။

ေနာက္ေတာ့ မင္းက တဲတိုင္ေလးကိုမွီရင္း ၿငိမ္ေနတယ္

ေဆးေပါ့လိပ္ကို ခပ္မွ်င္းမွ်င္းေလးရႈိက္ဖြာရင္း အေဝးတစ္ေနရာကို ေငးေနတယ္

ငါက မင္းကို ျပန္ေငးရင္း ေတြးေနတယ္မင္း တကယ္ျပန္လာတာလားေစာက္ေခ်ာႀကီး။

မင္းက အေဝးကို ေငးရင္းနဲ႔ပဲ “ငါ့အေဖနဲ႔အေမဆီ ဖုန္းမဆက္ရတာၾကာၿပီကြာ”တဲ့တမ္းတမ္းတတ ေျပာေနတယ္

ၿပီးေတာ့”ငါ့ရဲ႕ ဆယ့္တစ္ရက္တာသတို႔သမီးေလးေရာ ေနေကာင္းရဲ႕လား သားရီး”တဲ့ေဆြးေဆြးေျမ့ေျမ့ေျပာလိုက္တဲ့ မင္းရဲ႕စကားေတြ

ငါ…ငါ…ဆက္မၾကားရဲေတာ့ဘူး ေစာက္ေခ်ာႀကီး။

မင္းကေတာ့ ဘာမွမျဖစ္ခဲ့သလိုမုန္တိုင္းထန္အၿပီး ေျဖးေျဖးညႇင္သာ တိုက္ခတ္ေနတဲ့ေလေျပညႇင္းေလးလို…

ေခ်ာက္အိပ္မက္က လန႔္ႏိုးလာတဲ့ အျပစ္ကင္းစင္ကေလးေလးတစ္ေယာက္လို…

မိုးစဲၿပီးစ အိမ္တံစက္ၿမိတ္က ေရေပါက္ကေလး တစ္ေပါက္ ျပဳတ္က်သြားသလို…။

ငါ့မွာသာအိပ္မက္က လန႔္ႏိုးရင္း…မင္း တကယ္ အိမ္ျပန္မလာႏိုင္ေတာ့ဘူးဆိုတာ ေတြးရင္း…

ေကာင္းကင္က ေႂကြသြားတဲ့ ၾကယ္ပြင့္ေလးေတြကို ေငးရင္း…မင္းလိုပဲအလင္းကိုလိုခ်င္လို႔ ခရီးထြက္သြားတဲ့ ၾကယ္ေလးေတြ

တစ္ေန႔ အိမ္ျပန္ေရာက္ႏိုင္ၾကပါေစ ေစာက္ေခ်ာႀကီးေရ။

(မဂၤလာေဆာင္ၿပီး သတို႔သမီးေလးနဲ႔ ၁၁ ရက္သာ ေပါင္းသင္းလိုက္ရၿပီးေရွ႕တန္းမွာက်ဆုံးသြားခဲ့တဲ့

တမူးPDFတပ္ရင္း-၁ ရဲေဘာ္ေဇယ်ာလင္းထြဋ္ဦး(ခ)ေစာက္ေခ်ာႀကီးသို႔အမွတ္တရ)

#ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္

တပ္ရင္း-၁၊တမူးၿမိဳ႕

Credit : Min Tun

တမူးPDFတပ်ရင်း-၁ ရဲဘော်ဇေယျာလင်းထွဋ်ဦး(ခ)စောက်ချောကြီးသို့အမှတ်တရ

စောက်ချောကြီး |

မင်းထွက်သွားတာ ခြောက်လပြည့်တော့မယ်တစ်ခါမှလည်း အဆက်သွယ်မလုပ်ဘူးဒါပေမယ့် မနေ့ညက မင်းပြန်လာတယ်။

မင်းက အရင်လိုပဲ မင်းစောက်ကျင့်အတိုင်း ဘယ်သူ့ကိုမှ ဝင်ခွင့်လည်းတောင်းမနေဘူး

“သားရီး ငါစောက်ချောကြီး ပြန်လာပြီ”တဲ့ ငါ့မှာသာ တအံ့တဩဖြစ်လို့။

အရင်လိုပါပဲ”ဘာဟင်းရှိလဲ သားရီး””ဘာဟင်းဖြစ်ဖြစ် တီးပြီကွာ”တဲ့မီးဖိုချောင်ထဲဝင်ပြီး ခူးခပ်စားနေလိုက်တာ ပလုပ်ပလောင်းပေါ့

“မင်း ထမင်းစားသစ္စာ ဆိုဦးလေကွာ” ဆိုတော့ ထုံးစံအတိုင်း “ငါ စိတ်ထဲကဆိုလိုက်တာ မင်းမကြားလိုက်ဘူးမို့လား”တဲ့ ငါ တကယ်အံ့ဩနေတယ်။

ထမင်းစားပြီးတော့လည်း မင်းကအရင်လိုပဲ”သားရီး ဆေးလိပ်တစ်လိပ်လောက်”တဲ့ငါသောက်နေကျ ရွှေဥဒေါင်းတစ်လိပ်ထုတ်ပေးတော့

စပ်ဖြီးဖြီး မျက်နှာပေးနဲ့ “အဖြူလေး ဘာလေးမရှိဘူးလားကွာ မင့်ဖက်ကြမ်းကြီးက လက်ကျဲလိုက်တာ”တဲ့
ဒါ မင်းပြောနေကျစကားပဲလေ။

နောက်တော့ မင်းက တဲတိုင်လေးကိုမှီရင်း ငြိမ်နေတယ်

ဆေးပေါ့လိပ်ကို ခပ်မျှင်းမျှင်းလေးရှိုက်ဖွာရင်း အဝေးတစ်နေရာကို ငေးနေတယ်

ငါက မင်းကို ပြန်ငေးရင်း တွေးနေတယ်မင်း တကယ်ပြန်လာတာလားစောက်ချောကြီး။

မင်းက အဝေးကို ငေးရင်းနဲ့ပဲ “ငါ့အဖေနဲ့အမေဆီ ဖုန်းမဆက်ရတာကြာပြီကွာ”တဲ့တမ်းတမ်းတတ ပြောနေတယ်

ပြီးတော့”ငါ့ရဲ့ ဆယ့်တစ်ရက်တာသတို့သမီးလေးရော နေကောင်းရဲ့လား သားရီး”တဲ့ဆွေးဆွေးမြေ့မြေ့ပြောလိုက်တဲ့ မင်းရဲ့စကားတွေ

ငါ…ငါ…ဆက်မကြားရဲတော့ဘူး စောက်ချောကြီး။

မင်းကတော့ ဘာမှမဖြစ်ခဲ့သလိုမုန်တိုင်းထန်အပြီး ဖြေးဖြေးညှင်သာ တိုက်ခတ်နေတဲ့လေပြေညှင်းလေးလို…

ချောက်အိပ်မက်က လန့်နိုးလာတဲ့ အပြစ်ကင်းစင်ကလေးလေးတစ်ယောက်လို…

မိုးစဲပြီးစ အိမ်တံစက်မြိတ်က ရေပေါက်ကလေး တစ်ပေါက် ပြုတ်ကျသွားသလို…။

ငါ့မှာသာအိပ်မက်က လန့်နိုးရင်း…မင်း တကယ် အိမ်ပြန်မလာနိုင်တော့ဘူးဆိုတာ တွေးရင်း…

ကောင်းကင်က ကြွေသွားတဲ့ ကြယ်ပွင့်လေးတွေကို ငေးရင်း…မင်းလိုပဲအလင်းကိုလိုချင်လို့ ခရီးထွက်သွားတဲ့ ကြယ်လေးတွေ

တစ်နေ့ အိမ်ပြန်ရောက်နိုင်ကြပါစေ စောက်ချောကြီးရေ။

(မင်္ဂလာဆောင်ပြီး သတို့သမီးလေးနဲ့ ၁၁ ရက်သာ ပေါင်းသင်းလိုက်ရပြီးရှေ့တန်းမှာကျဆုံးသွားခဲ့တဲ့

တမူးPDFတပ်ရင်း-၁ ရဲဘော်ဇေယျာလင်းထွဋ်ဦး(ခ)စောက်ချောကြီးသို့အမှတ်တရ)

#ပြည်သူ့ကာကွယ်ရေးတပ်မတော်

တပ်ရင်း-၁၊တမူးမြို့

Credit : Min Tun

Leave a Reply

Your email address will not be published.