တာဝန်ကျေတာထက်ပိုတဲ့ ကျဆုံးရဲဘော်လေးအတွက် စိတ်မကောင်းဖြစ်နေတဲ့ အဆိုတော် မူးလာ

News

Unicode

တာဝန်ကျေတာထက်ပိုတဲ့ ကျဆုံးရဲဘော်လေးအတွက် စိတ်မကောင်းဖြစ်နေတဲ့ အဆိုတော် မူးလာ

ကရင်တိုင်းရင်းသားလေးတစ်ဦးဖြစ်တဲ့ စောခရစ် မူးလားကတော့ ဆံပင်ရှည်ရှည်လေးနဲ့ ပရိသတ်တွေရဲ့ အသည်းစွဲအဆိုတော် တစ်ဦးဖြစ်ပါတယ်။Myanmar Idol သီချင်းဆိုပြိုင်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်ရင်း

လူသိများနာမည်ကြီးလာခဲ့တဲ့ မူးလာ ဟာ သူ့ရဲ့ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှု့ကို တစ်ခဲနက်ရရှိထားသူလေးလဲ ဖြစ်ပါတယ်။ မူးလာ ဟာ ရော့ခ်ဂီတကိုချစ်မြတ်နိုးပြီး ရော့ခ်သီချင်းတွေကို စွဲစွဲမြဲမြဲသီဆိုနိုင်တဲ့

ဂီတအနုပညာကိုချစ်မြတ်နိုးသူတစ်ဦးဖြစ်ပါတယ်။လက်ရှိမှာ မူးလာ ကတော့ မိသားစုနဲ့ဝေးရာ လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီး ကျရာတာဝန်တွေကိုထမ်းဆောင်နေပါတယ်နော်။

ဒီကနေ့မှာတော့ တိုက်ပွဲအတွင်းကျဆုံးသွားတဲ့ ပြည်သူ့ရဲဘော်လေးအတွက် စိတ်မကောင်းဖြစ်နေတဲ့ အကြောင်းကို အခုလိုပဲ ရေးသားလာခဲ့ပါတယ်။” ဟာကွာ……… Idol တယောက်လို့ ပြောပြီး သီချင်းတွေဆိုပြခိုင်းနေကြ

ဆိုပြဦးမယ်လေကွာ….. တာဝန်ကျေတာထက်ကိုပိုပါတယ်ကွာ သမိုင်းမှာ တို့ လူငယ်တွေ ပေးဆပ်မှုက ထင်ကျန်ရစ်နေမှာပါ ရပ်ကြည့်နိုင်သူတွေ ကြည့်ကြပေါ့အသက်နဲ့ရင်းတဲ့ အရာကို သေမှ ငိုပြတဲ့အဖြစ်ဆိုးကနေ နောက်နောင်

မကြုံပါစေနဲ့ကွာ နောက်တခါ ဘောလုံး တူတူမကန်ရတော့ဘူးပေါ့ ငါ……..ရင်နာတယ်မင်းအောင်လှိုင် တခြားလူတွေ နေသာသလိုသာနေ အသက်မှမဟုတ်ဘူး သားစဉ်မျိုးဆက် ဘဝပါသေနေလိမ့်မယ် စောက်မှတ်သည်းခြေမရှိတဲ့လူတွေ ” လို့ သူ့ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။

Zawgyi

တာဝန်ကျေတာထက်ပိုတဲ့ ကျဆုံးရဲဘော်လေးအတွက် စိတ်မကောင်းဖြစ်နေတဲ့ အဆိုတော် မူးလာ







Crd

Leave a Reply

Your email address will not be published.