ဇူလိုင္လကစတင္ၿပီး အေဝးေျပးကားခနီးပါး တက္သြားၿပီျဖစ္တဲ့ ျမန္မာ့မီးရထားႏႈန္းထားမ်ား

News

ဇူလိုင္လကစတင္ၿပီး ျပည္တြင္းအျမန္ရထားလက္မွတ္ခေစ်းႏႈန္းေတြကို က်ပ္ ၃၀၀၀ ၀န္းက်င္ကေန က်ပ္ ၈၀၀၀ ေက်ာ္အထိ

အရင္ႏႈန္းထားေတြထက္ တိုးျမႇင့္သတ္မွတ္လိုက္တယ္လို႔ ျမန္မာ့မီးရထားကေန သိရပါတယ္

ရန္ကုန္-မႏၲေလးအျမန္ရထားလက္မွတ္ခေတြအေနနဲ႔ အရင္က ႐ိုး႐ိုးတန္း ၄၆၅၀ က်ပ္သာရွိေပမယ့္ လက္ရွိ ၇၇၅၀ က်ပ္

အရင္ကအထက္တန္း ၉၃၀၀ က်ပ္သာရွိေပမယ့္ လက္ရွိ ၁၅၄၅၀ က်ပ္၊ အိပ္စင္လက္မွတ္ခေတြကိုလည္း အရင္က ၁၃၀၀၀ က်ပ္ရွိရာကေန လက္ရွိ ၂၁၂၅၀ က်ပ္တိုးျမႇင့္ ေကာက္ခံသြားမယ္လို႔ သိရပါတယ္

ရန္ကုန္-ေမာ္လၿမိဳင္လမ္းပိုင္းမွာလည္း အထက္တန္းလက္မွတ္ခေတြကို အရင္က က်ပ္ ၄၂၅၀ ကေန ၇၀၅၀က်ပ္ နဲ႔ ႐ိုး႐ိုးတန္းလက္မွတ္ခေတြကို အရင္က ၂၁၅၀ က်ပ္ကေန ၃၅၅၀ က်ပ္အျဖစ္ တိုးျမႇင့္ထားၿပီး

ရန္ကုန္-ျပည္လမ္းပိုင္းမွာလည္း အျမန္ရထား အထက္တန္းလက္မွတ္ခေတြကို ၃၉၀၀ က်ပ္ကေန ၆၄၅၀ က်ပ္ ႐ိုး႐ိုးတန္းလက္မွတ္ခကို ၁၉၅၀ က်ပ္ကေန ၃၂၅၀ က်ပ္ကို ေျပာင္းလဲတိုးျမႇင့္သတ္မွတ္ထားတယ္လို႔ သိရပါတယ္

ရထားလက္မွတ္ခႏႈန္းထားေတြကို လမ္းပိုင္းအလိုက္ ရထားခရီးစဥ္အမ်ိဳးအစားအလိုက္ ေျပာင္းလဲထားျခင္းျဖစ္ၿပီး ေခတ္ကာလနဲ႔ေလ်ာ္ညီေအာင္ ေျပာင္းလဲထားတယ္လို႔ ျမန္မာ့မီးရထားကေနသိရပါတယ္

တစ္ႏွစ္ေက်ာ္ၾကာရပ္နားထားတဲ့ မီးရထားလိုင္းေတြအနက္ အမွတ္(၅)အဆန္နဲ႔ အမွတ္(၆)အစုန္ ရန္ကုန္-မႏၲေလးအျမန္ရထားတစ္စင္းကို ဇူလိုင္လကစတင္ျပန္လည္ေျပးဆြဲေပးသြားမွာျဖစ္ၿပီး

လက္ရွိ ေျပးဆြဲေပး ေနတဲ့ ရန္ကုန္-ျပည္ မနက္ ၆ နာရီ စာပိုရထားနဲ႔ ေန႔လယ္ ၁၁ နာရီ အျမန္ရထားတို႔အျပင္ ေနာက္ထပ္ရထားတစ္စင္း ကိုလည္း ျပန္လည္ေျပးဆြဲေပးသြားဖို႔ရွိတယ္လို႔ သိရပါတယ္

ရန္ကုန္ၿမိဳ႕တြင္း ၿမိဳ႕ပတ္ရထားေျပးဆြဲမႈေတြကိုလည္း ေလွ်ာ့ခ်ရပ္နားထားခဲ့ရာကေန ဇြန္ ၂၀ ရက္ကစတင္ၿပီး လက္ဝဲရစ္ ၁စင္းနဲ႔ လက္ယာရစ္ ၁စင္းတို႔ကို

ပုံမွန္ျပန္လည္ေျပးဆြဲေနေပမယ့္ အျမန္ရထားတခ်ိဳ႕ကေတာ့ ၀န္ထမ္းအင္အားလုံေလာက္မႈမရွိတဲ့အတြက္ လက္ရွိအခ်ိန္အထိေျပးဆြဲႏိုင္ျခင္း မရွိေသးဘူးလို႔ သိရပါတယ္ Source: ျမန္မာ့ပလက္ေဖာင္း

Crd

Unicode

ဇူလိုင်လကစတင်ပြီး ပြည်တွင်းအမြန်ရထားလက်မှတ်ခစျေးနှုန်းတွေကို ကျပ် ၃၀၀၀ ၀န်းကျင်ကနေ ကျပ် ၈၀၀၀ ကျော်အထိ

အရင်နှုန်းထားတွေထက် တိုးမြှင့်သတ်မှတ်လိုက်တယ်လို့ မြန်မာ့မီးရထားကနေ သိရပါတယ်

ရန်ကုန်-မန္တလေးအမြန်ရထားလက်မှတ်ခတွေအနေနဲ့ အရင်က ရိုးရိုးတန်း ၄၆၅၀ ကျပ်သာရှိပေမယ့် လက်ရှိ ၇၇၅၀ ကျပ်

အရင်ကအထက်တန်း ၉၃၀၀ ကျပ်သာရှိပေမယ့် လက်ရှိ ၁၅၄၅၀ ကျပ်၊ အိပ်စင်လက်မှတ်ခတွေကိုလည်း အရင်က ၁၃၀၀၀ ကျပ်ရှိရာကနေ လက်ရှိ ၂၁၂၅၀ ကျပ်တိုးမြှင့် ကောက်ခံသွားမယ်လို့ သိရပါတယ်

ရန်ကုန်-မော်လမြိုင်လမ်းပိုင်းမှာလည်း အထက်တန်းလက်မှတ်ခတွေကို အရင်က ကျပ် ၄၂၅၀ ကနေ ၇၀၅၀ကျပ် နဲ့ ရိုးရိုးတန်းလက်မှတ်ခတွေကို အရင်က ၂၁၅၀ ကျပ်ကနေ ၃၅၅၀ ကျပ်အဖြစ် တိုးမြှင့်ထားပြီး

ရန်ကုန်-ပြည်လမ်းပိုင်းမှာလည်း အမြန်ရထား အထက်တန်းလက်မှတ်ခတွေကို ၃၉၀၀ ကျပ်ကနေ ၆၄၅၀ ကျပ် ရိုးရိုးတန်းလက်မှတ်ခကို ၁၉၅၀ ကျပ်ကနေ ၃၂၅၀ ကျပ်ကို ပြောင်းလဲတိုးမြှင့်သတ်မှတ်ထားတယ်လို့ သိရပါတယ်

ရထားလက်မှတ်ခနှုန်းထားတွေကို လမ်းပိုင်းအလိုက် ရထားခရီးစဉ်အမျိုးအစားအလိုက် ပြောင်းလဲထားခြင်းဖြစ်ပြီး ခေတ်ကာလနဲ့လျော်ညီအောင် ပြောင်းလဲထားတယ်လို့ မြန်မာ့မီးရထားကနေသိရပါတယ်

တစ်နှစ်ကျော်ကြာရပ်နားထားတဲ့ မီးရထားလိုင်းတွေအနက် အမှတ်(၅)အဆန်နဲ့ အမှတ်(၆)အစုန် ရန်ကုန်-မန္တလေးအမြန်ရထားတစ်စင်းကို ဇူလိုင်လကစတင်ပြန်လည်ပြေးဆွဲပေးသွားမှာဖြစ်ပြီး

လက်ရှိ ပြေးဆွဲပေး နေတဲ့ ရန်ကုန်-ပြည် မနက် ၆ နာရီ စာပိုရထားနဲ့ နေ့လယ် ၁၁ နာရီ အမြန်ရထားတို့အပြင် နောက်ထပ်ရထားတစ်စင်း ကိုလည်း ပြန်လည်ပြေးဆွဲပေးသွားဖို့ရှိတယ်လို့ သိရပါတယ်

ရန်ကုန်မြို့တွင်း မြို့ပတ်ရထားပြေးဆွဲမှုတွေကိုလည်း လျှော့ချရပ်နားထားခဲ့ရာကနေ ဇွန် ၂၀ ရက်ကစတင်ပြီး လက်ဝဲရစ် ၁စင်းနဲ့ လက်ယာရစ် ၁စင်းတို့ကို

ပုံမှန်ပြန်လည်ပြေးဆွဲနေပေမယ့် အမြန်ရထားတချို့ကတော့ ၀န်ထမ်းအင်အားလုံလောက်မှုမရှိတဲ့အတွက် လက်ရှိအချိန်အထိပြေးဆွဲနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ် Source: မြန်မာ့ပလက်ဖောင်း

Crd

Leave a Reply

Your email address will not be published.