တိုက်ပွဲအတွင်း သတင်းတွေ အလုအယက်မတင်ကြဖို့ အရေးတကြီး မေတ္တာရပ်ခံလိုက်တဲ့ ဒါရိုက်တာ ကိုပေါက်

News

Unicode

တိုက်ပွဲအတွင်း သတင်းတွေ အလုအယက်မတင်ကြဖို့ အရေးတကြီး မေတ္တာရပ်ခံလိုက်တဲ့ ဒါရိုက်တာ ကိုပေါက်

စာဖတ်ပရိသတ်ကြီးရေ ဒါရိုက်တာ ကိုပေါက် ကတော့ မြန်မာပြည်သူတွေနဲ့အတူ အမှန်တရားအတွက် တိုက်ပွဲဝင်နေတဲ့ အနုပညာရှင်၊သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ ဒါကြောင့်လဲ ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ

နေထိုင်နေရင်းနဲ့ တော်လှန်ရေးအတွက် ဘက်ပေါင်းစုံမှ ကြိုးစားနေတာလဲ ဖြစ်ပါတယ်။ ဒါအပြင် ပြည်သူတွေကိုလဲ သွေးမအေးစေဖို့အတွက်လဲ လူမူ့ကွန်ယက်ပေါ်ကနေတစ်ဆင့် နှိုးဆော်နေပါသေးတယ်နော်။

ဒါရိုက်တာ ကိုပေါက် ဟာ တိုက်ပွဲတွင်း Live မလွှင့်ကြဖို့အတွက် အားလုံးကို တောင်းဆိုလိုက်ပါတယ်။ ” ပန်းမဝင်သေးဘဲ တက်ထောင်တော့ လော်ကီးတွေဖြစ်ကုန်ရော။ S-ဆရာကြီးတွေ FB ပေါ် like ရဖို့ပြိုင်ကြွားကြတာနဲ့

ရန်သူကို သတင်းပေးသလိုဖြစ်ပြီးကိုယ့်လူတွေပြန် အကင်ခံရတဲ့ သာဓကတွေ အများကြီးရှိခဲ့တာကို ဘယ်တော့သင်ခန်းစာ ယူကြမှာလဲ။ စစ်ရေးက လျှိုဝှက်ရတယ်ဆိုတာကို သိသိနဲ့လုပ်နေကြရင်တော့ မေးစရာတစ်ခုပဲ ရှိတော့တယ်။

ဒလံလားလို့ စိတ်ချရတဲ့အခြေအနေမရှိသေးဘဲ တိုက်ပွဲအတွင်းကLive လွှင့်တာတွေကို ရပ်ပေးကြပါ” လို့ သူ့ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။ ပရိသတ်ကြီးရေ ဒါရိုက်တာ ကိုပေါက် ကတော့

စိတ်ချရတဲ့အခြေအနေကို မရှိသေးဘဲ တိုက်ပွဲအတွင်း Live လွှင့်တာတွေကို ရပ်ပေးဖို့ တောင်းဆိုလိုက်တာပဲ ဖြစ်ပါတယ်နော်။ မြန်မာပြည်ကြီး အမြန်ဆုံးငြိမ်းချမ်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Zawgyi

တိုက်ပွဲအတွင်း သတင်းတွေ အလုအယက်မတင်ကြဖို့ အရေးတကြီး မေတ္တာရပ်ခံလိုက်တဲ့ ဒါရိုက်တာ ကိုပေါက်







Crd

Leave a Reply

Your email address will not be published.