Unicode
အရင်တုန်းက ပျော်ရွှင်ခဲ့ချိန်တွေ ပြန်တမ်းတမနေတော့တဲ့ ချစ်သုဝေ
ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင် ချစ်သုဝေ ဟာလက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရဲ့အရေးနဲ့ပတ်သတ်ပြီး ထိပ်ဆုံးကနေ ပါဝင်လှုပ်ရှားနေတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ ဒီလိုလှုပ်ရှားမှု့တွေကြောင့် သူမကို ၅၀၅ ကနဲ့




တရားစွဲဆိုထားပြီးတော့ ဘေးကင်းရာမှာ တိမ်းရှောင်နေရပါတယ်။ ချစ်သုဝေ ဟာ တိမ်းရှောင်နေရင်းနဲ့ ကျရာတာဝန်ကို အဝေးတစ်နေရာကနေ ထမ်းဆောင်နေသူလဲ ဖြစ်ပါတယ်။ တော်လှန်ရေးအတွက် ရှေ့ဆက်လုပ်ဆောင်ရမဲ့
စကားဝိုင်းဆွေးနွေးခန်းတွေမှာလဲ ပါဝင်ဆောင်ရှက်နေတဲ့ အနုပညာရှင်မင်းသမီးလေးတစ်ဦးလဲ ဖြစ်ပါတယ်။ မင်းသမီး ချစ်သုဝေ ကတော့အတိတ်ဘဝကိုကြည့်ပြီး သာယာပျော်ရွှင်ခဲ့တာတွေကို ပြန်လည်တမ်းတမနေတဲ့အကြောင်းကို ”




အတိတ်ဘဝကိုကြည့်ပြီး သာယာပျော်ရွှင်ခဲ့တာတွေကိုတမ်းတမနေဘူး ပစ္စုပ္ပန် တည့်တည့်ကြည့်ပြီးတရက်စီတိုင်း အကောင်းဆုံးရှင်သန်ဖို့ အဓိပ္ပါယ်ရှိဖို့ကြိုးစားတယ် .နောင်တကင်းတဲ့အနာဂတ်ပဲလိုချင်မိတော့တယ်
ကိုယ်တွေစုပေါင်းအားနဲ့ လုံခြုံသွားတဲ့ ဘဝတွေတွေ့ရင် ကိုယ်တွေကပျော်နေတော့တာမျိုး…ဟုတ်တယ်မို့လား တို့လူ” လို့ ရေးသားထားတာကို တွေ့ရပါတယ်။ ကဲ …စာဖတ်ပရိသတ်ကြီးရေ ချစ်သုဝေ ရဲ့စိတ်ဓာတ်ကတော့




အရမ်းကိုလေးစားချီးကျူးစရာကောင်းပါတယ်နော်။ ဘေးကင်းရာကို တိမ်းရှောင်နေတဲ့ ချစ်သုဝေ လဲ ကျန်းမာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Crd
Zawgyi
အရင်တုန်းက ပျော်ရွှင်ခဲ့ချိန်တွေ ပြန်တမ်းတမနေတော့တဲ့ ချစ်သုဝေ












Crd