ထိုင်းနိုင်ငံထဲသို့ စစ်ကောင်စီတိုက် လေယာဉ်များ ဝင်ရောက်ပြီး ကျည်များ ကျရောက်၍ ထိုင်းပြည်သူများ အထိတ် တလန့် ဒေါသထွက် မကျေမနပ်ဖြစ်(ရုပ်/သံ)

News

ထိုင်းနိုင်ငံထဲသို့ စစ်ကောင်စီတိုက် လေယာဉ်များ ဝင်ရောက်ပြီး ကျည်များ ကျရောက်၍ ထိုင်းပြည်သူများ အထိတ် တလန့် ဒေါသထွက် မကျေမနပ်ဖြစ်(ရုပ်/သံ)

ဥကရစ်ထစခန်းအနီးကို စစ်ကောင်စီက ဗုံးကျဲရာတွင် ထိုင်းနိုင်ငံထဲသို့ တိုက် လေယာဉ်များ ဝင်ရောက်ပြီး ကျည်များ ကျရောက်၍ ထိုင်းပြည်သူများ အထိတ် တလန့် ဒေါသထွက် မကျေမနပ်ဖြစ်(ရုပ်/သံ)

ရန်ကုန်၊ ဇွန် ၃၀

မင်းအောင်လှိုင် ခေါင်းဆောင်သော အကြမ်းဖက် စစ်ကောင်စီက တိုက် လေ ယာဉ် များဖြင့် ကရင်ပြည်နယ်၊ ဥကရစ်ထ စခန်းကို KNDO ၊ KNLA နှင့် PDF များလက်အောက် မကျရောက်စေရေး ပစ်ခတ်ခုခံလျက်ရှိရာမှာ ယနေ့ နံနက် ပိုင်းတွင် စစ်ကောင်စီ၏ တိုက်လေယာဉ်များသည် ထိုင်းနိုင်ငံ၏ လေပိုင်နက် ထဲသို့ ကျူးကျော်ဝင်ရောက်သွားသည့်အပြင် ကျည်များ ကျရောက်မှုရှိ၍ ထိုင်းပြည်သူ အထိတ်တလန့် အကြီး အကျယ် ဒေါသထွက် မကျေမနပ်ဖြစ်နေကြောင်း ထိုင်းပြည်သူများ၏ လူမှုကွန်ရက်တွင် ရေးသားထားချက်များအရ သိရှိရသည်။

ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီ၏ တိုက်လေယာဉ်များက ထိုင်းလေပိုင် နက် အတွင်းသို့ ကျူးကျော်ဝင်ရောက် လာသဖြင့် ထိုင်းပြည်သူများ အထိတ်တလန့် ဖြစ်ကြခြင်းဖြစ်သည်ဟု သိရှိရသည်။

ထိုင်းနိုင်ငံ တခ်ခရိုင်၊ ဖုတ်ဖရမြို့နယ်အတွင်းသို့ အကြမ်းဖက် စစ်ကောင်စီ တပ်၏ လေယာဉ်များက ယနေ့ နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းအတွင်း ကျူးကျော် ရောက် ဝင်ရောက်ခြင်းဖြစ်ပြီး ထိုင်းပြည်သူအများစုက ယင်းသို့ ကျူးကျော်မှုကို လက်မခံနိုင်ကြဘဲ ဗီဒီယိုများနှင့်တကွ လူမှုကွန်ရက်တင်ကာ ဒေါသထွက် နေကြကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်သည် ထိုင်းဘက်ခြမ်းသို့ ကျရောက်ပြီး ထိုင်းနိုင်ငံသားတစ်ဦး၏ ယာဉ်ကို ထိမှန်သွားကြောင်း သိရှိရသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်းရှိ ဥကရစ်ထ စစ်ကောင်စီ ခြေကုပ် စခန်းကို KNDO၊ KNLA ပူးပေါင်းတပ်ဖွဲ့က ဇွန်လ ၂၆ ရက်နေ့ နံနက်မှ စတင်ကာ တိုက်ခိုက်နေပြီး အဆိုပါ စခန်းမကျစေရေးအတွက် အကြမ်းဖက် စစ်တပ်က လေကြောင်းမှ တိုက်လေယာဉ်များဖြင့် အလွန်အကျွံ ပစ်ခတ် တိုက်ခိုက်နေခဲ့ပြီး Cluster Bomb ခေါ် ထပ်ဆင့်ပေါက်ကွဲစေနိုင်သည့် ဗုံးများ ပင် ကျဲချတိုက်ခိုက်နေကြောင်း သတင်းရရှိသည်။

ယနေ့ ဇွန်လ ၃၀ ရက် နံနက် ၈ နာရီဝန်းကျင်မှ စတင်ကာ စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ်များ လာရောက် ဗုံးကျဲတိုက်ခိုက်သည်မှာ ၅ ကြိမ် ရှိနေပြီး Cluster Bomb ကို ၂ ကြိမ် ကျဲချတိုက်ခိုက်သွားကြောင်း ကရင်သတင်းရင်းမြစ် ၁ ဦးက ပြောဆိုသည်။

ဥကရစ်ထတိုက်ပွဲသည် ယနေ့ပါဆိုလျှင် ၅ ရက်တာ ကြာမြင့်နေပြီဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ အများအပြားသေဆုံးသလို KNDO၊ KNLA ဘက်မှလည်း ၁၃ ဦးထက်မနည်း ကျဆုံးကာ ထိခိုက်ဒဏ်ရာရသူများ အများအပြား ရှိနေခဲ့သည်။

“ကျတာ ၁၃ ယောက်ရှိပြီ၊ ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်။ မနေ့က ဗုံးကျဲတာ ထိပြီးတော့ ရွာသား ကလေး ၁ ယောက်သေတယ်၊ သူ့အဖေနဲ့ အမေလည်း ထိခိုက်တယ်” ဟု KNDO အထူးကွန်မန်ဒို Venom စစ်ကြောင်း သတင်းပြန်ကြားရေးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

“ဟုတ်ကဲ့၊ ကျနော်တို့ Cobra စစ်ကြောင်းဘက်ကလည်း အထိအခိုက်ရှိပါတယ်၊ သတင်းထုတ်ပြန်ပါမယ်” ဟု သတင်းပြန်ကြားရေးတာဝန်ခံ မျိုးသူရကိုကိုက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုထားသည်။

ယမန်နေ့ ဇွန်လ ၂၉ ရက် ညသန်းခေါင်းအချိန်ထိ ဥကရစ်ထစခန်းဝန်းကျင်တွင် လက်နက်ကြီး ပစ်ခတ်သံများ ကြားရပြီး လေကြောင်းမှလည်း ညနက်သည်အထိ တိုက်ခိုက်ခဲ့ကြောင်း KNDO ရှေ့တန်းသတင်းရင်းမြစ်ထံမှ သိရှိရသည်။

“မနေ့ညက တိုက်လေယာဉ်နဲ့ ပစ်ခတ်သံတွေက မဲဆောက်ဘက်က ကြားရတယ်လို့ အဲဒီဘက်က မိတ်ဆွေတွေက ပြောတယ်။ အသံကြီးတွေက အတော်ကို ကျယ်တာ။ မှော်ဘီဘက်က တိုက်လေယာဉ်တွေ တစ်စီးပြီး တစ်စီး တက်တယ်ဆိုတဲ့ သတင်းတွေ တက်လာပြီးရင် သိပ်မကြာဘူး မြဝတီဘက်မှာ တဝုန်းဝုန်းနဲ့ကို ချနေကြတာ။ မနေ့ည ၁ နာရီလောက်အထိ လေယာဉ်တွေ ပျံသံ ကြားရတယ်” ဟု မြ၀တီဒေသခံတစ်ဦးက ပြောသည်။

Crd

Leave a Reply

Your email address will not be published.