“ထိုကဲ့သို့ ထပ်မံ မဖြစ်ပွားစေရ”ဟုမြန်မာလေတပ်စစ်ဦးစီးချုပ်က ဝန်ချတောင်း ပန်

News

“ထိုကဲ့သို့ ထပ်မံ မဖြစ်ပွားစေရ”ဟုမြန်မာလေတပ်စစ်ဦးစီးချုပ်က ဝန်ချတောင်း ပန်

ထိုင်းနိုင်ငံဘက်သို့ စစ်ကောင်စီတပ်၏ တိုက်လေယာဉ် ကျူးကျော်ဝင်ရောက် လာ ပြီးနောက် ထိုင်း F-16 တိုက်လေယာဉ် ၂ စီး ပျံသန်းပြီး ကင်းလှည့်၊ “ယင်းကဲသို့ ထပ်မံ မဖြစ်ပွားစေရ” ဟု မြန်မာလေတပ်စစ်ဦးစီးချုပ်က ထိုင်းလေတပ်စစ်ဦးစီးချုပ်ထံတွင် ဝန်ချတောင်းပန်

ရန်ကုန်၊ ဇွန် ၃၀

ထိုင်းနိုင်ငံဘက်သို့ အကြမ်းဖက်စစ်ကောင်စီတပ်၏ တိုက်လေယာဉ် ယနေ့ နံနက် ပိုင်း ကျူးကျော်ဝင်ရောက် နောက်မဖြစ်စေရပါဟု မြန်မာလေတပ်စစ် ဦးစီးချုပ်က ထိုင်းလေတပ်စစ်ဦးစီးချုပ်ကို တောင်းပန်ကြောင်း ဘန်ကောက်ပို့စ်သတင်းစာက ယနေ့ သတင်းဖော်ပြရေးသားသည်။

ယနေ့ နံနက်ပိုင်း ထိုင်းစံတော်ချိန် ၁၁ နာရီကျော်ဝန်းကျင်တွင် မြန်မာစစ်တပ် ၏ တိုက်လေယာဉ် ၁ စီး ထိုင်းနိုင်ငံဘက်သို့ ကျူးကျော်ဝင်ရောက်ခဲ့ပြီး ယင်းသို့ ဝင်ရောက်မှုကြောင့် ထိုင်းပြည်သူများ ထိတ်လန့်စွာ ထွက်ပြေးကြကြောင်း၊ ထိုင်းနိုင်ငံ၊ ဖုတ်ဖရမြို့နယ်မှ ကျောင်း ၂ ကျောင်းပိတ်လိုက်ရကြောင်း၊ ယင်းဖြစ်စဉ် ဖြစ်ပွားသည်နှင့်

ထိုင်းလေတပ်မှ F-16 တိုက်လေယာဉ် ၂ စီး ချက်ချင်းစေလွှတ် ကင်းလှည့်ခဲ့ကြောင်း၊ ထိုင်းဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီး ပရာယွတ် နှင့် ထိုင်းတော်ဝင်လေတပ်အကြီးအကဲ ACM Napadej Dhupatemiya တို့ဆွေးနွေးကာ ထိုင်းလေပိုင်နက်ကို ကာကွယ်ရေး ထိုင်းဝန်ကြီး ချုပ်က အမိန့်ပေးခဲ့ ကြောင်း ဘန်ကောက်ပို့စ် သတင်းက ဆိုသည်။

ယင်းနောက် ထိုင်းလေတပ် စစ်ဦးစီးချုပ် ACM Napadej Dhupatemiya က မြန်မာအကြမ်းဖက် စစ်ကောင်စီထံ ချက်ချင်း ဖုန်းဆက် အကြောင်းကြားခဲ့ပြီး မြန်မာလေတပ်စစ်ဦးစီးချုပ်က “ထိုကဲ့သို့ ထပ်မံ မဖြစ်ပွားစေရ”ဟု ဝန်ချတောင်း ပန် သွားကြောင်း ဘန်ကောက်ပို့စ်သတင်းက ရေးသား ဖော်ပြထားသည်။

ဓာတ်ပုံ- ထိုင်းလေတပ် စစ်ဦးစီးချုပ် ACM Napadej Dhupatemiya။

Crd

Unicode

“ထိုကဲ့သို့ ထပ်မံ မဖြစ်ပွားစေရ”ဟုမြန်မာလေတပ်စစ်ဦးစီးချုပ်က ဝန်ချတောင်း ပန်

ထိုင္းနိုင္ငံဘက္သို႔ စစ္ေကာင္စီတပ္၏ တိုက္ေလယာဥ္ က်ဴးေက်ာ္ဝင္ေရာက္ လာ ၿပီးေနာက္ ထိုင္း F-16 တိုက္ေလယာဥ္ ၂ စီး ပ်ံသန္းၿပီး ကင္းလွည့္၊ “ယင္းကဲသို႔ ထပ္မံ မျဖစ္ပြားေစရ” ဟု ျမန္မာေလတပ္စစ္ဦးစီးခ်ဳပ္က ထိုင္းေလတပ္စစ္ဦးစီးခ်ဳပ္ထံတြင္ ဝန္ခ်ေတာင္းပန္

ရန္ကုန္၊ ဇြန္ ၃၀

ထိုင္းနိုင္ငံဘက္သို႔ အၾကမ္းဖက္စစ္ေကာင္စီတပ္၏ တိုက္ေလယာဥ္ ယေန႔ နံနက္ ပိုင္း က်ဴးေက်ာ္ဝင္ေရာက္ ေနာက္မျဖစ္ေစရပါဟု ျမန္မာေလတပ္စစ္ ဦးစီးခ်ဳပ္က ထိုင္းေလတပ္စစ္ဦးစီးခ်ဳပ္ကို ေတာင္းပန္ေၾကာင္း ဘန္ေကာက္ပို႔စ္သတင္းစာက ယေန႔ သတင္းေဖာ္ျပေရးသားသည္။

ယေန႔ နံနက္ပိုင္း ထိုင္းစံေတာ္ခ်ိန္ ၁၁ နာရီေက်ာ္ဝန္းက်င္တြင္ ျမန္မာစစ္တပ္ ၏ တိုက္ေလယာဥ္ ၁ စီး ထိုင္းနိုင္ငံဘက္သို႔ က်ဴးေက်ာ္ဝင္ေရာက္ခဲ့ၿပီး ယင္းသို႔ ဝင္ေရာက္မႈေၾကာင့္ ထိုင္းျပည္သူမ်ား ထိတ္လန႔္စြာ ထြက္ေျပးၾကေၾကာင္း၊ ထိုင္းနိုင္ငံ၊ ဖုတ္ဖရၿမိဳ႕နယ္မွ ေက်ာင္း ၂ ေက်ာင္းပိတ္လိုက္ရေၾကာင္း၊ ယင္းျဖစ္စဥ္ ျဖစ္ပြားသည္ႏွင့္

ထိုင္းေလတပ္မွ F-16 တိုက္ေလယာဥ္ ၂ စီး ခ်က္ခ်င္းေစလႊတ္ ကင္းလွည့္ခဲ့ေၾကာင္း၊ ထိုင္းဝန္ႀကီးခ်ဳပ္ႏွင့္ကာကြယ္ေရးဝန္ႀကီး ပရာယြတ္ ႏွင့္ ထိုင္းေတာ္ဝင္ေလတပ္အႀကီးအကဲ ACM Napadej Dhupatemiya တို႔ေဆြးေႏြးကာ ထိုင္းေလပိုင္နက္ကို ကာကြယ္ေရး ထိုင္းဝန္ႀကီး ခ်ဳပ္က အမိန႔္ေပးခဲ့ ေၾကာင္း ဘန္ေကာက္ပို႔စ္ သတင္းက ဆိုသည္။

ယင္းေနာက္ ထိုင္းေလတပ္ စစ္ဦးစီးခ်ဳပ္ ACM Napadej Dhupatemiya က ျမန္မာအၾကမ္းဖက္ စစ္ေကာင္စီထံ ခ်က္ခ်င္း ဖုန္းဆက္ အေၾကာင္းၾကားခဲ့ၿပီး ျမန္မာေလတပ္စစ္ဦးစီးခ်ဳပ္က “ထိုကဲ့သို႔ ထပ္မံ မျဖစ္ပြားေစရ”ဟု ဝန္ခ်ေတာင္း ပန္ သြားေၾကာင္း ဘန္ေကာက္ပို႔စ္သတင္းက ေရးသား ေဖာ္ျပထားသည္။

ဓာတ္ပုံ- ထိုင္းေလတပ္ စစ္ဦးစီးခ်ဳပ္ ACM Napadej Dhupatemiya။

Crd

Leave a Reply

Your email address will not be published.