
News















Source: ရဲမင်း(AAC)

Crd

Unicode

ဥကရစ်ထစခန်းတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ KNU ကလက်ဖြောင့်စနိုက်ဘာလူငယ်လေးအကြောင်းကို ကိုရဲမင်းက အခုလို ဝမ်းနည်းစွာမျှဝေလာခဲ့ပါတယ်

ညီ​လေး …. ဥကရစ်ထစခန်းသိမ်းပွဲမှာ မင်း ​ပေးဆပ်ခဲ့တယ် ​တော်လှန်​ရေးနဲ့

KNU အတွက် တာဝန်​ကျေတာထက် ပိုပါတယ် ညီ​​လေး ရာ….

ထိုင်းက ရိက္ခာပစ္စည်း​တွေ လာရင်လည်း အကိုနဲ့အတူ မင်းကူသယ်​ပေး ကူထမ်း​ပေး

စခန်း​တွေ အ​ရောက်ငါတို့အတူ ​ပေးပို့ နိုင်ခဲ့တယ်….

မင်းနဲ့ပက်သက်ပြီး အကို စိတ်မ​ကောင်း အဖြစ်ရဆုံးက

​​ကော်သူး​လေမှာ ​ဘောလုံးပွဲကန်​တော့ မင်းက လက်​ဖြောင့်စနိုက်ပါသမား

တစ်ဦးဖြစ်​ပေမယ့် ​ဘောလုံးကို​တော့ အရမ်းမပိုင်​တော့

“ညီ​လေး မင်းခဏနားလိုက် တခြားသူ ဝင်ကစားဖို့ အလှည့်ပေးလိုက်ပါ”လို့ အကိုက ​​ပြော​တော့

“ဟုတ်ကဲ့ ကိုကြီးရဲမင်း” ဆိုပြီး ကွင်း​ဘေးမှာ ပြုံးပြုံး​​လေး ထွက်ထိုင်

မောတဲ့သူ​တွေကို ​ရေဗူးလိုက်​ပေး​နေတဲ့ မင်းရဲ့ ပုံရိပ်​လေးကို အကို ခုထိ

မ​မေ့နိုင်​​သေးပါဘူး ညီ​​လေးရာ…

အကို စိတ်ထိခိုက်မိတာက စခန်းသိမ်းဖို့

စတိုက်တဲ့ ပထမ​နေ့ကတည်း မင်းကျသွား ခဲ့ပြီး ဒီက​နေ့ထိ မင်းကို ငါတို့ ပြန်မရ​သေးတာပဲ….

Source: ရဲမင်း(AAC)

Crd

Leave a Reply

Your email address will not be published.