မေမြို့မှာတင်မက တနိုင်ငံလုံးမှာပါ အပယ်ခံဖြစ်နေရတဲ့ ၅/ သမားတွေရဲ့အဖြစ်

News

မေမြို့ဆိုင်တခုက အလုပ်ခေါ်တာ ၅/မရ ဆိုတဲ့မှတ်ချက်ကြောင့် ဝိုင်းဆဲနေကြတာ။ ၅/မရ တဲ့ကိစ္စက အခုမှမဟုတ်ပါဘူး လွန်ခဲ့တဲ့ ၄- ၅ လလောက်ကတည်းက ဖြစ်နေတာ။ ကျနော်က ၅ / ကဘလ(နိုင်) ပါ။ မန်းလေးမယ် အခြေချတာကြာတဲ့ မန်းလေးဇာတိတပိုင်းဖြစ်နေသူပေါ့။

ကျနော်တို့ရွာဘက်တွေမယ် တိုက်ပွဲတွေဖြစ်ကြ ရွာတွေမီးရှို့ခံရတော့ ရွာသားတွေ စစ်ပြေးကြရတယ်။ ဆွေမျိုးတွေရှိရာ ခိုကပ်နေကြရတယ်။ ဘုန်းကြီးကျောင်းတွေမယ် ခိုကပ်နေကြရတယ်။ စစ်ပြေးရတာ၃လ ကျော်လာတော့ ငတ်လာပြီလေ။အလုပ်လုပ်ဖို့လိုလာတယ်။ မန်းလေးဆီကိုလာကြရတယ်ပေါ့။ အဲ့ဒီမယ် ပြဿနာက ဘာလဲဆိုတော့ ကောလင်းနယ်ဘက်ကဆို မန်းလေးဘက်မယ် အိမ်ငှားမရတာပဲ။

အိမ်ရှင်က မငှားရဲဘူးလို့ငြင်းခံရတယ်။ အလုပ်ရှင်က မခန့်ရဲဘူးငြင်းခံရတယ်။ အဆောင်ငှားတာ ဘယ်လိုမှမအောက်မေ့ပါနဲ့သမီးရယ် ၅/ ဆို လက်ခံရဲဘူးလို့ငြင်းခံရတယ်။ ကိုယ်တွေ့နော်…ရွာကသူငယ်ချင်းတွေ မိတ်ဆွေတွေအတွက် ကိုယ်ကမန်းလေးနယ်ခံလိုဖြစ်နေတော့ အလုပ်ရှာကူ၊ အိမ်ရှာကူတော့ ပြောခံရတာ။ ခဏခဏဆိုတော့ ထုံနေဘီ။

နောက်အသိတစ်ယောက် ၅/ယမပ(နိုင်) မေမြို့ကို အလုပ်ကိစ္စနဲ့ညအိပ်သွားတာ။ ဟိုတယ်မယ်တည်းတာ။ ညကျ ရဲစခန်းမယ် ၂နာရီလောက်ဖုန်းကောလူကော ခေါ်စစ်ခံရသတဲ့။ အပြန်ကျ ဟိုတယ်က တောင်းပန်ပြီး သူတိူ့ဆီမယ် လက်ခံလို့မရကြောင်းငြင်းတယ်တဲ့။

ညတွင်းချင်းရှာတာ နာမည်အသင့်အတင့်ရှိ အလတ်စားမိုတယ်တွေအထိ ၅/မို့ တည်းမရလို့ အအေးခန်းဧည့်ရိပ်မွန်ဆိုတဲ့ဆီမယ် အိပ်ခဲ့ရတယ်။

နောက်တစ်ယောက်က သူငယ်ချင်းရဲ့ အသိ။ ကလေးကို မန်းလေးမယ် အခုနှစ် ကျောင်းပြောင်းအပ်(စကစကျောင်း)တာ။ မိဘမှတ်ပုံတင်တွေက ၅/ တွေမို့ ပြန်လည်စိစစ်ပါဉီးဆိုပြီး ကျောင်းအပ်လက်မခံလိုက်ဘူးဗျား။

၅/ လက်မခံတဲ့ပြဿနာမပြောနဲ့ ကျနော်တို့ဆီဘက် ရွာမီးလောင်တိုက်ပွဲတွေဖြစ်တော့ ဘေးကင်းတဲ့ ကန့်ဘလူဘက် ၂ရက်လောက်လမ်းလျှောက်ပြေးကြရတာတောင် မြို့ဝင်ဂိတ်ကို စစ်ရှောင်တွေမို့ ပိုက်ဆံပေးပြီးဝင်ခဲ့ရတာ။

ချဲ့ကားထားတဲ့ ဇာတ်နာအောင်ဖန်တီးထားတဲ့ ပါးစပ်ပုံပြင်တွေမဟုတ်ပါဘူး။ အငြင်းခံရသူတွေရော၊ ပိုက်ဆံတောင်းတဲ့သူရော အခုထိရှိသေးတယ် မသေကြသေးဘူး။ နောင်တချိန်ကျ သမိုင်းတွေဖြစ်ကြမှာပေါ့လေ။

edit. ညီမဝမ်းကွဲက ရန်ကုန်အထည်ချုပ်စက်ရုံမယ်လုပ်တာ ၅နှစ်နီးပါရှိပြီမို့ လူရင်းဖြစ်နေပြီ။ သူလည်း ကျနော့လို ရွာကသူတွေကို အလုပ်သွင်းပေးတာပေါ့။ အလုပ်ခန့်ပြီး ၂ပတ်လောက်နေတော့ စက်ရုံမန်နေဂျာက ၅ / ဆို ဝန်ထမ်းအသစ်လက်ခံလို့မရဘူးပြောပြီး ပိုက်ဆံတသိန်းပေးပြီး အလုပ်မဆင်းတော့နဲ့လို့ပြောခံရသတဲ့။

crd

Unicode

Leave a Reply

Your email address will not be published.