မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်းကို ရက်အကန့်အသတ်မရှိပိတ်လိုက်ကြောင်း PDF (၅)ဖွဲ့ပူးပေါင်းထုတ်ပြန်

News

မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်းကို ရက်အကန့်အသတ်မရှိပိတ်လိုက်ကြောင်း PDF (၅)ဖွဲ့ပူးပေါင်းထုတ်ပြန်

ကျော်ဇော၊ ​အောင်​ဇေယျ /People’s Spring

မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်းအား ရက်အကန့်အသန့်မရှိ ယာယီပိတ်လိုက်ကြောင်းချိုမိုင်မိုင် ယင်းမာပင်-ကနီမဟာမိတ်တပ်ပေါင်းစုနှင့် မဟယမိတ်(၅)ဖွဲ့က ပူးပေါင်းထုတ်ပြန်လိုက်သည်။

အဆိုပါလမ်းပိုင်းကို ယမန်နေ့(ဇွန် ၂၈)ရက်ကစပြီးပိတ်လိုက်ခြင်းဖြစ်ပြီး ယင်းလမ်းပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ လမ်း၏ဘယ် ညာတွင် နင်းမိုင်း၊ တိုက်မိုင်းများဖြင့် အများပြည်သူအန္တရာယ်ကျရောက်အောင်လုပ်ဆောင်နေခြင်းကြောင့်ဟု ဖော်ပြသည်။

“မိဘပြည်သူများ၏ အသက်အန္တရာယ်အားရှေးရူ၍ လမ်းပိုင်းအား အကန့်အသတ်မရှိယာယီပိတ်လိုက်ရခြင်းဖြစ်သည်။ အင်တာနက်လိုင်းအခက်အခဲကြောင့်ယခုလိုနောက်ကျမှတင်ပြရခြင်းအတွက် တောင်းပန်အပ်ပါသည်။ပူးပေါင်းပါဝင်ကြဖို့ လေးစားစွာဖြင့် မေတ္တာရပ်ခံအပ်ပါသည်”ဟု ချိုမိုင်မိုင် ယင်းမာပင်-ကနီ မဟာမိတ်တပ်ပေါင်းစုက အသိပေးသည်။

ပိတ်ရခြင်းအကြောင်းရင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်များ၏ ရက်စက်ယုတ်မာမှုများကြောင့် ပြည်သူများ အသက်အန္တရာယ် မထိခိုက်စေရန်အတွက်ဖြစ်ကြောင်း၊ ဘန့်ဘွေးရွာမတွင်ရှိသော အကြမ်းဖက်စစ်ကောင်စီတပ်များသည် မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်းအား လမ်း၏ညာဘက်တွင် နင်းမိုင်းများဖြင့်လည်းကောင်း၊လမ်းပေါ်တွင် တိုက်မိုင်းများဖြင့်လည်းကောင်း အသုံးပြု၍ ပြည်သူများ၏ အသက်အန္တရာယ်အား ထိခိုက်စေရန် ရည်ရွယ်ပြင်ဆင်ထားသည်ကို မျက်မြင်တွေ့ရှိရကြောင်း မဟာမိတ်အဖွဲ့များ၏ ထုတ်ပြန်ချက်တွင် ​ဖော်ပြသည်။

ပြည်သူများအနေဖြင့် အရေးပေါ်ကျန်းမာရေးကိစ္စဖြင့် သွားလာမည်ဆိုပါက သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးသို့ ဆက်သွယ်ချိတ်ဆက်ပြီးမှသာ အခြားလမ်းများက သွားလာကြရန်၊ ပြည်သူများ၏ လုံခြုံရေးအတွက် ယာယီလမ်းပိတ်သိမ်းရခြင်းဖြစ်ပြီး ပြည်သူများပူးပေါင်းဆောင်ရွက်ရန် မဟာမိတ်အဖွဲ့များကမေတ္တာရပ်ခံသည်။

ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘဲ သွားလာနေပါက လုံခြုံရေး တာဝန်ယူမည်မဟုတ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီက ပြည်သူနှင့် ပြည်သူ့ရဲဘော်များအား သွေးခွဲရန်ကြံစည်နေ၍ ပြည်သူများအနေဖြင့် အဆိုပါလမ်းပိုင်းအား စစ်ရေးသတိ၊ လုံခြုံရေးအသိဖြင့် အဆိုပါလမ်းပိုင်းအား အသုံးမပြုကြရန် မဟာမိတ်အဖွဲ့များကအသိပေးသည်။

မဟာမိတ်အဖွဲ့များတွင် “ချိုမိုင်မိုင်” ယင်းမာပင်၊ ကနီမဟာမိတ်တပ်ပေါင်းစု၊ Yinmabin Local Defence Force၊ Chindwin Galone Yarzar Guerrilla Defence Force၊ Alpha Special Force၊ Monywa True Of Force(MTOF)တို့ပါဝင်သည်။

မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်ရှိ ချောင်းဦး-ပခုက္ကူလမ်းပိုင်းကိုလည်း ယနေ့နံနက်ခင်းမှစတင်ကာ သွားလာခွင့်ယာယီပိတ်ထားသည်။

Crd

Unicode

မုံရြာ-ယာႀကီး-ကေလးဝလမ္းပိုင္းကို ရက္အကန္႔အသတ္မရွိပိတ္လိုက္ေၾကာင္း PDF (၅)ဖြဲ႕ပူးေပါင္းထုတ္ျပန္

ေက်ာ္ေဇာ၊ ​ေအာင္​ေဇယ် /People’s Spring

မုံရြာ-ယာႀကီး-ကေလးဝလမ္းပိုင္းအား ရက္အကန္႔အသန္႔မရွိ ယာယီပိတ္လိုက္ေၾကာင္းခ်ိဳမိုင္မိုင္ ယင္းမာပင္-ကနီမဟာမိတ္တပ္ေပါင္းစုႏွင့္ မဟယမိတ္(၅)ဖြဲ႕က ပူးေပါင္းထုတ္ျပန္လိုက္သည္။

အဆိုပါလမ္းပိုင္းကို ယမန္ေန႔(ဇြန္ ၂၈)ရက္ကစၿပီးပိတ္လိုက္ျခင္းျဖစ္ၿပီး ယင္းလမ္းပိုင္းတြင္ အၾကမ္းဖက္စစ္ေကာင္စီတပ္မွ လမ္း၏ဘယ္ ညာတြင္ နင္းမိုင္း၊ တိုက္မိုင္းမ်ားျဖင့္ အမ်ားျပည္သူအႏၲရာယ္က်ေရာက္ေအာင္လုပ္ေဆာင္ေနျခင္းေၾကာင့္ဟု ေဖာ္ျပသည္။

“မိဘျပည္သူမ်ား၏ အသက္အႏၲရာယ္အားေရွး႐ူ၍ လမ္းပိုင္းအား အကန႔္အသတ္မရွိယာယီပိတ္လိုက္ရျခင္းျဖစ္သည္။ အင္တာနက္လိုင္းအခက္အခဲေၾကာင့္ယခုလိုေနာက္က်မွတင္ျပရျခင္းအတြက္ ေတာင္းပန္အပ္ပါသည္။ပူးေပါင္းပါဝင္ၾကဖို႔ ေလးစားစြာျဖင့္ ေမတၱာရပ္ခံအပ္ပါသည္”ဟု ခ်ိဳမိုင္မိုင္ ယင္းမာပင္-ကနီ မဟာမိတ္တပ္ေပါင္းစုက အသိေပးသည္။

ပိတ္ရျခင္းအေၾကာင္းရင္းမွာ အၾကမ္းဖက္စစ္ေကာင္စီတပ္မ်ား၏ ရက္စက္ယုတ္မာမႈမ်ားေၾကာင့္ ျပည္သူမ်ား အသက္အႏၲရာယ္ မထိခိုက္ေစရန္အတြက္ျဖစ္ေၾကာင္း၊ ဘန္႔ေဘြးရြာမတြင္ရွိေသာ အၾကမ္းဖက္စစ္ေကာင္စီတပ္မ်ားသည္ မုံရြာ-ယာႀကီး-ကေလးဝလမ္းပိုင္းအား လမ္း၏ညာဘက္တြင္ နင္းမိုင္းမ်ားျဖင့္လည္းေကာင္း၊လမ္းေပၚတြင္ တိုက္မိုင္းမ်ားျဖင့္လည္းေကာင္း အသုံးျပဳ၍ ျပည္သူမ်ား၏ အသက္အႏၲရာယ္အား ထိခိုက္ေစရန္ ရည္ရြယ္ျပင္ဆင္ထားသည္ကို မ်က္ျမင္ေတြ႕ရွိရေၾကာင္း မဟာမိတ္အဖြဲ႕မ်ား၏ ထုတ္ျပန္ခ်က္တြင္ ​ေဖာ္ျပသည္။

ျပည္သူမ်ားအေနျဖင့္ အေရးေပၚက်န္းမာေရးကိစၥျဖင့္ သြားလာမည္ဆိုပါက သက္ဆိုင္ရာ အဖြဲ႕အစည္းအသီးသီးသို႔ ဆက္သြယ္ခ်ိတ္ဆက္ၿပီးမွသာ အျခားလမ္းမ်ားက သြားလာၾကရန္၊ ျပည္သူမ်ား၏ လုံျခဳံေရးအတြက္ ယာယီလမ္းပိတ္သိမ္းရျခင္းျဖစ္ၿပီး ျပည္သူမ်ားပူးေပါင္းေဆာင္ရြက္ရန္ မဟာမိတ္အဖြဲ႕မ်ားကေမတၱာရပ္ခံသည္။

ပူးေပါင္းေဆာင္ရြက္ျခင္းမရွိဘဲ သြားလာေနပါက လုံျခဳံေရး တာဝန္ယူမည္မဟုတ္ေၾကာင္း၊ အၾကမ္းဖက္စစ္ေကာင္စီက ျပည္သူႏွင့္ ျပည္သူ႔ရဲေဘာ္မ်ားအား ေသြးခြဲရန္ႀကံစည္ေန၍ ျပည္သူမ်ားအေနျဖင့္ အဆိုပါလမ္းပိုင္းအား စစ္ေရးသတိ၊ လုံျခဳံေရးအသိျဖင့္ အဆိုပါလမ္းပိုင္းအား အသုံးမျပဳၾကရန္ မဟာမိတ္အဖြဲ႕မ်ားကအသိေပးသည္။

မဟာမိတ္အဖြဲ႕မ်ားတြင္ “ခ်ိဳမိုင္မိုင္” ယင္းမာပင္၊ ကနီမဟာမိတ္တပ္ေပါင္းစု၊ Yinmabin Local Defence Force၊ Chindwin Galone Yarzar Guerrilla Defence Force၊ Alpha Special Force၊ Monywa True Of Force(MTOF)တို႔ပါဝင္သည္။

မုံရြာခရိုင္၊ ေခ်ာင္းဦးၿမိဳ႕နယ္ရွိ ေခ်ာင္းဦး-ပခုကၠဴလမ္းပိုင္းကိုလည္း ယေန႔နံနက္ခင္းမွစတင္ကာ သြားလာခြင့္ယာယီပိတ္ထားသည္။

Crd

Leave a Reply

Your email address will not be published.