Breaking News- ဥကရစ်ထစခန်းကို ဗုံးကျဲပြန်လာသော တိုက် လေယာဉ် ၁ စင်း အင်ဂျင်ထဲ ငှက်ဝင်၍ ပျက် စီးသွား

News

Breaking News- ဥကရစ်ထစခန်းအနီးကို ဗုံးကျဲပြန်လာသော စစ်ကောင်စီ၏ YAK 130 တိုက် လေယာဉ် ၁ စင်း အင်ဂျင်ထဲ ငှက်ဝင်၍ သုံးမရသည်အထိ ပျက် စီးသွား

ရန်ကုန်၊ ဇွန် ၂၉

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ စစ်ကောင်စီ၏ ဥကရစ်ထစခန်းကို KNDO နှင့် PDF ပူးပေါင်း တပ်များက သိမ်းပိုက် နိုင်ရေး တိုက်ခိုက်လျက်ရှိပြီး ယင်းတိုက် ခိုက် မှုများကို စစ်တပ်က တိုက်လေယာဉ်များဖြင့် အသုံးပြု၍ ခုခံလျက် ရှိရာမှ ယနေ့ နံနက်ပိုင်း စစ်ကောင်စီ၏ YAK-130 တိုက်လေယာဉ်တစ်စင်း ဗုံးကျဲ ပြီး အပြန် အင်ဂျင်ထဲ ငှက်ဝင်၍ သုံးမရသည်အထိ ပျက်စီးသွား ကြောင်း လေတပ် သတင်း ရင်းမြစ် Operation Spitfire က ပြောသည်။

ဇွန်လ ၂၆ ရက် နေ့မှစတင်ပြီး ဥကရစ်ထ စစ်ကောင်စီ၏ တပ်စခန်း ကို တပ် ရင်း မှူး ဒုတိယ ဗိုလ်မှူးကြီးစောစလုံး ဦးဆောင်သော KNDO အထူး ကွန် မန်ဒို တပ်ရင်း၊ ဗိုလ်မှူးစောဝင်းမြင့် အထူးစစ်ကြောင်း (Venom)နှင့် ဗိုလ်ဒါ ဘော့ ဦးဆောင်သော KNLA Cobra စစ်ကြောင်းတို့က တိုက်ခိုက် နေခြင်း ဖြစ်ပြီး စစ်ကောင်စီဘက်က လေကြောင်းပစ်ကူဖြင့် အပြင်းအထန် ခုခံနေ ခြင်းဖြစ်သည်။

ယနေ့နံနက်ပိုင်း ဥကရစ်ထ စခန်းအနီးကို ဗုံးကျဲတိုက်ခိုက်ရန်သွားခဲ့သည့် စစ်ကောင် စီတပ်၏ YAK 130 တိုက်လေယာဉ်သည် အင်ဂျင်ထဲသို့ ငှက်ဝင် သဖြင့် မှော်ဘီလေတပ်သို့ ပြန်လည် မောင်းနှင်ပြီး ဆင်းသက်ခဲ့ရကြောင်း ၊ လက်ရှိ တွင် အဆိုပါတိုက်လေယာဉ်သည် အင်ဂျင် ပျက်စီးသွားပြီး ပြန်လည် အသုံးပြု မရတော့ကြောင်း၊ မှော်ဘီလေတပ် တွင် YAK-130 ၆ စီးရှိရာ ၁ စီး ပျက်စီးသွား၍ ၅ စီးသာကျန်ရှိတော့သည်ဟု သိရှိရသည်။

“ဥကရစ်ထ စခန်းနားကို ဗုံးကျဲပြီးပြန်လာတဲ့ YAK- 130 တိုက်လေယာဉ်က အင်ဂျင် ထဲ ငှက်ဝင်သွားတယ်။ အဆင်းမှာ ဖြစ်တာ။ မှော်ဘီလေတပ်ကို လေ ယာဉ်က ပြန်ဆင်းလိုက်နိုင်တယ်။ ဒါပေမယ့် တိုက်လေယာဉ်က ပြန်သုံး လို့ မရသေးဘူး။ မနေ့ကလည်း ည၁၂ နာရီထိ တိုက်လေယာဉ် နဲ့ အဲဒီဘက်ကို ဗုံးကျဲ ဖို့ သူတို့လုပ်ထားတာ ရာသီဥတုမကောင်းတော့ ပြန်လှည့် သွားတာ။ မှော်ဘီ လေတပ်မှာက YAK-130 ၆ စီးထားတာမှာ လောလောဆယ် ၁ စီး ကြွ​ သွားပြီ” ဟု Operation Spitfire က ဆိုသည်။

YAK- 130 တိုက်လေယာဉ်များသည် ရုရှားထုတ်ဖြစ်ပြီး တစ်စီးလျှင် အမေရိ ကန် ဒေါ်လာ ၁၅ သန်း စျေးပေါက်ကြောင်း၊ မြန်မာနိုင်ငံတွင် YAK 130 တိုက် လေယာဉ် ၁၈ စီးရှိကြောင်း သိရှိရသည်။

YAK- 130 တိုက်လေယာဉ်များကို လက်ရှိ တိုင်းရင်းသားဒေသများကို ဗုံးကျဲ တိုက် ခိုက်ရာတွင် အကြမ်းဖက် စစ်ကောင်စီက အသုံးပြုလျက်ရှိကြောင်း၊ YAK 130 တိုက်လေယာဉ်များကို အကြမ်းဖက် မင်းအောင်လှိုင်လက်ထက်တွင် ရုရှား ထံမှ မှာယူရန် ၂၀၁၅ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ် တွင် ပထမ ၃ စီးရောက် ရှိလာ‌ ကြောင်း၊ ယင်းနောက် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ အထိ ဝယ်ယူထားသော YAK 130 လေယာဉ် ၁၈ စီး ရောက်ရှိခဲ့ကြောင်း သိရှိ ရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်၏ YAK 130 တိုက်လေယာဉ်တစ်စီး။

Crd

Unicode

Breaking News- ဥကရစ္ထစခန္းအနီးကို ဗုံးက်ဲျပန္လာေသာ စစ္ေကာင္စီ၏ YAK 130 တိုက္ ေလယာဥ္ ၁ စင္း အင္ဂ်င္ထဲ ငွက္ဝင္၍ သုံးမရသည္အထိ ပ်က္ စီးသြား

ရန္ကုန္၊ ဇြန္ ၂၉

ကရင္ျပည္နယ္၊ ျမ၀တီၿမိဳ႕နယ္၊ စစ္ေကာင္စီ၏ ဥကရစ္ထစခန္းကို KNDO ႏွင့္ PDF ပူးေပါင္း တပ္မ်ားက သိမ္းပိုက္ နိုင္ေရး တိုက္ခိုက္လ်က္ရွိၿပီး ယင္းတိုက္ ခိုက္ မႈမ်ားကို စစ္တပ္က တိုက္ေလယာဥ္မ်ားျဖင့္ အသုံးျပဳ၍ ခုခံလ်က္ ရွိရာမွ ယေန႔ နံနက္ပိုင္း စစ္ေကာင္စီ၏ YAK-130 တိုက္ေလယာဥ္တစ္စင္း ဗုံးက်ဲ ၿပီး အျပန္ အင္ဂ်င္ထဲ ငွက္ဝင္၍ သုံးမရသည္အထိ ပ်က္စီးသြား ေၾကာင္း ေလတပ္ သတင္း ရင္းျမစ္ Operation Spitfire က ေျပာသည္။

ဇြန္လ ၂၆ ရက္ ေန႔မွစတင္ၿပီး ဥကရစ္ထ စစ္ေကာင္စီ၏ တပ္စခန္း ကို တပ္ ရင္း မႉး ဒုတိယ ဗိုလ္မႉးႀကီးေစာစလုံး ဦးေဆာင္ေသာ KNDO အထူး ကြန္ မန္ဒို တပ္ရင္း၊ ဗိုလ္မႉးေစာဝင္းျမင့္ အထူးစစ္ေၾကာင္း (Venom)ႏွင့္ ဗိုလ္ဒါ ေဘာ့ ဦးေဆာင္ေသာ KNLA Cobra စစ္ေၾကာင္းတို႔က တိုက္ခိုက္ ေနျခင္း ျဖစ္ၿပီး စစ္ေကာင္စီဘက္က ေလေၾကာင္းပစ္ကူျဖင့္ အျပင္းအထန္ ခုခံေန ျခင္းျဖစ္သည္။

ယေန႔နံနက္ပိုင္း ဥကရစ္ထ စခန္းအနီးကို ဗုံးက်ဲတိုက္ခိုက္ရန္သြားခဲ့သည့္ စစ္ေကာင္ စီတပ္၏ YAK 130 တိုက္ေလယာဥ္သည္ အင္ဂ်င္ထဲသို႔ ငွက္ဝင္ သျဖင့္ ေမွာ္ဘီေလတပ္သို႔ ျပန္လည္ ေမာင္းႏွင္ၿပီး ဆင္းသက္ခဲ့ရေၾကာင္း ၊ လက္ရွိ တြင္ အဆိုပါတိုက္ေလယာဥ္သည္ အင္ဂ်င္ ပ်က္စီးသြားၿပီး ျပန္လည္ အသုံးျပဳ မရေတာ့ေၾကာင္း၊ ေမွာ္ဘီေလတပ္ တြင္ YAK-130 ၆ စီးရွိရာ ၁ စီး ပ်က္စီးသြား၍ ၅ စီးသာက်န္ရွိေတာ့သည္ဟု သိရွိရသည္။

“ဥကရစ္ထ စခန္းနားကို ဗုံးက်ဲၿပီးျပန္လာတဲ့ YAK- 130 တိုက္ေလယာဥ္က အင္ဂ်င္ ထဲ ငွက္ဝင္သြားတယ္။ အဆင္းမွာ ျဖစ္တာ။ ေမွာ္ဘီေလတပ္ကို ေလ ယာဥ္က ျပန္ဆင္းလိုက္နိုင္တယ္။ ဒါေပမယ့္ တိုက္ေလယာဥ္က ျပန္သုံး လို႔ မရေသးဘူး။ မေန႔ကလည္း ည၁၂ နာရီထိ တိုက္ေလယာဥ္ နဲ႔ အဲဒီဘက္ကို ဗုံးက်ဲ ဖို႔ သူတို႔လုပ္ထားတာ ရာသီဥတုမေကာင္းေတာ့ ျပန္လွည့္ သြားတာ။ ေမွာ္ဘီ ေလတပ္မွာက YAK-130 ၆ စီးထားတာမွာ ေလာေလာဆယ္ ၁ စီး ႂကြ​ သြားၿပီ” ဟု Operation Spitfire က ဆိုသည္။

YAK- 130 တိုက္ေလယာဥ္မ်ားသည္ ႐ုရွားထုတ္ျဖစ္ၿပီး တစ္စီးလၽွင္ အေမရိ ကန္ ေဒၚလာ ၁၅ သန္း ေစ်းေပါက္ေၾကာင္း၊ ျမန္မာနိုင္ငံတြင္ YAK 130 တိုက္ ေလယာဥ္ ၁၈ စီးရွိေၾကာင္း သိရွိရသည္။

YAK- 130 တိုက္ေလယာဥ္မ်ားကို လက္ရွိ တိုင္းရင္းသားေဒသမ်ားကို ဗုံးက်ဲ တိုက္ ခိုက္ရာတြင္ အၾကမ္းဖက္ စစ္ေကာင္စီက အသုံးျပဳလ်က္ရွိေၾကာင္း၊ YAK 130 တိုက္ေလယာဥ္မ်ားကို အၾကမ္းဖက္ မင္းေအာင္လွိုင္လက္ထက္တြင္ ႐ုရွား ထံမွ မွာယူရန္ ၂၀၁၅ ခုႏွစ္တြင္ လက္မွတ္ေရးထိုးခဲ့ေၾကာင္း၊ ၂၀၁၇ ခုႏွစ္ တြင္ ပထမ ၃ စီးေရာက္ ရွိလာ‌ ေၾကာင္း၊ ယင္းေနာက္ ၂၀၂၁ ခုႏွစ္ ဒီဇင္ဘာလ အထိ ဝယ္ယူထားေသာ YAK 130 ေလယာဥ္ ၁၈ စီး ေရာက္ရွိခဲ့ေၾကာင္း သိရွိ ရသည္။

ဓာတ္ပုံ- အၾကမ္းဖက္စစ္တပ္၏ YAK 130 တိုက္ေလယာဥ္တစ္စီး။

Crd

Leave a Reply

Your email address will not be published.