နှစ်နှစ်ဆက်တိုက် မကျင်းပဖြစ်ခဲ့တဲ့ ကမ္ဘာ့အကြီးဆုံး ဘီယာပွဲတော် အခုနှစ် ပြန်လည်ကျင်းပမည်

News

နှစ်နှစ်ဆက်တိုက် မကျင်းပဖြစ်ခဲ့တဲ့ ကမ္ဘာ့အကြီးဆုံး ဘီယာပွဲတော် အခုနှစ် ပြန်လည်ကျင်းပမည်

ကမ္ဘာပေါ်မှာ အကြီးဆုံး ဘီယာပွဲတော် Oktoberfest ဟာ အငြင်းပွားဖွယ်ရာ မရှိသော အကောင်းဆုံး ဘီယာပွဲတော် တစ်ခု ဖြစ်ပါတယ်။

ကမ္ဘာ့ကပ်ရောဂါ အခြေအနေတွေအရ နှစ်နှစ်ဆက်တိုက် မကျင်းပဖြစ်ခဲ့တဲ့ ဂျာမနီနိုင်ငံရဲ့ နာမည်ကျော် Oktoberfest ဘီယာပွဲတော်ကို မြူးနစ်ချ်မြို့မှာ အခုနှစ် ပြန်လည် ကျင်းပသွားမယ်လို့ သိရပါတယ်။

နှစ်စဉ် ကျင်းပနေတဲ့ ဒီပွဲတော်က ဂျာမနီနိုင်ငံရဲ့ အထူးထင်ရှားတဲ့ ပွဲတော်ဖြစ်တာကြောင့် ပါဝင်ဆင်နွှဲသူ ခုနစ်သန်းကျော်မျှရှိခဲ့ပြီး ကမ္ဘာတစ်ဝန်းက ဧည့်သည်တွေလည်း လာရောက် ဆင်နွှဲ ခဲ့ကြတယ်လို့ သိရပါတယ်။

MUNICH, GERMANY – SEPTEMBER 22: Visitors celebrate in a beer tent on the opening day of the 2018 Oktoberfest beer festival on September 22, 2018 in Munich, Germany. The Oktoberfest lasts until October 7 and is the world’s largest beer festival. The beer festival typically draws over six million visitors. (Photo by Alexandra Beier/Getty Images)

ယူကရိန်းနိုင်ငံမှာလည်း စစ်ပွဲဖြစ်ပွားနေချိန် ဖြစ်တာကြောင့် အခုလို ပျော်ပွဲရွှင်ပွဲတွေက မတော်မရော် ဖြစ်သွားစေမှာကို စိုးရိမ်မှုတွေလည်း ရှိခဲ့ရပြီး အခုလို ပွဲတော်ပြန် ကျင်းပဖို့ ဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရတာပါလို့ မြူးနစ်ချ်မြို့တော်ဝန် ဒီယက်တာရိုက်တာက ဆိုပါတယ်။

တရားဥပဒေအရ ချမှတ် ညွှန်ကြားထားတဲ့ အခြေခံ တားမြစ်ချက်တွေ မရှိတော့တာကြောင့် ပွဲတော်ကို လာရောက်မယ့် ဧည့်သည်တွေကို ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ စည်းမျဉ်းတင်းကျပ်မှုတွေ ချမှတ်ထားမှာ မဟုတ်ပါဘူးလို့ ၎င်းက ဆိုပါတယ်။

ဘီယာပွဲတော် Oktoberfest ကို စက်တင်ဘာလ ၁၇ ရက်ကနေ အောက်တိုဘာလ ၃ ရက်အထိ မြူးနစ်ချ်မြို့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်လို့ ၎င်းက ဆိုပါတယ်။

ကပ်ရောဂါကာလ မတိုင်မီ နောက်ဆုံးကျင်းပဖြစ်ခဲ့တဲ့ Oktoberfest ပွဲတော်မှာ ဧည့်သည် စုစုပေါင်း ၆ ဒသမ ၃ သန်းကျော် ဆင်နွှဲခဲ့ကြပြီး ဘီယာလီတာပေါင်း ၇ ဒသ မ ၃ သန်းကျော် သောက်သုံးခဲ့ကြတယ် လို့ သိပါတယ်။

Oktoberfest, the world’s largest beer festival

Crd

Leave a Reply

Your email address will not be published.