ယင်းမာပင် PDF ခေါင်းဆောင် ဗိုလ်ဂဠုန် ပစ်ခတ်လုပ်ကြံခံရကာ သေဆုံး
ယင်းမာပင်၊ ဇွန် ၂၈
လူငယ့်ခေတ်
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်၏ ခေါင်းဆောင်ဖြစ်သူ ဗိုလ်ဂဠုန်ကို အမည်မသိ သေနတ်သမားက ဇွန်လ ၂၇ ရက် ညပိုင်းက ပစ်ခတ်လုပ်ကြံခဲ့ကြောင်း သိရသည်။




ဗိုလ်ဂဠုန်သည် အိန္ဒိယနိုင်ငံထုတ် ၉ မမ ကျည်ဖြင့် ၎င်း၏နေအိမ်တံခါး၀တွင် ပစ်ခတ်လုပ်ကြံခံရခြင်းဖြစ်သည်။
ဇွန်လ ၂၈ ရက်တွင် ဗိုလ်ဂဠုန်၏ ရုပ်အလောင်းကို မီးသဂြိုလ်ပေးခဲ့သော်လည်း အမိန့်ပြန်တမ်းကို အထိမ်းအမှတ် ကျောက်တိုင် ပြုလုပ်ပြီးမှသာ ဆောင်ရွက်မည်ဟု ယင်းမာပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် တာ၀န်ရှိသူကပြောသည်။




“မနေ့က (၂၇ ရက်) ဗိုလ်ဂဠုန် ကျောက်မှော်ဘက်ကိုသွားတယ်။ အပြန်မှာ သူ့အသိဆိုတဲ့ လူ ၂ ဦးပါလာတယ်။ ဗိုလ်ဂဠုန်က သူ့အိမ်ပြန်သွားပြီး ဧည့်သည်နှစ်ယောက်ကိုတော့ စခန်းမှာ အိပ်ဖို့စီစဉ်ပေးခဲ့တာပါ” ၎င်းကပြောသည်။
ဗိုလ်ဂဠုန်လုပ်ကြံခံရပြီးနောက် ဗိုလ်ဂဠုန်နှင့် အတူပါလာသည့် အမည်မသိဧည့်သည် ၂ ဦးသည် ကျေးရွာတွင် မရှိတော့ဘဲ ပျောက်သွားကြောင်း လုပ်ကြံသူ၏သဲလွန်စနှင့်ပတ်သက်၍ ပွိုင့်ဖိနပ်တစ်ဖက်သာ ရရှိခဲ့ကြောင်း ယင်းမာပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် တာ၀န်ရှိသူကပြောသည်။




“ဗိုလ်ဂဠုန်သွားလေရာပါတဲ့ လူယုံပြောပြတာကလည်း ဧည့်စိမ်းနှစ်ယောက်နဲ့ လမ်းမှာတွေ့တာ၊ သူတို့နှစ်ယောက်ကိုလည်း ဗိုလ်ဂဠုန်ကပဲ ခေါ်လာတာ။ ရွာနဲ့ စခန်းက ဆိုင်ကယ်နဲ့ဆို မိနစ် ၂၀ လောက်ပဲ ဝေးတယ်”ဟု ၎င်းကပြောသည်။
ယင်းမာပင် မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ခေါင်းဆောင် ဗိုလ်ဂဠုန်သည် စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းမှ စတင်ကာ ဒေသတွင်း တဝိုက်တွင် တော်လှန်ရေး အတွက် လုပ်ဆောင်ခဲ့သူ ဖြစ်ပြီး ၎င်းတို့၏ တပ်ဖွဲ့ သည် အကြမ်းဖက် စစ်ကောင်စီ တပ်များကို နည်းလမ်းမျိုးစုံ အသုံးပြုကာတိုက်ခိုက် တော်လှန်နေသည့် အဖွဲ့တဖွဲ့ ဖြစ်သည်။




ဓာတ်ပုံ- ပစ်ခတ်လုပ်ကြံခံရသည့် ဗိုလ်ဂဠုန်၏ နာရေး
Crd
Unicode
ယင္းမာပင္ PDF ေခါင္းေဆာင္ ဗိုလ္ဂဠဳန္ ပစ္ခတ္လုပ္ႀကံခံရကာ ေသဆုံး
ယင္းမာပင္၊ ဇြန္ ၂၈
လူငယ့္ေခတ္
စစ္ကိုင္းတိုင္း ယင္းမာပင္ၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးတပ္၏ ေခါင္းေဆာင္ျဖစ္သူ ဗိုလ္ဂဠဳန္ကို အမည္မသိ ေသနတ္သမားက ဇြန္လ ၂၇ ရက္ ညပိုင္းက ပစ္ခတ္လုပ္ႀကံခဲ့ေၾကာင္း သိရသည္။




ဗိုလ္ဂဠဳန္သည္ အိႏၵိယနိုင္ငံထုတ္ ၉ မမ က်ည္ျဖင့္ ၎၏ေနအိမ္တံခါး၀တြင္ ပစ္ခတ္လုပ္ႀကံခံရျခင္းျဖစ္သည္။
ဇြန္လ ၂၈ ရက္တြင္ ဗိုလ္ဂဠဳန္၏ ႐ုပ္အေလာင္းကို မီးသၿဂိဳလ္ေပးခဲ့ေသာ္လည္း အမိန႔္ျပန္တမ္းကို အထိမ္းအမွတ္ ေက်ာက္တိုင္ ျပဳလုပ္ၿပီးမွသာ ေဆာင္ရြက္မည္ဟု ယင္းမာပင္ၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးတပ္ တာ၀န္ရွိသူကေျပာသည္။




“မေန႔က (၂၇ ရက္) ဗိုလ္ဂဠဳန္ ေက်ာက္ေမွာ္ဘက္ကိုသြားတယ္။ အျပန္မွာ သူ႔အသိဆိုတဲ့ လူ ၂ ဦးပါလာတယ္။ ဗိုလ္ဂဠဳန္က သူ႔အိမ္ျပန္သြားၿပီး ဧည့္သည္ႏွစ္ေယာက္ကိုေတာ့ စခန္းမွာ အိပ္ဖို႔စီစဥ္ေပးခဲ့တာပါ” ၎ကေျပာသည္။
ဗိုလ္ဂဠဳန္လုပ္ႀကံခံရၿပီးေနာက္ ဗိုလ္ဂဠဳန္ႏွင့္ အတူပါလာသည့္ အမည္မသိဧည့္သည္ ၂ ဦးသည္ ေက်းရြာတြင္ မရွိေတာ့ဘဲ ေပ်ာက္သြားေၾကာင္း လုပ္ႀကံသူ၏သဲလြန္စႏွင့္ပတ္သက္၍ ပြိဳင့္ဖိနပ္တစ္ဖက္သာ ရရွိခဲ့ေၾကာင္း ယင္းမာပင္ၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးတပ္ တာ၀န္ရွိသူကေျပာသည္။




“ဗိုလ္ဂဠဳန္သြားေလရာပါတဲ့ လူယုံေျပာျပတာကလည္း ဧည့္စိမ္းႏွစ္ေယာက္နဲ႔ လမ္းမွာေတြ႕တာ၊ သူတို႔ႏွစ္ေယာက္ကိုလည္း ဗိုလ္ဂဠဳန္ကပဲ ေခၚလာတာ။ ရြာနဲ႔ စခန္းက ဆိုင္ကယ္နဲ႔ဆို မိနစ္ ၂၀ ေလာက္ပဲ ေဝးတယ္”ဟု ၎ကေျပာသည္။




ယင္းမာပင္ ၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးတပ္ ေခါင္းေဆာင္ ဗိုလ္ဂဠဳန္သည္ စစ္တပ္အာဏာသိမ္းၿပီး ေနာက္ပိုင္းမွ စတင္ကာ ေဒသတြင္း တဝိုက္တြင္ ေတာ္လွန္ေရး အတြက္ လုပ္ေဆာင္ခဲ့သူ ျဖစ္ၿပီး ၎တို႔၏ တပ္ဖြဲ႕ သည္ အၾကမ္းဖက္ စစ္ေကာင္စီ တပ္မ်ားကို နည္းလမ္းမ်ိဳးစုံ အသုံးျပဳကာတိုက္ခိုက္ ေတာ္လွန္ေနသည့္ အဖြဲ႕တဖြဲ႕ ျဖစ္သည္။
ဓာတ္ပုံ- ပစ္ခတ္လုပ္ႀကံခံရသည့္ ဗိုလ္ဂဠဳန္၏ နာေရး
Crd