ဥကရစ်ထစစ်ဆင်ရေး ခြေကုပ်စခန်း
ဥကရစ်ထစခန်း ဖက်ခြမ်းဂွင်တွေကို ကျွန်တော်တစ်ခါမှ မရောက်ဘူးသလို EAOs အဖွဲ့တွေနဲ့ပါ မထိတွေ့ဖူးပါဘူး။စစ်တပ်ရဲ့ ယခင်အဆိုအရ ကရင်ဆော်ဒါ မသောက်ဖူးရင် ခေတ်မမီဘူးဆိုတော့ ကျွန်တော် ခေတ်မမီပါဘူး။




တိုက်ပွဲတစ်ပွဲပြီးမှ တိုက်ပွဲသုံးသပ်ချက် ရေးရတာမှန်ပေမယ့် ဒီတစ်ပွဲတော့ ကြိုရေးထားချင်တယ်။
ဒီစခန်းတိုက်ပွဲမှာ တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေဟာ အချိန်ယူပြီး စနစ်တ ကျပြင်ဆင်ခဲ့တဲ့ အပိုင်းကတော့ပြောစရာမလိုလောက်ပါဘူး။ပြည့်စုံမယ်ဆိုတာသိပြီးသားပါ။စိတ်ဓာတ်ပိုင်းနဲ့ဆိုရင်လည်း တော်လှန်ရေးဖက်ကတော်တော် အသာစီးရထားပါတယ်။အမြဲအောင်ပွဲရတဲ့ အတွေ့အကြုံကလည်း ရှိပြီးသား။
သာလွန်အင်အားနဲ့ အလစ်အငိုက်ဝင်တိုက်တယ်။ဒါပေမဲ့ စစ်တပ်က မပေါ့ဆဘဲ ထိုင်စောင့်နေတဲ့ သဘောရှိတယ်။ဒါဘာဖြစ်လို့လဲဆိုတော့ အရင်က အမြဲခံနေရတာကြောင့်ရယ်။




ပြီးတော့ သတင်းရထားတဲ့ အနေအထားကြောင့်ရယ်ပါပဲ။ပြီးတော့ စစ်တပ်က ရိုက်သွင်းလိုက်တယ်။” မင်းတို့ တေ သည်အထိချ အရှင်မိရင် ဟိုဖက်က ပြန်လက်စားချေမှာ ” စခန်းစွန့်ပြန်ရင်လည်း အရေးယူမယ်ဆိုတော့ ကြောက်ကြောက်နဲ့ ချနေတာလည်းပါတယ်။
ပြီးတော့ စစ်ကူမရောက်ခင် လေတပ်ကရောက်လာတယ်။အဲဒီမှာ တစ်ဖက်ကပြောနေတာက “ငှက်ကိုမကင်ဘူးလား။ဘာလား စစ်တိုက်နေရတာ လွယ်တာမဟုတ်ဘူး။ဘေးကနေ ပြောရတာက လွယ်လွယ်လေး” ။




ဝယ်ထားတဲ့ စက်သေနတ်ကြီးဆိုတာက သေသေချာချာ ကျွမ်းကျွမ်းကျင်ကျင် ချိန်ပြီးပစ်ရတာ။အရင်ခေတ်တွေတည်းက လေတပ်က ငှက်ကို အောက်ကနေ အပြီးပစ်ချနိုင်ခဲ့တာဆိုလို့ မြောက်ပိုင်းမှာ တစ်စီးနှစ်စီးပဲရှိခဲ့ဖူးတယ်။
ငှက်ပစ်တယ်ဆိုတာ ထင်သ လောက်တော့ မရိုးရှင်းဘူး။ ဂျတ်ကားတွေထဲမှာတော့ ဟုတ် တာပေါ့ ဒါကြောင့် ငှက်ကင်ဆိုတိုင်းလည်း လွယ်လှတာတော့ မဟုတ်ဘူးရယ်?
ဒါကြောင့် ဒီစခန်းကို အခုမသိမ်းနိုင်သေးလဲဘာမှမဖြစ်ဘူး။နောက်တစ်နေရာ ပြောင်းတိုက်လို့ရသေးတယ်။ကိုယ့်ဖက်က မနာဖို့ဘဲ အရေးကြီးတယ်။ဒါကြောင့် ဒီလောက်ဘဲပြောချင်ပါတယ်။




စစ်တပ်ကို ခံစစ်ကနေ တိုက်စစ် မပြောင်းနိုင်သေးခင် ကိုယ့်ဘက်က ဗျူဟာပြောင်းနိုင်ပါစေ ။
( ၂၀၂၂ ဇွန်လ ၂၈ရက် )မနက် ၀၉: ၅၅တွင် ရေးပြီးသည်။
ဇင်ယော်
Crd
Unicode
ဥကရစ္ထစစ္ဆင္ေရး ေျခကုပ္စခန္း
ဥကရစ္ထစခန္း ဖက္ျခမ္းဂြင္ေတြကို ကၽြန္ေတာ္တစ္ခါမွ မေရာက္ဘူးသလို EAOs အဖြဲ႕ေတြနဲ႔ပါ မထိေတြ႕ဖူးပါဘူး။စစ္တပ္ရဲ့ ယခင္အဆိုအရ ကရင္ေဆာ္ဒါ မေသာက္ဖူးရင္ ေခတ္မမီဘူးဆိုေတာ့ ကၽြန္ေတာ္ ေခတ္မမီပါဘူး။




တိုက္ပြဲတစ္ပြဲၿပီးမွ တိုက္ပြဲသုံးသပ္ခ်က္ ေရးရတာမွန္ေပမယ့္ ဒီတစ္ပြဲေတာ့ ႀကိဳေရးထားခ်င္တယ္။
ဒီစခန္းတိုက္ပြဲမွာ ေတာ္လွန္ေရး ပူးေပါင္းအဖြဲ႕ေတြဟာ အခ်ိန္ယူၿပီး စနစ္တ က်ျပင္ဆင္ခဲ့တဲ့ အပိုင္းကေတာ့ေျပာစရာမလိုေလာက္ပါဘူး။ျပည့္စုံမယ္ဆိုတာသိၿပီးသားပါ။စိတ္ဓာတ္ပိုင္းနဲ႔ဆိုရင္လည္း ေတာ္လွန္ေရးဖက္ကေတာ္ေတာ္ အသာစီးရထားပါတယ္။အျမဲေအာင္ပြဲရတဲ့ အေတြ႕အၾကဳံကလည္း ရွိၿပီးသား။
သာလြန္အင္အားနဲ႔ အလစ္အငိုက္ဝင္တိုက္တယ္။ဒါေပမဲ့ စစ္တပ္က မေပါ့ဆဘဲ ထိုင္ေစာင့္ေနတဲ့ သေဘာရွိတယ္။ဒါဘာျဖစ္လို႔လဲဆိုေတာ့ အရင္က အျမဲခံေနရတာေၾကာင့္ရယ္။




ၿပီးေတာ့ သတင္းရထားတဲ့ အေနအထားေၾကာင့္ရယ္ပါပဲ။ၿပီးေတာ့ စစ္တပ္က ရိုက္သြင္းလိုက္တယ္။” မင္းတို႔ ေတ သည္အထိခ် အရွင္မိရင္ ဟိုဖက္က ျပန္လက္စားေခ်မွာ ” စခန္းစြန္႔ျပန္ရင္လည္း အေရးယူမယ္ဆိုေတာ့ ေၾကာက္ေၾကာက္နဲ႔ ခ်ေနတာလည္းပါတယ္။
ၿပီးေတာ့ စစ္ကူမေရာက္ခင္ ေလတပ္ကေရာက္လာတယ္။အဲဒီမွာ တစ္ဖက္ကေျပာေနတာက “ငွက္ကိုမကင္ဘူးလား။ဘာလား စစ္တိုက္ေနရတာ လြယ္တာမဟုတ္ဘူး။ေဘးကေန ေျပာရတာက လြယ္လြယ္ေလး” ။




ဝယ္ထားတဲ့ စက္ေသနတ္ႀကီးဆိုတာက ေသေသခ်ာခ်ာ ကၽြမ္းကၽြမ္းက်င္က်င္ ခ်ိန္ၿပီးပစ္ရတာ။အရင္ေခတ္ေတြတည္းက ေလတပ္က ငွက္ကို ေအာက္ကေန အၿပီးပစ္ခ်နိုင္ခဲ့တာဆိုလို႔ ေျမာက္ပိုင္းမွာ တစ္စီးႏွစ္စီးပဲရွိခဲ့ဖူးတယ္။
ငွက္ပစ္တယ္ဆိုတာ ထင္သ ေလာက္ေတာ့ မရိုးရွင္းဘူး။ ဂ်တ္ကားေတြထဲမွာေတာ့ ဟုတ္ တာေပါ့ ဒါေၾကာင့္ ငွက္ကင္ဆိုတိုင္းလည္း လြယ္လွတာေတာ့ မဟုတ္ဘူးရယ္?




ဒါေၾကာင့္ ဒီစခန္းကို အခုမသိမ္းနိုင္ေသးလဲဘာမွမျဖစ္ဘူး။ေနာက္တစ္ေနရာ ေျပာင္းတိုက္လို႔ရေသးတယ္။ကိုယ့္ဖက္က မနာဖို႔ဘဲ အေရးႀကီးတယ္။ဒါေၾကာင့္ ဒီေလာက္ဘဲေျပာခ်င္ပါတယ္။
စစ္တပ္ကို ခံစစ္ကေန တိုက္စစ္ မေျပာင္းနိုင္ေသးခင္ ကိုယ့္ဘက္က ဗ်ဴဟာေျပာင္းနိုင္ပါေစ ။
( ၂၀၂၂ ဇြန္လ ၂၈ရက္ )မနက္ ၀၉: ၅၅တြင္ ေရးၿပီးသည္။
ဇင္ေယာ္
Crd