ဒေါ်အောင်ဆန်းစုကြည် တက္ကသိုလ်ရိပ်သာလမ်းအိမ် အမွေကိစ္စ တနင်္လာနေ့က ကြားနာခဲ့ပြီး သုံးလအတွင်း တရားရုံးက အပြီးသတ်ဆုံးဖြတ်ပေးနိုင်ဖွယ်ရှိ

News

ေဒၚေအာင္ဆန္းစုၾကည္ တကၠသိုလ္ရိပ္သာလမ္းအိမ္ အေမြကိစၥ တနလၤာေန႔က ၾကားနာခဲ့ၿပီး သုံးလအတြင္း တရား႐ုံးက အၿပီးသတ္ဆုံးျဖတ္ေပးႏိုင္ဖြယ္ရွိ

BVJ-ဇြန္၂၈၊၂၀၂၂

ေဒၚေအာင္ဆန္းစုၾကည္နဲ႔ အစ္ကိုျဖစ္သူ ဦးေအာင္ဆန္းဦးတို႔အၾကား အျငင္းပြားေနတဲ့ တကၠသိုလ္ရိပ္သာလမ္း ၿခံအမွတ္ ၅၄ အေမြမႈနဲ႔ပတ္သက္ၿပီး စစ္ေကာင္စီ ျပည္ေထာင္စုတရား႐ုံးမွာ ဇြန္လ ၂၇ ရက္ တနလၤာေန႔က ၾကားနာစစ္ေဆးခဲ့တယ္လို႔ ေအပီသတင္းမွာ ေဖာ္ျပပါတယ္

အိမ္ပိုင္ဆိုင္မႈ ခြဲေဝမယ့္ကိစၥကို တရား႐ုံးက အဆုံးအျဖတ္ေပးဖို႔ ၿပီးခဲ့တဲ့ႏွစ္ေအာက္တိုလာလတုန္းက ဦးေအာင္ဆန္းဦးက အထူးအယူခံလႊာတင္တာကို

တရား႐ုံးကလက္ခံခဲ့ၿပီး ဒီအမႈကို ျပည္ေထာင္စုတရား႐ုံးက သုံးလအတြင္းမွာ အၿပီးသတ္အမိန႔္ခ်ဖို႔ရွိတယ္လို ဦးေအာင္ဆန္းဦးေရွ႕ ေနဦးေအးလြင္က ေအပီသတင္းဌာနကို ေျပာပါတယ္

မေန႔က ၾကားနာစစ္ေဆးမႈမွာ ႏွစ္ဘက္ေရွ႕ေနေတြက ေနာက္ဆုံးေလွ်ာက္ လဲခ်က္ ေပးခဲ့ၾကတယ္ လို႔သိရပါတယ္

အေမရိကန္ႏိုင္ငံမွာ ဆယ္စုႏွစ္ေပါင္းမ်ားစြာ ေနထိုင္ခဲ့တဲ့ ဦးေအာင္ဆန္းဦးက တကၠသိုလ္ရိပ္သာလမ္းက မိသားစုပိုင္ ၂ ဧက က်ယ္တဲ့ ၿခံနဲ႔ ႏွစ္ထပ္အိမ္ကို အေမြခြဲေဝေပးဖို႔ ၂ဝဝဝျပည့္ႏွစ္ေတြကတည္းက တရား႐ုံးမွာ ေလွ်ာက္ထားခဲ့တာျဖစ္ပါတယ္

၂ဝ၁၆ ခုႏွစ္မွာ ရန္ကုန္အေနာက္ပိုင္းခ႐ိုင္ တရား႐ုံးကေန ဒီအိမ္နဲ႔ ၿခံကို ေမာင္ႏွမ ႏွစ္ဦးအၾကား ခြဲေဝပိုင္ဆိုင္ဖို႔ ဆုံးျဖတ္ခ်က္ခ်ေပးခဲ့ေပမဲ့ ဦးေအာင္ဆန္းဦးဘက္က မေက်နပ္တဲ့အတြက္ ဆက္အယူခံဝင္ေနတာ ျဖစ္ပါတယ္

၁၉၈၈ ခုႏွစ္ ဒီဇင္ဘာလမွာ ေဒၚခင္ၾကည္ ကြယ္လြန္ၿပီးတဲ့ေနာက္ ေဒၚေအာင္ဆန္းစုၾကည္ဟာ အဲဒီအိမ္မွာ ဆက္လက္ ေနထိုင္ခဲ့ၿပီး ေနအိမ္အက်ယ္ခ်ဳပ္ခ်ခံခဲ့ရတဲ့ ၁၅ ႏွစ္နီးပါးလည္း အဲဒီေနအိမ္မွာပဲ ေနထိုင္ခဲ့ပါတယ္

အဲဒီၿခံနံပါတ္ ၅၄ အိမ္နဲ႔ ၿခံတန္ဖိုးဟာ အခုအခ်ိန္မွာ အေမရိကန္ေဒၚလာ သန္း ၉ဝ ေလာက္အထိ တန္တယ္လို႔ ဦးေအာင္ဆန္းဦးရဲ႕ေရွ႕ေန ဦးေအးလြင္ကေျပာေပမယ့္လည္း တန္ေက်းအတိအက်ကို အတည္မျပဳႏိုင္ေသးဘူးလို႔ ေအပီသတင္းမွာ ေဖာ္ျပပါတယ္

ေဒၚေအာင္ဆန္းစုၾကည္ကို အေႏွာင့္အယွက္ေပးလိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ ျမန္မာစစ္တပ္က ဦးေအာင္ဆန္းဦး တရားစြဲဆိုတာကို ေနာက္ကြယ္က ကူညီေနတယ္လို႔ ျမန္မာျပည္သူအမ်ားစုက ယုံၾကည္ေနၾကတယ္လို႔ ေအပီသတင္းဌာနမွာ ေရးထားပါတယ္

ပုံ- အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးလာေရာက္လည္ပတ္ခဲ့စဥ္က,

Crd- Burma VJ

Unicode

ဒေါ်အောင်ဆန်းစုကြည် တက္ကသိုလ်ရိပ်သာလမ်းအိမ် အမွေကိစ္စ တနင်္လာနေ့က ကြားနာခဲ့ပြီး သုံးလအတွင်း တရားရုံးက အပြီးသတ်ဆုံးဖြတ်ပေးနိုင်ဖွယ်ရှိ

BVJ-ဇွန်၂၈၊၂၀၂၂

ဒေါ်အောင်ဆန်းစုကြည်နဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးတို့အကြား အငြင်းပွားနေတဲ့ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄ အမွေမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြည်ထောင်စုတရားရုံးမှာ ဇွန်လ ၂၇ ရက် တနင်္လာနေ့က ကြားနာစစ်ဆေးခဲ့တယ်လို့ အေပီသတင်းမှာ ဖော်ပြပါတယ်

အိမ်ပိုင်ဆိုင်မှု ခွဲဝေမယ့်ကိစ္စကို တရားရုံးက အဆုံးအဖြတ်ပေးဖို့ ပြီးခဲ့တဲ့နှစ်အောက်တိုလာလတုန်းက ဦးအောင်ဆန်းဦးက အထူးအယူခံလွှာတင်တာကို

တရားရုံးကလက်ခံခဲ့ပြီး ဒီအမှုကို ပြည်ထောင်စုတရားရုံးက သုံးလအတွင်းမှာ အပြီးသတ်အမိန့်ချဖို့ရှိတယ်လို ဦးအောင်ဆန်းဦးရှေ့ နေဦးအေးလွင်က အေပီသတင်းဌာနကို ပြောပါတယ်

မနေ့က ကြားနာစစ်ဆေးမှုမှာ နှစ်ဘက်ရှေ့နေတွေက နောက်ဆုံးလျှောက် လဲချက် ပေးခဲ့ကြတယ် လို့သိရပါတယ်

အမေရိကန်နိုင်ငံမှာ ဆယ်စုနှစ်ပေါင်းများစွာ နေထိုင်ခဲ့တဲ့ ဦးအောင်ဆန်းဦးက တက္ကသိုလ်ရိပ်သာလမ်းက မိသားစုပိုင် ၂ ဧက ကျယ်တဲ့ ခြံနဲ့ နှစ်ထပ်အိမ်ကို အမွေခွဲဝေပေးဖို့ ၂ဝဝဝပြည့်နှစ်တွေကတည်းက တရားရုံးမှာ လျှောက်ထားခဲ့တာဖြစ်ပါတယ်

၂ဝ၁၆ ခုနှစ်မှာ ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးကနေ ဒီအိမ်နဲ့ ခြံကို မောင်နှမ နှစ်ဦးအကြား ခွဲဝေပိုင်ဆိုင်ဖို့ ဆုံးဖြတ်ချက်ချပေးခဲ့ပေမဲ့ ဦးအောင်ဆန်းဦးဘက်က မကျေနပ်တဲ့အတွက် ဆက်အယူခံဝင်နေတာ ဖြစ်ပါတယ်

၁၉၈၈ ခုနှစ် ဒီဇင်ဘာလမှာ ဒေါ်ခင်ကြည် ကွယ်လွန်ပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်ဟာ အဲဒီအိမ်မှာ ဆက်လက် နေထိုင်ခဲ့ပြီး နေအိမ်အကျယ်ချုပ်ချခံခဲ့ရတဲ့ ၁၅ နှစ်နီးပါးလည်း အဲဒီနေအိမ်မှာပဲ နေထိုင်ခဲ့ပါတယ်

အဲဒီခြံနံပါတ် ၅၄ အိမ်နဲ့ ခြံတန်ဖိုးဟာ အခုအချိန်မှာ အမေရိကန်ဒေါ်လာ သန်း ၉ဝ လောက်အထိ တန်တယ်လို့ ဦးအောင်ဆန်းဦးရဲ့ရှေ့နေ ဦးအေးလွင်ကပြောပေမယ့်လည်း တန်ကျေးအတိအကျကို အတည်မပြုနိုင်သေးဘူးလို့ အေပီသတင်းမှာ ဖော်ပြပါတယ်

ဒေါ်အောင်ဆန်းစုကြည်ကို အနှောင့်အယှက်ပေးလိုတဲ့ ရည်ရွယ်ချက်နဲ့ မြန်မာစစ်တပ်က ဦးအောင်ဆန်းဦး တရားစွဲဆိုတာကို နောက်ကွယ်က ကူညီနေတယ်လို့ မြန်မာပြည်သူအများစုက ယုံကြည်နေကြတယ်လို့ အေပီသတင်းဌာနမှာ ရေးထားပါတယ်

ပုံ- အမေရိကန် နိုင်ငံခြားရေးဝန်ကြီးလာရောက်လည်ပတ်ခဲ့စဥ်က,

Crd- Burma VJ

 

Leave a Reply

Your email address will not be published.