ဥကရစ်ထ စခန်းသိမ်းတိုက်ပွဲအတွင်း လှည်းကူးသား ရဲဘော်မိုးကြိုး ကျဆုံး

News






mizzima

Unicode

စစ်ကောင်စီ အခြေစိုက် ဥကရစ်ထ စခန်းသိမ်းတိုက်ပွဲအတွင်း လှည်းကူးသား ရဲဘော်မိုးကြိုး ကျဆုံး

ကရင်ပြည်နယ်၊ ဝေါလေမြိုင်ဒေသတွင် ဖြစ်ပွားနေသည့် စစ်ကောင်စီ အခြေစိုက်စခန်း ဥကရစ်ထ စခန်းသိမ်းတိုက်ပွဲအတွင်း လှည်းကူးသား ရဲဘော်မိုးကြိုး ယနေ့ ဇွန် ၂၇ရက်တွင် ကျဆုံးသွားကြောင်း သိရသည်။

ရဲဘော်မိုးကြိုးသည် KNDO/KNLA ပူးပေါင်းအဖွဲ့များနှင့်အတူ စစ်ကောင်စီတပ်ဘက်မှ စစ်ကူအများအပြား အင်အားဖြည့်တင်းလာစဉ် တိုက်ခိုက်ရင်း တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်း ဖြစ်ကြောင်း သတင်းရင်းမြစ်က ဆိုသည်။

“တပ်မဟာ (၆) တပ်မဟာစစ်ကြောင်း တပ်ခွဲ (၂) လက်အောက်ခံ ပူးပေါင်းတပ်ဖွဲ့က တစ်ယောက်ကျတာ၊ လှည်းကူးသား ရဲဘော်မိုးကြိုး၊ လက်နက်ကြီး ထိတာ” ဟု သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီ၏ ဥကရစ်ထစခန်းကို ဇွန်လ ၂၆ရက်နေ့ နံနက်ပိုင်းက စတင်၍ KNDO/KNLA ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ကာ စစ်ကောင်စီဘက်မှလည်း အကျဆုံးများစွာရှိနေပြီး ယခုအချိန်ထိ တိုက်ပွဲပြင်းထန်နေဆဲဟု သိရသည်။

mizzima

Crd

Unicode






mizzima

Crd

Leave a Reply

Your email address will not be published.