မြေလတ်အသံ၊ ဇွန် ၂၇၊ ၂၀၂၂။


မြေလတ်အသံ
ပိုင်ဆိုင်မှု သိန်း ၉၀၀ ကျော် ရောင်း၍ ၆၀ မမ နဲ့ ရှော့တိုက်ဒုံးများ ထုတ်လုပ်သူ (ရုပ်/သံ)
မြေလတ်အသံ၊ ဇွန် ၂၇၊ ၂၀၂၂။

ဒုတပ်ရင်းမှူးလည်းဖြစ်၊ လက်နက်ထုတ်လုပ်သူလည်းဖြစ်၊ မိုင်းတာဝန်ခံလည်း ဖြစ်သူ ဗိုလ်မြဟာ စစ်တပ်က အာဏာသိမ်းပြီးကတည်းက တော်လှန်ရေးလုပ်မှ ဖြစ်တော့မယ်ဆိုတဲ့ ခံယူချက်နဲ့ လက်ရှိ Myanmar National Armed Force (MNAF) မှာ တာဝန်ထမ်းဆောင်နေဆဲ ဖြစ်ပါတယ်။
စစ်ကောင်စီကို တိုက်ဖို့အတွက် တူမီးသေနတ်တွေနဲ့ အလုပ်မဖြစ်တဲ့အတွက် သူတတ်ကျွမ်းနားလည်ထားတဲ့ ၆၀ မမ၊ ရှော့တိုက်ဒုံးအပါအဝင် လက်နက်မျိုးစုံနဲ့ မိုင်းတွေကို ထုတ်လုပ်ဖို့အတွက် သူ့ကိုယ်ပိုင် ခြံမြေတွေကို ရောင်းပြီး သိန်း ၉၀၀ ကျော် စိုက်ထုတ်ရင်းနှီးပေးခဲ့သူ ဖြစ်ပါတယ်။

ပြီးခဲ့ ဧပြီလကုန်းပိုင်းမှာပဲ စစ်ကောင်စီတပ်တွေက ဗိုလ်မြတို့ (MNAF) လက်နက်ထုတ်လုပ်စခန်းကို ဝင်ရောက်စီးနှင်းကာ မီးရှို့တာကို ခံခဲ့ရပြီး ထုတ်လုပ်ထားတဲ့ လက်နက်ကြီးတွေ ဆုံးရှုံးခဲ့ရသလို သူ့ရဲဘော်တ့လည်း ကျဆုံးခဲ့ပါတယ်။
မြေလတ်အသံ
Crd
Unicode