စစ်ကောင်စီတပ်စခန်း သိမ်းပိုက်တိုက်ခိုက်ရာတွင် ပါဝင်သည့် KNDOကို NUGက ဘတ်တစ်သန်း ပေးအပ်

News

စစ်ကောင်စီတပ်စခန်း သိမ်းပိုက်တိုက်ခိုက်ရာတွင် ပါဝင်သည့် KNDOကို NUGက ဘတ်တစ်သန်း ပေးအပ်

သန်းဆင့်/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ကရင်အမျိုး သားကာကွယ်ရေးတပ်(KNDO)ထံသို့ ဘတ်တစ်သန်း ထောက်ပံ့ပေးကြောင်း KNDOတပ်မှူးတစ်ဦးက အတည်ပြုသည်။

KNDO၏ တပ်ရင်းတစ်ခုသည် မြ၀တီမြို့နယ် ဝေါ်လေဒေသရှိ အာဏာသိမ်းစစ်ကောင်စီ၏ ဥကရစ်ထ တပ်စခန်း တိုက်ခိုက်သိမ်းပိုက်ရာတွင် ပါဝင်နေပြီး တိုက်ပွဲပြင်းထန်နေချိန်တွင် NUGက ယခုကဲ့သို ထောက်ပံ့ငွေ ပေးအပ်လိုက်ခြင်းဖြစ်သည်။

KNDO ဗဟိုစစ်ဦးစီးချုပ် ဗိုလ်ချုပ်နယ်ဒါးမြထံသို့ NUG အစိုးရမှ ပေးအပ်သော စစ်သုံးစရိတ် ထောက်ပံ့ငွေ ဘတ်တစ်သန်းကို ယနေ့ (ဇွန်လ ၂၈ရက်)တွင် လက်ခံရရှိကြောင်း KNDO ထောက်ပို့ တပ်ခွဲဗိုလ်ကေက အသိပေးသည်။

ပြည်သူ့အစိုးရမှ တစ်ဆင့် ပြည်သူ့ရဲဘော်များအတွက် ပေးပို့လာသော ထောက်ပံ့ငွေ အားလုံးကို ဗိုလ်ချုပ်နယ်ဒါးမြထံ လွှဲအပ်ပြီး ဖြစ်ကြောင်း၊ ပြည်သူ့အစိုးရနှင့် ပြည်သူများ ကူညီသော ငွေများကို KNDO အဖွဲ့အစည်း အနေဖြင့် အလေအလွင့်မရှိအောင် ထိရောက်စွာ အသုံး ပြုသွားမည်ဖြစ်ကြောင်း ဗိုလ်ကေ ၎င်း၏ Facebook တွင် ရေးသားဖော်ပြသည်။

အဆိုပါ လှူဒါန်းမှုနှင့်ပတ်သက်ပြီး KNDOအထူးကွန်မန်ဒိုတပ် ဆင်ဖြူတပ်ရင်းမှ တပ်မှူးတစ်ဦးဖြစ်သည့် ဗိုလ်စလုံးအား ဆက်သွယ်မေးမြန်းရာ ဗိုလ်ချုပ်နယ်ဒါးမြထံ မေးမြန်းပေးမည်ဟု ပြောကြားကာ မေးမြန်းပေး သည်။

“ကျွန်တော်မေးလိုက်တယ် ဗိုလ်ချုပ်နယ်ဒါးမြကို။ သူ့ဆီကို ရောက်ပြီ သူ့ဆီကို အပ်ပြီတဲ့ဘတ်ငွေတစ်သန်း” ဟု ဗိုလ်စလုံးအား ထပ်မံဆက်သွယ်ရာတွင် ဖြေကြားသည်။“ အခုက စခန်းကို ရအောင်သိမ်းမယ်။ ဗိုလ်ချုပ်နယ်ဒါးမြလည်း ကျည်ဆံတွေဘာတွေ ထပ်ပို့ပေး တာပဲ။ သူကတော့ ရတဲ့ ပိုက်ဆံတွေက လက်နက်၊ ကျည်ဆံတွေ၊ ရိက္ခာတွေ သူကလည်း ကြိုးစားနေတာပဲ” ဟုလည်း ဗိုလ်စလုံးက ပြောသည်။

အကယ်၍ ၎င်းတို့၏ ဆင်ဖြူတပ်ရင်း သို့ လှူဒါန်းလိုပါကလည်း တိုက်ရိုက်ဆက်သွယ်နိုင်ကြောင်း ဗိုလ်စလုံးက အသိပေးသည်။“လက်ရှိ အခြေအနေက ကျွန်တော်တို့ အဲဒီစခန်းကို ရအောင်သိမ်းမယ်”ဟု ဗိုလ်စလုံးက ဥကရစ်ထ တပ်စခန်းသိမ်း တိုက်ပွဲအခြေအနေမေးမြန်းမှုအပေါ် မှတ်ချက်ပြုသည်။

အဆိုပါ တပ်စခန်းကို ဇွန်လ ၂၆ရက်ကတည်းက တိုက်ခိုက်လျက်ရှိရာ ၃ရက်ဆက် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်အထိနာ၍ လေကြောင်း တိုက်ခိုက်မှုများ အကြိမ်ကြိမ် ပြုလုပ်တုံ့ပြန်ခဲ့သည်။ တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်ကျဆုံးမှုများရှိပြီး စစ်ကောင်စီတပ်က သေဆုံးမှု ပိုများကြောင်း KNU သတင်းရင်းမြစ်က ပြောကြားသည်။

Crd

Unicode

(KNDO ဗိုလ်စလုံးတပ်ဖွဲ့ဝင်များအား ​တွေ့ရစဥ်)

စစ္ေကာင္စီတပ္စခန္း သိမ္းပိုက္တိုက္ခိုက္ရာတြင္ ပါဝင္သည့္ KNDOကို NUGက ဘတ္တစ္သန္း ေပးအပ္

သန္းဆင့္/People’s Spring

အမ်ိဳးသားညီညြတ္ေရးအစိုးရ(NUG)က ကရင္အမ်ိဳး သားကာကြယ္ေရးတပ္(KNDO)ထံသို႔ ဘတ္တစ္သန္း ေထာက္ပံ့ေပးေၾကာင္း KNDOတပ္မႉးတစ္ဦးက အတည္ျပဳသည္။

KNDO၏ တပ္ရင္းတစ္ခုသည္ ျမ၀တီၿမိဳ႕နယ္ ေဝၚေလေဒသရွိ အာဏာသိမ္းစစ္ေကာင္စီ၏ ဥကရစ္ထ တပ္စခန္း တိုက္ခိုက္သိမ္းပိုက္ရာတြင္ ပါဝင္ေနၿပီး တိုက္ပြဲျပင္းထန္ေနခ်ိန္တြင္ NUGက ယခုကဲ့သို ေထာက္ပံ့ေငြ ေပးအပ္လိုက္ျခင္းျဖစ္သည္။

KNDO ဗဟိုစစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္နယ္ဒါးျမထံသို႔ NUG အစိုးရမွ ေပးအပ္ေသာ စစ္သုံးစရိတ္ ေထာက္ပံ့ေငြ ဘတ္တစ္သန္းကို ယေန႔ (ဇြန္လ ၂၈ရက္)တြင္ လက္ခံရရွိေၾကာင္း KNDO ေထာက္ပို႔ တပ္ခြဲဗိုလ္ေကက အသိေပးသည္။

ျပည္သူ႔အစိုးရမွ တစ္ဆင့္ ျပည္သူ႔ရဲေဘာ္မ်ားအတြက္ ေပးပို႔လာေသာ ေထာက္ပံ့ေငြ အားလုံးကို ဗိုလ္ခ်ဳပ္နယ္ဒါးျမထံ လႊဲအပ္ၿပီး ျဖစ္ေၾကာင္း၊ ျပည္သူ႔အစိုးရႏွင့္ ျပည္သူမ်ား ကူညီေသာ ေငြမ်ားကို KNDO အဖြဲ႕အစည္း အေနျဖင့္ အေလအလြင့္မရွိေအာင္ ထိေရာက္စြာ အသုံး ျပဳသြားမည္ျဖစ္ေၾကာင္း ဗိုလ္ေက ၎၏ Facebook တြင္ ေရးသားေဖာ္ျပသည္။

အဆိုပါ လႉဒါန္းမႈႏွင့္ပတ္သက္ၿပီး KNDOအထူးကြန္မန္ဒိုတပ္ ဆင္ျဖဴတပ္ရင္းမွ တပ္မႉးတစ္ဦးျဖစ္သည့္ ဗိုလ္စလုံးအား ဆက္သြယ္ေမးျမန္းရာ ဗိုလ္ခ်ဳပ္နယ္ဒါးျမထံ ေမးျမန္းေပးမည္ဟု ေျပာၾကားကာ ေမးျမန္းေပး သည္။

“ကၽြန္ေတာ္ေမးလိုက္တယ္ ဗိုလ္ခ်ဳပ္နယ္ဒါးျမကို။ သူ႔ဆီကို ေရာက္ၿပီ သူ႔ဆီကို အပ္ၿပီတဲ့ဘတ္ေငြတစ္သန္း” ဟု ဗိုလ္စလုံးအား ထပ္မံဆက္သြယ္ရာတြင္ ေျဖၾကားသည္။“ အခုက စခန္းကို ရေအာင္သိမ္းမယ္။ ဗိုလ္ခ်ဳပ္နယ္ဒါးျမလည္း က်ည္ဆံေတြဘာေတြ ထပ္ပို႔ေပး တာပဲ။ သူကေတာ့ ရတဲ့ ပိုက္ဆံေတြက လက္နက္၊ က်ည္ဆံေတြ၊ ရိကၡာေတြ သူကလည္း ႀကိဳးစားေနတာပဲ” ဟုလည္း ဗိုလ္စလုံးက ေျပာသည္။

အကယ္၍ ၎တို႔၏ ဆင္ျဖဴတပ္ရင္း သို႔ လႉဒါန္းလိုပါကလည္း တိုက္ရိုက္ဆက္သြယ္နိုင္ေၾကာင္း ဗိုလ္စလုံးက အသိေပးသည္။“လက္ရွိ အေျခအေနက ကၽြန္ေတာ္တို႔ အဲဒီစခန္းကို ရေအာင္သိမ္းမယ္”ဟု ဗိုလ္စလုံးက ဥကရစ္ထ တပ္စခန္းသိမ္း တိုက္ပြဲအေျခအေနေမးျမန္းမႈအေပၚ မွတ္ခ်က္ျပဳသည္။

အဆိုပါ တပ္စခန္းကို ဇြန္လ ၂၆ရက္ကတည္းက တိုက္ခိုက္လ်က္ရွိရာ ၃ရက္ဆက္ တိုက္ပြဲျပင္းထန္ေနၿပီး စစ္ေကာင္စီတပ္အထိနာ၍ ေလေၾကာင္း တိုက္ခိုက္မႈမ်ား အႀကိမ္ႀကိမ္ ျပဳလုပ္တုံ႔ျပန္ခဲ့သည္။ တိုက္ပြဲအတြင္း ႏွစ္ဖက္ ထိခိုက္က်ဆုံးမႈမ်ားရွိၿပီး စစ္ေကာင္စီတပ္က ေသဆုံးမႈ ပိုမ်ားေၾကာင္း KNU သတင္းရင္းျမစ္က ေျပာၾကားသည္။

(KNDO ဗိုလ္စလုံးတပ္ဖြဲ႕ဝင္မ်ားအား ​ေတြ႕ရစဥ္)

Crd

Leave a Reply

Your email address will not be published.