ဟန်လင်းနယ်မြေနဲ့နီးတဲ့နားမှာ ရှေးဟောင်းပစ္စည်းများ………..Seemore

News

ဟန်လင်းနယ်မြေနဲ့နီးတဲ့နားမှာ ရှေးဟောင်းပစ္စည်းများ………..Seemore







Crd

Unicode

ဟန်လင်းနယ်မြေနဲ့နီးတဲ့နားမှာ ရှေးဟောင်းပစ္စည်းများ………..Seemore

ဝက်လက်၊ ထန်းကြီးရွာအနီး ရှေးဟောင်းပစ္စည်များတွေ့တယ်ဆိုပြီး ‌တူးဖော်နေ၊ ပြီးခဲ့တဲ့ တစ်လလောက်ကစပြီး စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းက ရင်းတောရွာနဲ့ ထန်းကြီးရွာကြားကမြေတစ်ဧက အကျယ်အဝန်းပေါ်မှာ ရှေး‌ဟောင်းပုတီးစေ့၊ ပုရင်းစတဲ့ တန်ဖိုးရှိတဲ့ ပစ္စည်းတွေတွေ့ရှိခဲ့တယ်လို့ ပြောပါတယ်ဒါကြောင့် လူရာနဲ့ချီဟာ နေ့စဉ်လာရောက်တူးယူနေတာတွေလည်းရှိနေတယ်လို့ ဆိုပါတယ်အစပိုင်းက အနီးအနားရွာပဲ အခုကတော့ရွာအစုံဆိုတော့ မျက်နှာစိမ်းတွေတောင်ပါကြတယ်

ရှာလည်းတွေ့ကြတယ် အိုးတွေနဲ့ကိုတွေ့တယ်ပြောတယ် တွေ့တဲ့သူက ပွဲစားနဲ့ ချိတ်ပြီး တန်းရောင်းစားတာပါပဲသိန်းရာချီရကြတယ်လည်းကြားတယ် ဟန်လင်းနဲ့လည်းနီးတော့ဗျာ၊ ရှေးဟောင်းအမွေအနှစ်သာဆို ထိန်းသိမ်းဖို့လိုတယ်လေ လို့ ဝက်လက်ဒေသခံတစ်ဦးက ပြောပါတယ်အခုတူးဖော်နေကြတယ်ဆိုတဲ့ ဒေသဟာလည်း ဟန်လင်းရှေးဟောင်းနယ်မြေနဲ့ နီးစပ်တာကြောင့် ထိန်းသိမ်းစောင့်ရှောက်ဖို့ ဒေသခံတချို့ ကမျှော်လင့်ကြတယ်လို့ ဆိုပါတယ်

ဝက်လက်မြို့နယ်အတွင်းက ဟန်လင်းပျူမြို့ဟောင်းကို ကမ္ဘာ့အမွေအနှစ်အဖြစ် ထိန်းသိမ်းစောင့်ရှောက်ကြတာဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း

ထိန်းသိမ်းမှုတွေမလုပ်တော့တာကြောင့် ခိုးယူတူးဖော်မှုတွေရှိနေပြီး ဒီလိုမလုပ်ကြဖို့ ဒေသကာကွယ်ရေးအဖွဲ့တွေက အခုနှစ် အစောပိုင်းမတ်လအတွင်းမှာ သတိပေးစာထုတ်ပြန်ခဲ့ဖူးပါတယ် Source: ဘီဘီစီဘားမီစ်

Crd

Leave a Reply

Your email address will not be published.