ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ ပြန်ထားဖို့ စစ်ကောင်စီကို အာဆီယံအထူးသံ တောင်းဆို

News

ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ကနေ မူလထိန်းသိမ်းထားရာနေရာပြန်ပို့ဖို့ အာဆီယံအထူးကိုယ်စားလှယ် တောင်းဆို

−ဖေအောင်/People’s Spring

အကျဉ်းချထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မူလထိန်းသိမ်းထားရာနေရာဆီ ပြန်လည်ပို့ဆောင်ဖို့အတွက် အာဆီယံအထူးကိုယ်စားလှယ်ဖြစ်သူ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရက်ဆွန်ခွန်က စစ်ကောင်စီကို တောင်းဆိုလိုက်ပါတယ်။

ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်ဆီရွှေ့ပြောင်းလိုက်တဲ့အပေါ် အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ ဟာအလွန်အမင်းစိုးရိမ်နေပြီး မူလနေရာမှာပဲပြန်လည်ထားရှိဖို့ တောင်းဆိုထားတာတွေ့ရပါတယ်။

အဲဒီထုတ်ပြန်ချက်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို မူလနေရာဆီပြန်ပို့ဖို့ အာဆီယံအထူးကိုယ်စားလှယ်ဟာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ထံ စာရေးသားပေးပို့ထားတယ်လို့ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံ မူလအခြေအနေကို ပြန်ရောက်ဖို့နဲ့အမျိုးသားပြန်လည်ရင်ကြားစေ့ရေးမှာ ဒေါ်အောင်ဆန်းစုကြည်ဟာအရေးပါတဲ့ ကဏ္ဍ ကနေရှိနေတယ်လို့ နိုင်ငံတကာနဲ့ ပြည်တွင်းက မြန်မာပြည်သူတွေဟာမှတ်ယူထားကြတယ် ဆိုတာကို အာဆီယံအထူးကိုယ်စားလှယ်က စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးကိုအသိပေးထားပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်ဟာ ဒီလကုန်ပိုင်းမှာ မြန်မာနိုင်ငံကို ဒုတိယအကြိမ် လာရောက်ဖို့ရှိနေပါတယ်။အဲဒီခရီးစဉ်အတွင်းမှာစစ်ကောင်စီခေါင်းဆောင်နဲ့တွေ့ဆုံမှာပါ။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ရဖို့ကတော့ မသေချာသေးပါဘူး။

စစ်တပ်အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးနဲ့ နေထိုင်တဲ့နေရာကနေ အခြားတစ်နေရာကိုပို့လိုက်ပြီး ဖမ်းဆီးထားတာပါ။

အဲဒီနေရာကနေ စစ်ကောင်စီဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်ဆီပြောင်းရွှေ့ထိန်းသိမ်းလိုက်တာဖြစ်ပါတယ်။

Crd

Unicode

ေဒၚေအာင္ဆန္းစုၾကည္ကို ေထာင္ကေန မူလထိန္းသိမ္းထားရာေနရာျပန္ပို႔ဖို႔ အာဆီယံအထူးကိုယ္စားလွယ္ ေတာင္းဆို

−ေဖေအာင္/People’s Spring

အက်ဥ္းခ်ထားတဲ့ နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို မူလထိန္းသိမ္းထားရာေနရာဆီ ျပန္လည္ပို႔ေဆာင္ဖို႔အတြက္ အာဆီယံအထူးကိုယ္စားလွယ္ျဖစ္သူ ကေမၻာဒီးယား နိုင္ငံျခားေရးဝန္ႀကီး ပရက္ဆြန္ခြန္က စစ္ေကာင္စီကို ေတာင္းဆိုလိုက္ပါတယ္။

ဒီေန႔ရက္စြဲနဲ႔ ထုတ္ျပန္တဲ့ ကေမၻာဒီးယားနိုင္ငံျခားေရးဝန္ႀကီး ဌာနရဲ့ သတင္းထုတ္ျပန္ခ်က္မွာ ေဒၚေအာင္ဆန္းစုၾကည္ကို အက်ဥ္းေထာင္ဆီေရႊ႕ေျပာင္းလိုက္တဲ့အေပၚ အာဆီယံ အဖြဲ႕ဝင္နိုင္ငံေတြ ဟာအလြန္အမင္းစိုးရိမ္ေနၿပီး မူလေနရာမွာပဲျပန္လည္ထားရွိဖို႔ ေတာင္းဆိုထားတာေတြ႕ရပါတယ္။

အဲဒီထုတ္ျပန္ခ်က္ထဲမွာ ေဒၚေအာင္ဆန္းစုၾကည္ကို မူလေနရာဆီျပန္ပို႔ဖို႔ အာဆီယံအထူးကိုယ္စားလွယ္ဟာ စစ္ေကာင္စီ နိုင္ငံျခားေရးဝန္ႀကီး ထံ စာေရးသားေပးပို႔ထားတယ္လို႔ေဖာ္ျပထားပါတယ္။

ျမန္မာနိုင္ငံ မူလအေျခအေနကို ျပန္ေရာက္ဖို႔နဲ႔အမ်ိဳးသားျပန္လည္ရင္ၾကားေစ့ေရးမွာ ေဒၚေအာင္ဆန္းစုၾကည္ဟာအေရးပါတဲ့ က႑ ကေနရွိေနတယ္လို႔ နိုင္ငံတကာနဲ႔ ျပည္တြင္းက ျမန္မာျပည္သူေတြဟာမွတ္ယူထားၾကတယ္ ဆိုတာကို အာဆီယံအထူးကိုယ္စားလွယ္က စစ္ေကာင္စီနိုင္ငံျခားေရးဝန္ႀကီးကိုအသိေပးထားပါတယ္။

အာဆီယံအထူးကိုယ္စားလွယ္ဟာ ဒီလကုန္ပိုင္းမွာ ျမန္မာနိုင္ငံကို ဒုတိယအႀကိမ္ လာေရာက္ဖို႔ရွိေနပါတယ္။အဲဒီခရီးစဥ္အတြင္းမွာစစ္ေကာင္စီေခါင္းေဆာင္နဲ႔ေတြ႕ဆုံမွာပါ။ ဒါေပမယ့္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ေတြ႕ဆုံခြင့္ရဖို႔ကေတာ့ မေသခ်ာေသးပါဘူး။

စစ္တပ္အာဏာသိမ္းၿပီးေနာက္ ေဒၚေအာင္ဆန္းစုၾကည္ကို နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ရာထူးနဲ႔ ေနထိုင္တဲ့ေနရာကေန အျခားတစ္ေနရာကိုပို႔လိုက္ၿပီး ဖမ္းဆီးထားတာပါ။

အဲဒီေနရာကေန စစ္ေကာင္စီဟာ ၿပီးခဲ့တဲ့ရက္ပိုင္းက ေဒၚေအာင္ဆန္းစုၾကည္ကို ေနျပည္ေတာ္အခ်ဳပ္ေထာင္ဆီေျပာင္းေရႊ႕ထိန္းသိမ္းလိုက္တာျဖစ္ပါတယ္။

Crd

Leave a Reply

Your email address will not be published.