ကမ်းလှမ်းမှုကို ခပ်ပြတ်ပြတ် ပဲ ပြောလိုက်တယ့် ဗိုလ်နဂါး ….အစအဆုံးနားထောင်ကြည့်
ဗိုလ်နဂါးကို မအလ ကြောက်နေရတဲ့ အကြောင်းအရင်း…




စကစခေါင်းဆောင်အများစုက အတိတ်တဘောင် ယတြာတွေကိုယုံကြည်၍ ရတြာရူးရူးတာ လူတိုင်းအသိပါ
အခုလည်း တဘောင်ထဲက နဂါးတပ်မင်းဆိုတာကို သူတို့ဖိန့်ဖိန့်တုန်အောင်ကြောက်နေကြပါတယ်
နဂါးတပ်မင်း ပြည်တော်ဆင်းမှ မိစ္ဆာမင်းဆက်ပျက်လိမ့်မည်လို့ အတိတ် တဘောင်ရှိထားတော့
ပုလဲမြို့နယ်က ဗိုလ်နဂါးကို သုတ်သင်ရှင်းလင်းဖို့ စစ်ဆင်ရေး အသည်းအသန်လုပ်နေကြတယ်
ဗိုလ်နဂါးဆိုတာ ခင်ဗျားတို့ ဘယ်လိုသတ်သတ်မသေတဲ့ ဘယ်လိုသတ်ဖို့ကြံကြံ မအောင်မြင်မဲ့ ပုလဲနယ်သား နဂါးတပ်မင်းပါပဲ




“နဂါးတက်မင်းပြည်တော်ဆင်း မိစ္ဆာမင်းဆက် ပြုတ်လိမ့်မယ်၊ မင်းကျင့်တရားထုံးဆယ်ပါ နဂါးတပ်ကအောင်လိမ့်မည်၊
မီးကုန်ယမ်းကုန် ရိက္ခာကုန် တပ်ရင်း သူပုန်ထလိမ့်မည် သူပုန်ထကာ မင်းမိစ္ဆာ ချက်ချင်းကျ လိမ့်မည်”
ဗိုလ်နဂါးဆိုသည်မှာ … ဗိုလ်နဂါး၏ တစွန်းတစ ပုံရိပ်များအကြောင်း
ဗိုလ်နဂါး ဆိုသည်မှာ ခေါင်းဆောင်ဆိုတာ တိုက်ပွဲအတွင်းကသာ ထွက်တယ်။ ခေါင်းဆောင်ကောင်းဆိုတာ တိုက်ပွဲတိုင်းကို နိုင်အောင်တိုက်တယ်။အကောင်းဆုံး ခေါင်းဆောင်ဆိုတာ တစ်နိုင်ငံလုံးကို နိုင်အောင်တိုက်ဖို့ စိတ်ကူးထားတယ် ဒါ ဗိုလ်နဂါး ပဲ။
ဗိုလ်နဂါး




• ငယ်စဉ်ကတည်းက စစ်သားဖြစ်ချင်သူ
• ငယ်စဉ်ကတည်းက စစ်သားဖြစ်ဖို့ရှက်ခဲ့သူ
မြန်မာစစ်တပ်နှင့် ပတ်သက်လျှင် ကျွန်တော်ငယ်စဉ်ကလည်း ရှုပ်ထွေးခဲ့ဘူးသည်။ ၁၀ တန်းအောင်လို့ DSA တက်ဖို့ အဖေ့ကို သွားပြောတော့ ဆေးလိပ်ပြာခွက်နှင့် လိုက်ပေါက်ခံရသည်။ ဘွဲ့ရပြီး OTS တက်ဖို့ ဦးလေးအရင်း ဗိုလ်မှူးကြီး သွားပြောတော့ တစ်ခွန်းပဲ။ လုံးဝမတက်ရဘူး သား တဲ့။
စစ်တပ်ရဲ့ ဆိုးရွားခဲ့မှုတွေက ကြာခဲ့ပြီ။ မအလ လက်ထက်မှ အကုန်ပေါ်ခဲ့တာ။ဗိုလ်နဂါး စစ်သားဖြစ်ဖို့ အိပ်မက်ကို သူကိုယ်တိုင် စွန့်ခဲ့ပြီး တက္ကသိုလ်က ဘွဲ့ရဖို့ ဦးစားပေးခဲ့သည်။လူတစ်ယောက် အရည်အချင်းရှိလျှင် သူရောက်သည့် နေရာတွင် တောင်တစ်တောင် သမုဒ္ဒရာတစ်ခု ဖန်တီးနိုင်၏။
(ဤသည်ကား အတိဿယဝုတ္တိ)
ရောက်လေရာတွင် ပစ်တိုင်းထောင်ကဲ့သို့ ထာဝစဉ် ထောင်၏။ဗိုလ်နဂါးသည် ဘဝတွင် အလုပ်စုံ၏။ တရုတ်နယ်စပ်သွား အလုပ်လုပ်သလို ထိုင်းနယ်စပ်ကိုလည်း ခဏခဏရောက်၏။




တစ်ဘက်နိုင်ငံ အထဲရောက်တိုင်း ဗိုလ်နဂါး မျက်ရည်ကျ ပါးစပ်အဟောင်းသား ခံစားရ၏။ စရောက်တိုင်း မြန်မာတိုင်း ခံစားရသည့် ခံစားချက်။ဇာဂနာ ထိုင်းဘန်ကောက် ရောက်ရောက်ချင်း ခံစားချက်ကို မျက်ရည်ကျ ပြောပြဘူးသည်။
ဗိုလ်နဂါးက ပညာတတ်တော့ အတွေ့အကြုံများတော့ ကိုယ့်တိုင်းပြည် ဆင်းရဲရသည့်အကြောင်း သူသိသည်။ လူထု မတရား လုပ်ခံနေရတာကို သူမြင်သည်။ လူထုဘက်က မခံနိုင်သည့်စိတ် သူ့တွင် သန္ဓေတည်ခဲ့၏။
ကောင်းပြီးလျှင်ပျက် ပျက်ပြီးလျှင်ကောင်း ဆိုသည့် လောကနိယာမအတိုင်း ဗိုလ်နဂါးဘဝပြောင်းလဲပုံ
အလုပ်မျိုးစုံ လုပ်နေရာမှ နောက်ဆုံး သူနှင့် နီးစပ်လုပ်ငန်းဖြစ်သည့် တောင်ယာလုပ်ငန်း (ကြက်သွန် အာလူး သရက်သီးမျိုးစုံ စိုက်ပျိုးရေးလုပ်ငန်း) ထဲသို့ ရှိသမျှငွေ ပုံအောကာ အောင်မြင်အောင်ကြိုးစားတော့သည်။ အောင်လည်း အောင်မြင်ခဲ့၏။




အနီးအနား ကျေးရွာများထိ ဗိုလ်နဂါး တောင်ယာထွက် ပစ္စည်းများ နာမည် ရခဲ့၏။ ပင်ပန်းခံ ကြိုးစားမှုများ၏ အသီးအပွင့်များ ခံစားရတော့မည့်အချိန်တွင် မအလ စခတပ်အာဏာသိမ်းမှု ဖြစ်လာခဲ့၏။ (နိုင်ငံတော် ပုန်ကန်မှုကြီး)
ထို့နောက် မတရား အနိုင်ကျင့်မှုများ၊ သတ်ဖြတ်မှုများ၊ လိမ်လည်မှုများကို နဖူးတွေ့ ဒူးတွေ့ တွေ့ခဲ့ရ၏။
ဤသည်ကပင် ဗိုလ်နဂါးဘဝကို ပြောင်းလဲစေခဲ့သလို စစ်အာဏာရှင်အမြစ်ပြတ်ဖို့ ပေးလာသောအခွင့်အရေး တစ်ခုဟု ဗိုလ်နဂါး နားလည်ခဲ့၏။
တောင်ယာလုပ်ငန်း အခြေအနေကောင်းခဲ့သော်လည်း အာဏာသိမ်းမှုကြောင့် ပျက်စီးခဲ့ရ၏။ အာဏာသိမ်းမှုကြောင့် ပျက်စီးခဲ့ရသော်လည်း အာဏာရှင် ဖြုတ်ချဖို့ အခွင့်လမ်းကောင်းတစ်ခု ပေါ်လာခဲ့၏။
ဤအခွင့်အလမ်းအား ဗိုလ်နဂါး အမိအရ မလွတ်တန်း ဆွဲကိုင်နိုင်ခဲ့သည်။
‘နဂါး တပ်မတော်’




စားပွဲဝိုင်းတွင် လုပ်ကြသော ‘ငြိမ်းချမ်းရေး ဆွေးနွေးပွဲ’ များ၏ ကလိမ်ကကျစ် လှည့်ဖြားမှုများကို မျက်ဝါးထင်ထင် တွေ့လိုက်ရမှုက ‘နဂါးတပ်မတော်’ ဖြစ်လာရသည့်အကြောင်းပင်။
တိုက်ပွဲ ၆၀ ကျော် အောင်မြင်စွာ တိုက်ပြီးသော် ဗိုလ်နဂါး တိတိကျကျ သိလာရသည့် အချက် ၂ ချက် ရှိ၏။
ပထမအချက်က စကစ တပ်များ၏ တိုက်ခိုက်ရေးစွမ်းရည် အလွန်နိမ့်ကျနေခြင်း။ ဒုတိယအချက်က စကစတပ် စိတ်ဓာတ် ကိုယ်ကျင့်တရား ပျက်သုဉ်းနေခြင်း။
ယခု ‘နဂါး တပ်မတော်’ ကြီး မြန်မာပြည်အနှံ့ စတင် ကြီးထွားလာနေပြီ ဖြစ်သည်။
‘နဂါး တပ်မတော်’ နှင့် ‘Federal Army’
လူထု အားပေး အားကိုးနေသော ‘နဂါး တပ်မတော်ကြီး’သည် လူထုအားလုံး အလိုရှိနေသော ‘Federal Army’ (ဖက်ဒရယ်အာမီ) ၏ အရေးပါဆုံးသော အစိတ်အပိုင်းတစ်ခု ဖြစ်လာနေတာ ထင်ရှား၏။




‘နဂါး တပ်မတော်’ နှင့် စကစ
တီကောင်ကို ဆားနှင့် ပက်လိုက်သကဲ့သို့ မအလတို့ တစ်ဖွဲ့လုံး ထွန့်ထွန့် လူးကုန်အောင် နဂါး စွမ်းဆောင်နိုင်ခဲ့၏။
နဂါး ရုပ်ထုများကို ဖျက်ဆီးခိုင်းသည်ထိ စကစ သွေးပျက်နေရ၏။
‘နဂါး တပ်မတော်’ ကို အသိအမှတ်ပြုမှုကမ္ဘာကြီးက ‘နဂါး တပ်မတော်ကြီး’ ကို အသိအမှတ် ပြုရပါပြီ။ ပြုကြပါပြီ။
‘နဂါး တပ်မတော်ကြီး’ အရှိန်နှင့် စကစတပ် အလယ်တည့်တည့်သို့ မောင်းနှင် ထိုးခွဲ ချေမှုန်းနိုင်ဖို့ ဆီထည့်သူက ထည့်၊ ဘီး လေထိုးသူက ထိုး၊ အင်ဂျင်စစ်သူက စစ်နှင့် ခိုင်ခန့် သည့် ‘တပ်တော်ကြီး’ အဖြစ် အသက်စသွင်းနိုင်ခဲ့ပြီ။




နိဂုံး…..ရာဇဝင်မှာ ‘နဂါးနှင့် ဂဠုန်’ တိုက်ပွဲကြီးသာ ကြားခဲ့ဘူးသော ငါတို့သည် မအလ လက်ထက်တွင် ‘နဂါးနှင့် ကြွက်စုတ်’ တိုက်ပွဲကြီး အဖြစ် မြင်တွေ့ကြရတော့မည်။ယုတ်မာလွန်းသည့် စကစ မအလ တို့ကို တိုက်ခိုက်နေသော ‘တရားသောစစ်’ နှင့် ‘လက်နက်ကိုင် တော်လှန်ရေး သမားများ အားလုံး’ တိုက်ပွဲတိုင်း အောင်မြင်ကြပါစေ။
ညီညီလွင် (ဓာတုဗေဒ)
Crd