Unicode
လူမုန်းခံပြီး ရေးခဲ့တဲ့ ပန်ဆယ်လိုရဲ့ ပြည်သူလူထုသို့ အကြံပေးစာ
ဒီစာက လူကြိုက်မယ့်စာ မဟုတ်ဘူး။ ရွာပြင်မှာ ထောင့်ကွက်တည်မယ့်စာမျိုး။ ကိုယ်တို့ ပြည်သူတွေဟာ PDFတွေ UG တွေကို ချစ်တဲ့စိတ်နဲ့ သုံးနှုန်းတဲ့ အခေါ်အဝေါ်လေး ရှိတယ်။ ကလေးတွေဆိုတဲ့ အခေါ်အဝေါ်။




ဒီအခေါ်အဝေါ်က ချစ်တဲ့စိတ်နဲ့ သုံးနှုန်းပေမယ့် Side Effect လေး ရှိတယ်။ ကလေးတွေ၊ ကလေးတွေကနေ ငါ့ကလေးတွေ၊ ငါ့ကလေးတွေအဖြစ် ပြောင်းလဲသုံးစွဲပြီး နိုင်ငံရေးဩဇာထူထောင်ကြတဲ့ ပြသနာ။
PDF တွေ UGတွေနဲ့ ထောက်ပို့တာက ၁၀၀ဖိုးဆို ၁၀၀၀ဖိုးလောက် နီးကပ်ပြ၊ မသိရင် သူတို့ထောင်ထားတဲ့အဖွဲ့လိုလို၊ တော်လှန်ရေးမိခင် ဖခင်ကြီးတွေလိုလို။ မြေပြင်အဖွဲ့တွေနဲ့ အရမ်းနီးကပ်ကြောင်း လုပ်ပြပြီး လူအထင်ကြီးမှု လူယုံကြည်မှုရယူ၊ Personal Branding လုပ်။ မြေပြင်ကိစ္စတွေ အစအဆုံးဝင်ပါ၊ ပြသနာပေါင်းစုံပတ်တက်။




တကယ်က ချစ်စနိုးနဲ့ ကလေးတွေလို့ ခေါ်ဝေါ်တာက အခေါ်အဝေါ်အနေနဲ့ ချစ်စရာကောင်းပေမယ့် တကယ်တမ်းမှာ ဒီလူငယ်တွေဟာ ကလေးတွေ မဟုတ်ဘူး။ ကလေးအလုပ်တွေ လုပ်နေတာ မဟုတ်ဘူး။ တိုင်းပြည်တာဝန်တွေ ထမ်းဆောင်နေတာ။ တိုင်းပြည်ကို စစ်ဖိနပ်အောက်က ဆွဲထုတ်ပေးနေတာ။ တိုင်းပြည်ရဲ့ တပ်မတော်တစ်ခုအနေနဲ့ ရပ်တည်နေကြတာ။
သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် နယ်ချဲ့တွေလက်အောက်က ရုန်းထွက်တော်လှန်ဖို့ ဦးဆောင်ခဲ့တဲ့ ရဲဘော်သုံးကျိတ်ဟာ အဲ့အလုပ်တွေ လုပ်ခဲ့တဲ့အချိန်မှာ အခု ကိုယ်တို့ ကလေးတွေလို့ ခေါ်နေတဲ့ အရွယ်လေးတွေပဲ။




ဒါပေမယ့် ပြည်သူလူထုဟာ သူတို့ကို တလေးတစားခေါ်ဝေါ်တယ်။ ကိုအောင်ဆန်းတဲ့။ ကိုလှဖေတဲ့။ ကိုဗဂျမ်းတဲ့။စသဖြင့် ကိုတပ်ခေါ်ပြီး လေးစားမှု ပြခဲ့တဲ့။ သခင်လို့ သမုတ်တဲ့ခေတ်မှာလည်း သခင်အောင်ဆန်းလို့ ခေါ်တယ်။ ကိုအောင်ဆန်းတို့ကို ပြည်သူတွေက အခုခေတ် PDFလေးတွေကို ချစ်သလို ချစ်ကြတာပဲ။ ဒါပေမယ့် ကလေးတွေဆိုတဲ့ အခေါ်ထက် လေးစားမှုပေးတဲ့ အခေါ်အဝေါ်ကို သုံးခဲ့ကြတယ်။
PDF တွေဟာ အသက်ပြည့်ပြီးသား ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လူငယ်တွေ ဖြစ်တယ်။ လူကြီးတိုင်းတောင် မလုပ်ရဲတဲ့ ရဲရင့်မှုတွေနဲ့ တိုင်းပြည်အတွက် ကြိုးစားနေတဲ့ လူငယ်တွေ ဖြစ်တယ်။ ပြည်သူတွေ အားကိုးရမယ့် ပြည်သူ့တပ်မတော်အစစ် ဖြစ်လာမယ့် လူငယ်တွေ ဖြစ်တယ်။




ကိုယ့်တို့ ယုံကြည်အားကိုးရမယ့် နေရာက နေရမယ့် သူတွေကို ချစ်စနိုးနဲ့ ကလေးတွေလို့ ခေါ်ဝေါ်တာထက်စာရင် လူငယ်တွေလို့ ခေါ်ဝေါ်ရင် ပိုအင်အားရှိတဲ့ အသုံးအနှုန်းလေး ဖြစ်လာမယ်။ ကလေးတွေဆိုတဲ့ ချစ်စရာအသုံးအနှုန်းကို ခုတုံးလုပ်ပြီး ငါ့ကလေးတွေဆိုပြီး ကောက်စားချင်တဲ့ တော်လှန်ရေးမိခင်ဖခင်ကြီးတွေရဲ့ နေရာဦးမှုကို ကာကွယ်နိုင်မယ်။
ချစ်စနိုးနဲ့ခေါ်တဲ့ အခေါ်အဝေါ်ကို တိုက်ခိုက်တာ မဟုတ်ဘူး။ လူငယ်တွေရဲ့ စွန့်လွှတ်စွန့်စားမှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ငါတို့လူငယ်လေးတွေလို့ ဂုဏ်တင်စေချင်ကြောင်း အကြံပေးတာပါ။ တိုင်းပြည်ရဲ့ အနာဂတ်ဟာ လူငယ်တွေ လက်ထဲမှာ မဟုတ်လား။
Zawgyi
လူမုန်းခံပြီး ရေးခဲ့တဲ့ ပန်ဆယ်လိုရဲ့ ပြည်သူလူထုသို့ အကြံပေးစာ
ဒီစာက လူႀကိဳက္မယ့္စာ မဟုတ္ဘူး။ ႐ြာျပင္မွာ ေထာင့္ကြက္တည္မယ့္စာမ်ိဳး။ ကိုယ္တို႔ ျပည္သူေတြဟာ PDFေတြ UG ေတြကို ခ်စ္တဲ့စိတ္နဲ႔ သုံးႏႈန္းတဲ့ အေခၚအေဝၚေလး ရွိတယ္။ ကေလးေတြဆိုတဲ့ အေခၚအေဝၚ။




ဒီအေခၚအေဝၚက ခ်စ္တဲ့စိတ္နဲ႔ သုံးႏႈန္းေပမယ့္ Side Effect ေလး ရွိတယ္။ ကေလးေတြ၊ ကေလးေတြကေန ငါ့ကေလးေတြ၊ ငါ့ကေလးေတြအျဖစ္ ေျပာင္းလဲသုံးစြဲၿပီး ႏိုင္ငံေရးဩဇာထူေထာင္ၾကတဲ့ ျပသနာ။
PDF ေတြ UGေတြနဲ႔ ေထာက္ပို႔တာက ၁၀၀ဖိုးဆို ၁၀၀၀ဖိုးေလာက္ နီးကပ္ျပ၊ မသိရင္ သူတို႔ေထာင္ထားတဲ့အဖြဲ႕လိုလို၊ ေတာ္လွန္ေရးမိခင္ ဖခင္ႀကီးေတြလိုလို။ ေျမျပင္အဖြဲ႕ေတြနဲ႔ အရမ္းနီးကပ္ေၾကာင္း လုပ္ျပၿပီး လူအထင္ႀကီးမႈ လူယုံၾကည္မႈရယူ၊ Personal Branding လုပ္။ ေျမျပင္ကိစၥေတြ အစအဆုံးဝင္ပါ၊ ျပသနာေပါင္းစုံပတ္တက္။




တကယ္က ခ်စ္စႏိုးနဲ႔ ကေလးေတြလို႔ ေခၚေဝၚတာက အေခၚအေဝၚအေနနဲ႔ ခ်စ္စရာေကာင္းေပမယ့္ တကယ္တမ္းမွာ ဒီလူငယ္ေတြဟာ ကေလးေတြ မဟုတ္ဘူး။ ကေလးအလုပ္ေတြ လုပ္ေနတာ မဟုတ္ဘူး။ တိုင္းျပည္တာဝန္ေတြ ထမ္းေဆာင္ေနတာ။ တိုင္းျပည္ကို စစ္ဖိနပ္ေအာက္က ဆြဲထုတ္ေပးေနတာ။ တိုင္းျပည္ရဲ႕ တပ္မေတာ္တစ္ခုအေနနဲ႔ ရပ္တည္ေနၾကတာ။
သမိုင္းကို ျပန္ၾကည့္မယ္ဆိုရင္ နယ္ခ်ဲ႕ေတြလက္ေအာက္က ႐ုန္းထြက္ေတာ္လွန္ဖို႔ ဦးေဆာင္ခဲ့တဲ့ ရဲေဘာ္သုံးက်ိတ္ဟာ အဲ့အလုပ္ေတြ လုပ္ခဲ့တဲ့အခ်ိန္မွာ အခု ကိုယ္တို႔ ကေလးေတြလို႔ ေခၚေနတဲ့ အ႐ြယ္ေလးေတြပဲ။




ဒါေပမယ့္ ျပည္သူလူထုဟာ သူတို႔ကို တေလးတစားေခၚေဝၚတယ္။ ကိုေအာင္ဆန္းတဲ့။ ကိုလွေဖတဲ့။ ကိုဗဂ်မ္းတဲ့။စသျဖင့္ ကိုတပ္ေခၚၿပီး ေလးစားမႈ ျပခဲ့တဲ့။ သခင္လို႔ သမုတ္တဲ့ေခတ္မွာလည္း သခင္ေအာင္ဆန္းလို႔ ေခၚတယ္။ ကိုေအာင္ဆန္းတို႔ကို ျပည္သူေတြက အခုေခတ္ PDFေလးေတြကို ခ်စ္သလို ခ်စ္ၾကတာပဲ။ ဒါေပမယ့္ ကေလးေတြဆိုတဲ့ အေခၚထက္ ေလးစားမႈေပးတဲ့ အေခၚအေဝၚကို သုံးခဲ့ၾကတယ္။
PDF ေတြဟာ အသက္ျပည့္ၿပီးသား ကိုယ္ပိုင္ဆုံးျဖတ္ခ်က္နဲ႔ လူငယ္ေတြ ျဖစ္တယ္။ လူႀကီးတိုင္းေတာင္ မလုပ္ရဲတဲ့ ရဲရင့္မႈေတြနဲ႔ တိုင္းျပည္အတြက္ ႀကိဳးစားေနတဲ့ လူငယ္ေတြ ျဖစ္တယ္။ ျပည္သူေတြ အားကိုးရမယ့္ ျပည္သူ႔တပ္မေတာ္အစစ္ ျဖစ္လာမယ့္ လူငယ္ေတြ ျဖစ္တယ္။




ကိုယ့္တို႔ ယုံၾကည္အားကိုးရမယ့္ ေနရာက ေနရမယ့္ သူေတြကို ခ်စ္စႏိုးနဲ႔ ကေလးေတြလို႔ ေခၚေဝၚတာထက္စာရင္ လူငယ္ေတြလို႔ ေခၚေဝၚရင္ ပိုအင္အားရွိတဲ့ အသုံးအႏႈန္းေလး ျဖစ္လာမယ္။ ကေလးေတြဆိုတဲ့ ခ်စ္စရာအသုံးအႏႈန္းကို ခုတုံးလုပ္ၿပီး ငါ့ကေလးေတြဆိုၿပီး ေကာက္စားခ်င္တဲ့ ေတာ္လွန္ေရးမိခင္ဖခင္ႀကီးေတြရဲ႕ ေနရာဦးမႈကို ကာကြယ္ႏိုင္မယ္။
ခ်စ္စႏိုးနဲ႔ေခၚတဲ့ အေခၚအေဝၚကို တိုက္ခိုက္တာ မဟုတ္ဘူး။ လူငယ္ေတြရဲ႕ စြန႔္လႊတ္စြန႔္စားမႈေတြကို အသိအမွတ္ျပဳတဲ့အေနနဲ႔ ငါတို႔လူငယ္ေလးေတြလို႔ ဂုဏ္တင္ေစခ်င္ေၾကာင္း အႀကံေပးတာပါ။ တိုင္းျပည္ရဲ႕ အနာဂတ္ဟာ လူငယ္ေတြ လက္ထဲမွာ မဟုတ္လား။
Crd