Unicode
အရင်လို ပျော်ခဲ့တဲ့အချိန်တွေကို သတိရပေမယ့် လက်ရှိအနေအထားကို ပြောပြလာတဲ့ အဆိုတော် R ဇာနည်
အဆိုတော် R ဇာနည် ကတော့ အသံပါဝါကောင်းကောင်းနဲ့ သီချင်းကောင်းများစွာကို သီဆိုထားနိုင်ပြီး ပရိသတ်ပေါင်းများစွာရရှိထားတဲ့ နာမည်ကြီးအဆိုတော်တစ်ဦးဖြစ်ပါတယ်။ ဇနီးချောဝမ်းနဲ့ ပျော်စရာကောင်းတဲ့
အိမ်ထောင်ရေးခရီးလမ်းကို လျှောက်လမ်းနေပြီး ချစ်ဖို့ကောင်းတဲ့ ကလေးလေး သုံးယောက်ကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ R ဇာနည် ဟာသီချင်းကောင်းများစွာကို သီဆိုနိုင်တဲ့အပြင် The Voice Myanmar
သီချင်းဆိုပြိုင်ပွဲမှာလဲ ဒိုင်အဖြစ်ပါဝင်ဆောင်ရွက်ခဲ့ပါသေးတယ်။ လက်ရှိမှာ R ဇာနည် ဟာမိသားစုနဲ့ခွဲခွာပြီး အမှန်တရားအတွက် ဘေးကင်းရာကို တိမ်းရှောင်နေရတာပါ။ အဆိုတော် R ဇာနည် ဟာ
မကြာသေးခင်နာရီပိုင်းလောက်က အရင်ကပျော်ရွှင်ဖွယ်ရာ အမှတ်တရတွေကို သတိရပေမယ့် မပျော်နိုင်ဘူးဆိုတဲ့အကြောင်းကို ရင်ဖွင့်ထားပါတယ်။ ” အော် ငါ့သယ်ရင်းမိတ်ဆွေတွေ…….တချို့ ပူဆွေးနေရသလို
တချို့ ကိုယ်နဲ့မဆိုင်သလို ပျော်သလို မပျော်သလို ပျော်လို့မဟုတ်ဘူး မတတ်သာသလို ပုံတွေတွေ့ရတာလဲ မှတ်သားစရာပါပဲ ငါလဲ အရင်က ဒီလိုပဲ ပျော်နေခဲ့ဖူးတာ မှတ်မိသလိုပဲ ” လို့ သူရဲ့
ကိုယ်ပိုင်အကောင့်မှာ ရေးသားထားတာကို တွေ့ရပါတယ်။ ပရိသတ်ကြီးရေ မိသားစုနဲ့အတူရှိခွင့်မရတဲ့အပြင် ပျော်ရွှင်စရာတွေနဲ့ ဝေးရာမှာနေမှာ တိမ်းရှောင်နေရတဲ့ အဆိုတော် R ဇာနည် အတွက်
အားပေးစကားလေးတွေ ပြောပေးခဲ့ပါအုန်းနော်။ အချိန်ပေးပြီးဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
Zawgyi
အရင်လို ပျော်ခဲ့တဲ့အချိန်တွေကို သတိရပေမယ့် လက်ရှိအနေအထားကို ပြောပြလာတဲ့ အဆိုတော် R ဇာနည်
Crd