ဒီစာက လူကြိုက်မယ့်စာ မဟုတ်ဘူး။ ရွာပြင်မှာ ထောင့်ကွက်တည်မယ့်စာမျိုး လို့ပြောလာတဲ့ ပန်ဆယ်လို

News

ဒီစာက လူကြိုက်မယ့်စာ မဟုတ်ဘူး။ ရွာပြင်မှာ ထောင့်ကွက်တည်မယ့်စာမျိုး လို့ပြောလာတဲ့ ပန်ဆယ်လို

ကိုယ်တို့ ပြည်သူတွေဟာ PDFတွေ UG တွေကို ချစ်တဲ့စိတ်နဲ့ သုံးနှုန်းတဲ့ အခေါ်အဝေါ်လေး ရှိတယ်။ ကလေးတွေဆိုတဲ့ အခေါ်အဝေါ်။

ဒီအခေါ်အဝေါ်က ချစ်တဲ့စိတ်နဲ့ သုံးနှုန်းပေမယ့် Side Effect လေး ရှိတယ်။ ကလေးတွေ၊ ကလေးတွေကနေ ငါ့ကလေးတွေ၊ ငါ့ကလေးတွေအဖြစ် ပြောင်းလဲသုံးစွဲပြီး နိုင်ငံရေးဩဇာထူထောင်ကြတဲ့ ပြသနာ။

PDF တွေ UGတွေနဲ့ ထောက်ပို့တာက ၁၀၀ဖိုးဆို ၁၀၀၀ဖိုးလောက် နီးကပ်ပြ၊ မသိရင် သူတို့ထောင်ထားတဲ့အဖွဲ့လိုလို၊ တော်လှန်ရေးမိခင် ဖခင်ကြီးတွေလိုလို။

မြေပြင်အဖွဲ့တွေနဲ့ အရမ်းနီးကပ်ကြောင်း လုပ်ပြပြီး လူအထင်ကြီးမှု လူယုံကြည်မှုရယူ၊ Personal Branding လုပ်။ မြေပြင်ကိစ္စတွေ အစအဆုံးဝင်ပါ၊ ပြသနာပေါင်းစုံပတ်တက်။

တကယ်က ချစ်စနိုးနဲ့ ကလေးတွေလို့ ခေါ်ဝေါ်တာက အခေါ်အဝေါ်အနေနဲ့ ချစ်စရာကောင်းပေမယ့် တကယ်တမ်းမှာ ဒီလူငယ်တွေဟာ ကလေးတွေ မဟုတ်ဘူး။ ကလေးအလုပ်တွေ လုပ်နေတာ မဟုတ်ဘူး။

တိုင်းပြည်တာဝန်တွေ ထမ်းဆောင်နေတာ။ တိုင်းပြည်ကို စစ်ဖိနပ်အောက်က ဆွဲထုတ်ပေးနေတာ။ တိုင်းပြည်ရဲ့ တပ်မတော်တစ်ခုအနေနဲ့ ရပ်တည်နေကြတာ။

သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် နယ်ချဲ့တွေလက်အောက်က ရုန်းထွက်တော်လှန်ဖို့ ဦးဆောင်ခဲ့တဲ့ ရဲဘော်သုံးကျိတ်ဟာ အဲ့အလုပ်တွေ လုပ်ခဲ့တဲ့အချိန်မှာ အခု ကိုယ်တို့ ကလေးတွေလို့ ခေါ်နေတဲ့ အရွယ်လေးတွေပဲ။

ဒါပေမယ့် ပြည်သူလူထုဟာ သူတို့ကို တလေးတစားခေါ်ဝေါ်တယ်။ ကိုအောင်ဆန်းတဲ့။ ကိုလှဖေတဲ့။ ကိုဗဂျမ်းတဲ့။စသဖြင့် ကိုတပ်ခေါ်ပြီး လေးစားမှု ပြခဲ့တဲ့။ သခင်လို့ သမုတ်တဲ့ခေတ်မှာလည်း သခင်အောင်ဆန်းလို့ ခေါ်တယ်။

ကိုအောင်ဆန်းတို့ကို ပြည်သူတွေက အခုခေတ် PDFလေးတွေကို ချစ်သလို ချစ်ကြတာပဲ။ ဒါပေမယ့် ကလေးတွေဆိုတဲ့ အခေါ်ထက် လေးစားမှုပေးတဲ့ အခေါ်အဝေါ်ကို သုံးခဲ့ကြတယ်။

PDF တွေဟာ အသက်ပြည့်ပြီးသား ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လူငယ်တွေ ဖြစ်တယ်။ လူကြီးတိုင်းတောင် မလုပ်ရဲတဲ့ ရဲရင့်မှုတွေနဲ့ တိုင်းပြည်အတွက် ကြိုးစားနေတဲ့ လူငယ်တွေ ဖြစ်တယ်။ ပြည်သူတွေ အားကိုးရမယ့် ပြည်သူ့တပ်မတော်အစစ် ဖြစ်လာမယ့် လူငယ်တွေ ဖြစ်တယ်။

ကိုယ့်တို့ ယုံကြည်အားကိုးရမယ့် နေရာက နေရမယ့် သူတွေကို ချစ်စနိုးနဲ့ ကလေးတွေလို့ ခေါ်ဝေါ်တာထက်စာရင် လူငယ်တွေလို့ ခေါ်ဝေါ်ရင် ပိုအင်အားရှိတဲ့ အသုံးအနှုန်းလေး ဖြစ်လာမယ်။ ကလေးတွေဆိုတဲ့ ချစ်စရာအသုံးအနှုန်းကို ခုတုံးလုပ်ပြီး ငါ့ကလေးတွေဆိုပြီး ကောက်စားချင်တဲ့ တော်လှန်ရေးမိခင်ဖခင်ကြီးတွေရဲ့ နေရာဦးမှုကို ကာကွယ်နိုင်မယ်။

ချစ်စနိုးနဲ့ခေါ်တဲ့ အခေါ်အဝေါ်ကို တိုက်ခိုက်တာ မဟုတ်ဘူး။ လူငယ်တွေရဲ့ စွန့်လွှတ်စွန့်စားမှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ငါတို့လူငယ်လေးတွေလို့ ဂုဏ်တင်စေချင်ကြောင်း အကြံပေးတာပါ။

တိုင်းပြည်ရဲ့ အနာဂတ်ဟာ လူငယ်တွေ လက်ထဲမှာ မဟုတ်လား။

Crd

Leave a Reply

Your email address will not be published.