“ဝေါလေဒေသ ဥကရစ်ထ စကစ စခန်းအား KNDO/KNLA ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်လိုက်ပြီ”

News

“ဝေါလေဒေသ ဥကရစ်ထ စစ်ကောင်စီစခန်းအား KNDO/KNLA ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်”
—– —– —–

ဇွန်လ ၂၆ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ဝေါလေ ဒေသ ဥကရစ်ထ စစ်ကောင်စီ စစ်ဆင်ရေးခြေကုတ်စခန်းအား ယနေ့ ဇွန်လ ၂၆ နံနက် ၈ နာရီကျော်ခန့် အချိန်တွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO ပူးပေါင်းအဖွဲ့ များက တက်ရောက်သိမ်းပိုက်လိုက်ကြောင်း မြေပြင်သတင်းအရ သိရှိရသည်

အဆိုပါ စစ်ကောင်စီ စခန်းကို တက်ရောက်သိမ်းပိုက်နိုင်ပြီဖြစ်သော်လည်း စစ်စခန်း စွန့်ခွာ ထွက်ပြေးသူများ နောက်သို့ နယ်မြေရှင်းလင်းရေး ဆက်လက် လုပ်ဆောင်နေဆဲ အခြေအနေဖြစ်ကြောင်း စစ်ရေးနယ်မြေ သတင်း အရင်းအမြစ်က ပြောသည်။

“ညကတည်း က ကျနော်တို့ ဝိုင်းပတ် ပိတ်ဆို့တိုက်ခိုက်မှုတွေ စပြီးလုပ်ခဲ့တယ်။ သူတို့ဘက်က လက်နက်ကြီး ပစ်ထုတ်တယ်။

ဝေါလေ စစ်ဗျူဟာ စစ်ကောင်စီကုန်းဘက်ကလည်း ပစ်ကူပေးတယ်။ အခု မနက် တော့ သူတို့ စခန်း စွန့်ပြီး ဆုတ်ပြေးတယ်။ ကျန်တာ နယ်မြေဆက်ရှင်းနေတုန်းပဲ၊ နောက်မှ သတင်းထုတ်ပြန်သွားမယ်” ဟု ၎င်းသတင်းအရင်းအမြစ်က ပြောသည်။

အဆိုပါ ဥကရစ်ထ စစ်ကောင်စီ စစ်ဆင်ရေး ခြေကုတ်စခန်းမှာ မြဝတီ ၊ သေ့ဘောဘိုး၊ ဝေါလေ မြို့သစ် အဝင်မုလအိ၊ စုကလိလမ်းပိုင်း ထိပ်လမ်းဆုံ နေရာတွင် တည်ရှိပြီးခံစစ် နှင့် နယ်ခြား စစ်ဗျူဟာ လက်အောက်ခံ အခြေချစစ်စခန်းတစ်ခုဖြစ်ပြီး KNU တပ်မဟာ ၆ နယ် မြေအတွင်း KNLA / KNDO တပ်ဖွဲ့ များ တိုက်ခိုက်သိမ်း ပိုက်မှုကိုခံရသည့် ၆ ခု မြောက်စစ်စခန်းဖြစ်ကြောင်း သိရှိရပါသည်။

ပြီးခဲ့သည့် မေလ ၁၈ ရက်ကလည်း ထိုင်း-မြန်မာနယ်စပ် မြဝတီတောင်ဘက် သေ့ဘောဘိုး စစ်ကောင်စီတပ်စခန်းကို KNLA /KNDO ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့ပြီး စစ်သုံ့ပန်း ၆ ဦး ဖမ်းဆီးရမိသေးသည်။

Photo-KIC

KIC (26 Jun 2022)

Crd

Unicode

“ေဝါေလေဒသ ဥကရစ္ထ စစ္ေကာင္စီစခန္းအား KNDO/KNLA ပူးေပါင္းတပ္ဖြဲ႕ သိမ္းပိုက္”
—– —– —–

ဇြန္လ ၂၆ရက္၊ ၂၀၂၂ ခုႏွစ္။ ေကအိုင္စီ

ေဝါေလ ေဒသ ဥကရစ္ထ စစ္ေကာင္စီ စစ္ဆင္ေရးေျခကုတ္စခန္းအား ယေန႔ ဇြန္လ ၂၆ နံနက္ ၈ နာရီေက်ာ္ခန္႔ အခ်ိန္တြင္ ကရင္အမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္-KNLA၊ ကရင္အမ်ိဳးသားကာကြယ္ေရးတပ္ဖြဲ႕-KNDO ပူးေပါင္းအဖြဲ႕ မ်ားက တက္ေရာက္သိမ္းပိုက္လိုက္ေၾကာင္း ေျမျပင္သတင္းအရ သိရွိရသည္

အဆိုပါ စစ္ေကာင္စီ စခန္းကို တက္ေရာက္သိမ္းပိုက္နိုင္ၿပီျဖစ္ေသာ္လည္း စစ္စခန္း စြန္႔ခြာ ထြက္ေျပးသူမ်ား ေနာက္သို႔ နယ္ေျမရွင္းလင္းေရး ဆက္လက္ လုပ္ေဆာင္ေနဆဲ အေျခအေနျဖစ္ေၾကာင္း စစ္ေရးနယ္ေၿမ သတင္း အရင္းအျမစ္က ေျပာသည္။

“ညကတည္း က က်ေနာ္တို႔ ဝိုင္းပတ္ ပိတ္ဆို႔တိုက္ခိုက္မႈေတြ စၿပီးလုပ္ခဲ့တယ္။ သူတို႔ဘက္က လက္နက္ႀကီး ပစ္ထုတ္တယ္။

ေဝါေလ စစ္ဗ်ဴဟာ စစ္ေကာင္စီကုန္းဘက္ကလည္း ပစ္ကူေပးတယ္။ အခု မနက္ ေတာ့ သူတို႔ စခန္း စြန္႔ၿပီး ဆုတ္ေျပးတယ္။ က်န္တာ နယ္ေျမဆက္ရွင္းေနတုန္းပဲ၊ ေနာက္မွ သတင္းထုတ္ျပန္သြားမယ္” ဟု ၎သတင္းအရင္းအျမစ္က ေျပာသည္။

အဆိုပါ ဥကရစ္ထ စစ္ေကာင္စီ စစ္ဆင္ေရး ေျခကုတ္စခန္းမွာ ျမဝတီ ၊ ေသ့ေဘာဘိုး၊ ေဝါေလ ၿမိဳ႕သစ္ အဝင္မုလအိ၊ စုကလိလမ္းပိုင္း ထိပ္လမ္းဆုံ ေနရာတြင္ တည္ရွိၿပီးခံစစ္ ႏွင့္ နယ္ျခား စစ္ဗ်ဴဟာ လက္ေအာက္ခံ အေျခခ်စစ္စခန္းတစ္ခုျဖစ္ၿပီး KNU တပ္မဟာ ၆ နယ္ ေျမအတြင္း KNLA / KNDO တပ္ဖြဲ႕ မ်ား တိုက္ခိုက္သိမ္း ပိုက္မႈကိုခံရသည့္ ၆ ခု ေျမာက္စစ္စခန္းျဖစ္ေၾကာင္း သိရွိရပါသည္။

ၿပီးခဲ့သည့္ ေမလ ၁၈ ရက္ကလည္း ထိုင္း-ျမန္မာနယ္စပ္ ျမဝတီေတာင္ဘက္ ေသ့ေဘာဘိုး စစ္ေကာင္စီတပ္စခန္းကို KNLA /KNDO ပူးေပါင္းတပ္မ်ားက သိမ္းပိုက္ခဲ့ၿပီး စစ္သုံ႔ပန္း ၆ ဦး ဖမ္းဆီးရမိေသးသည္။

Photo-KIC

KIC (26 Jun 2022)

Crd

Leave a Reply

Your email address will not be published.