“တပြိုင်တည်းစတင်မယ့် တော်လှန်ရေး တိုက်ပွဲ မကြာတော့ဘူးလို့ NUG ဝန်ကြီးပြော”

News

“တပြိုင်တည်းစတင်မယ့် တော်လှန်ရေး တိုက်ပွဲ မကြာတော့ဘူးလို့ NUG ဝန်ကြီးပြောဆို”
—– —– —–

ဂန့်ဂေါ – ဇွန် (၂၅)

တစ်ချိန်တည်း တစ်ပြိုင်တည်း တစ်နိုင်ငံလုံး စတင်မယ့် တော်လှန်ရေးဟာ မကြာခင်ရောက်ရှိလာ တော့မှာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးနဲ့ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက ပြောဆိုလိုက်ပါတယ်။

ဒီနေ့ ဇွန်လ(၂၅) ရက်နေ့ ကကျင်းပခဲ့တဲ့ ယောဒေသ ကာကွယ်ရေးတပ် (YDF) တစ်နှစ်ပြည့် အခမ်းအနားမှာ အခုလို ပြောဆိုခဲ့တာပါ။

“အခု တနသ်ာရီတို့ ပဲခူးတို့ ဧရာဝတီတို့အထိ တော်လှန်ရေးကပြန့်သွားပြီဖြစ်တဲ့အတွက် ကျွန်တော်တို့တွေ ယခင်တည်းက မျှော်လင့်ခဲ့တဲ့ တစ်ပြိုင်တည်းတစ်ချိန်တည်းမှာ တော်လှန်ရေးကို တစ်နိုင်ငံလုံးလုပ်ဖို့မကြာတော့ပါဘူး” လို့ ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

ဒါ့အပြင် တော်လှန်ရေးနဲ့အတူ ပြည်သူတွေရဲ့ တော်လှန်ရေးအောင်ပွဲရရှိတော့မှာ ဖြစ်တယ်လို့လည်း သူကပြောပါသေးတယ်။​

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ နေရာတော်တော်များများမှာ တိုက်ပွဲတွေနေ့စဉ် ဖြစ်ပွားနေပြီး စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်နဲ့ ချင်းပြည်နယ်တို့က တိုက်ပွဲတွေမှာ စစ်ကောင်စီက အထိနာနေတဲ့အတွက် လေကြောင်းပစ်ကူတွေသုံးနေပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ကတော့ ၂၀၂၁ ခုနှစ် စက်တင်ဘာလ(၇) ရက်နေ့မှာ ပြည်သူ့ခုခံ တွန်းလှန်စစ်ကို စတင်ခဲ့တာ အခုဆို (၁) နှစ်နီးပါးရှိနေပြီဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ် (25 Jun 2022)

Crd

Unicode

“တၿပိဳင္တည္းစတင္မယ့္ ေတာ္လွန္ေရး တိုက္ပြဲ မၾကာေတာ့ဘူးလို႔ NUG ဝန္ႀကီးေျပာဆို”
—– —– —–

ဂန္႔ေဂါ – ဇြန္ (၂၅)

တစ္ခ်ိန္တည္း တစ္ၿပိဳင္တည္း တစ္နိုင္ငံလုံး စတင္မယ့္ ေတာ္လွန္ေရးဟာ မၾကာခင္ေရာက္ရွိလာ ေတာ့မွာ ျဖစ္တယ္လို႔ အမ်ိဳးသားညီညြတ္ေရးအစိုးရ ပညာေရးနဲ႔က်န္းမာေရးဝန္ႀကီး ေဒါက္တာ ေဇာ္ေဝစိုးက ေျပာဆိုလိုက္ပါတယ္။

ဒီေန႔ ဇြန္လ(၂၅) ရက္ေန႔ ကက်င္းပခဲ့တဲ့ ေယာေဒသ ကာကြယ္ေရးတပ္ (YDF) တစ္ႏွစ္ျပည့္ အခမ္းအနားမွာ အခုလို ေျပာဆိုခဲ့တာပါ။

“အခု တနသ္ာရီတို႔ ပဲခူးတို႔ ဧရာဝတီတို႔အထိ ေတာ္လွန္ေရးကျပန္႔သြားၿပီျဖစ္တဲ့အတြက္ ကၽြန္ေတာ္တို႔ေတြ ယခင္တည္းက ေမၽွာ္လင့္ခဲ့တဲ့ တစ္ၿပိဳင္တည္းတစ္ခ်ိန္တည္းမွာ ေတာ္လွန္ေရးကို တစ္နိုင္ငံလုံးလုပ္ဖို႔မၾကာေတာ့ပါဘူး” လို႔ ေဒါက္တာေဇာ္ေဝစိုးက ေျပာပါတယ္။

ဒါ့အျပင္ ေတာ္လွန္ေရးနဲ႔အတူ ျပည္သူေတြရဲ့ ေတာ္လွန္ေရးေအာင္ပြဲရရွိေတာ့မွာ ျဖစ္တယ္လို႔လည္း သူကေျပာပါေသးတယ္။​

စစ္တပ္အာဏာသိမ္းၿပီးေနာက္ပိုင္း ျမန္မာနိုင္ငံရဲ့ ေနရာေတာ္ေတာ္မ်ားမ်ားမွာ တိုက္ပြဲေတြေန႔စဥ္ ျဖစ္ပြားေနၿပီး စစ္ကိုင္းတိုင္း၊ မေကြးတိုင္း၊ကရင္ျပည္နယ္၊ ကရင္နီျပည္နယ္နဲ႔ ခ်င္းျပည္နယ္တို႔က တိုက္ပြဲေတြမွာ စစ္ေကာင္စီက အထိနာေနတဲ့အတြက္ ေလေၾကာင္းပစ္ကူေတြသုံးေနပါတယ္။

အမ်ိဳးသားညီညြတ္ေရးအစိုးရ ကေတာ့ ၂၀၂၁ ခုႏွစ္ စက္တင္ဘာလ(၇) ရက္ေန႔မွာ ျပည္သူ႔ခုခံ တြန္းလွန္စစ္ကို စတင္ခဲ့တာ အခုဆို (၁) ႏွစ္နီးပါးရွိေနၿပီျဖစ္ပါတယ္။

သတင္း – သံလြင္တိုင္းမ္ (25 Jun 2022)

Crd

Leave a Reply

Your email address will not be published.