စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးရှောင်များအားကူညီရန် ချစ်သုဝေက ကံစမ်းမဲလက်မှတ်များ စတင်ရောင်းချ
ဆဏ်း/People’s Spring
အကြမ်းဖက်စစ်ကောင်စီက မီးရှို့ဖျက်ဆီးမှုများပြုလုပ်နေသည့် စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးရှောင်များပြည်သူများအားကူညီရန် ကံစမ်းမဲလက်မှတ်များ စတင်ရောင်းချနေပြီဖြစ်ကြောင်း သရုပ်ဆောင်ချစ်သုဝေက အသိပေးထားသည်။




” ” အိမ်” ဆိုတာ မရှိတော့တဲ့ Treza က တလရ ဟာ “ဘဝ” ဖြစ်နေပြီမို့….”အိမ်” ဆိုတာ မျက်စိရှေ့မှာတင် ပျာပုံဖြစ်လို့ ဘဝတွေ နေ့တွင်းညတွင်းချင်း ပျောက်သွားရသူတွေကို ကူဖို့တတ်တဲ့ပညာလေးနဲ့ “အိမ်” အလှဆင် ပစ္စည်းတချို့ လုပ်ထားပါတယ်.”ဟု ဇွန်လ ၂၅ ရက် ညနေတွင် ချစ်သုဝေက သူမ၏ဖေ့စ်ဘွတ်ခ်၌ ရေးသားထားသည်။
လက်မှတ်တစ်စောင်လျှင် ကျပ်တစ်သောင်းဖြင့် ရောင်းချပေးမည်ဖြစ်ပြီး m.me/WeSupportHeroes ပေ့ခ်ျတွင် ဝယ်ယူနိုင်မည်ဖြစ်သည်။




ယခုတစ်ကြိမ်ကံစမ်းမဲအတွက် ချစ်သုဝေက ထမင်းစားပွဲတင်အလှဆင်ရသည့် စားပွဲခင်းနှင့်ခွက်အောက်ခံများကို Macrame ထိုးထားခြင်းဖြစ်ပြီး စုစုပေါင်း သုံးစုံမဲဖောက်ပေးမည် ဖြစ်သည်။
ချစ်သုဝေက ပြီးခဲ့သည့်နှစ်နှစ်ကုန်ပိုင်းမှစတင်၍ နွေဦးတော်လှန်ရေး၏ လိုအပ်သည့်နေရာများသို့ လှူဒါန်းနိုင်ရန် Macrame များကိုယ်တိုင်ပြုလုပ်၍ ကံစမ်းမဲလက်မှတ်များပြုလုပ်ကာ လှူဒါန်းမှုများပြုလုပ်နေခြင်းဖြစ်သည်။




ချစ်သုဝေက (၆)ကြိမ်မြောက် Macrame Project ကို မေလအတွင်းကပြုလုပ်ခဲ့ပြီး လိုအပ်သည့်နေရာများကို ကျပ်သိန်း၇၀၀ ကျော်လှူဒါန်းနိုင်ခဲ့သည်။
ဓာတ်ပုံ – ချစ်သုဝေ ဖေ့စ်ဘွတ်ခ်
Crd
Unicode
စစ္ကိုင္းတိုင္းအတြင္းရွိ စစ္ေဘးေရွာင္မ်ားအားကူညီရန္ ခ်စ္သုေဝက ကံစမ္းမဲလက္မွတ္မ်ား စတင္ေရာင္းခ်
ဆဏ္း/People’s Spring
အၾကမ္းဖက္စစ္ေကာင္စီက မီးရွို႔ဖ်က္ဆီးမႈမ်ားျပဳလုပ္ေနသည့္ စစ္ကိုင္းတိုင္းအတြင္းရွိ စစ္ေဘးေရွာင္မ်ားျပည္သူမ်ားအားကူညီရန္ ကံစမ္းမဲလက္မွတ္မ်ား စတင္ေရာင္းခ်ေနၿပီျဖစ္ေၾကာင္း သ႐ုပ္ေဆာင္ခ်စ္သုေဝက အသိေပးထားသည္။




” ” အိမ္” ဆိုတာ မရွိေတာ့တဲ့ Treza က တလရ ဟာ “ဘဝ” ျဖစ္ေနၿပီမို႔….”အိမ္” ဆိုတာ မ်က္စိေရွ႕မွာတင္ ပ်ာပုံျဖစ္လို႔ ဘဝေတြ ေန႔တြင္းညတြင္းခ်င္း ေပ်ာက္သြားရသူေတြကို ကူဖို႔တတ္တဲ့ပညာေလးနဲ႔ “အိမ္” အလွဆင္ ပစၥည္းတခ်ိဳ႕ လုပ္ထားပါတယ္.”ဟု ဇြန္လ ၂၅ ရက္ ညေနတြင္ ခ်စ္သုေဝက သူမ၏ေဖ့စ္ဘြတ္ခ္၌ ေရးသားထားသည္။
လက္မွတ္တစ္ေစာင္လၽွင္ က်ပ္တစ္ေသာင္းျဖင့္ ေရာင္းခ်ေပးမည္ျဖစ္ၿပီး m.me/WeSupportHeroes ေပ့ခ္်တြင္ ဝယ္ယူနိုင္မည္ျဖစ္သည္။




ယခုတစ္ႀကိမ္ကံစမ္းမဲအတြက္ ခ်စ္သုေဝက ထမင္းစားပြဲတင္အလွဆင္ရသည့္ စားပြဲခင္းႏွင့္ခြက္ေအာက္ခံမ်ားကို Macrame ထိုးထားျခင္းျဖစ္ၿပီး စုစုေပါင္း သုံးစုံမဲေဖာက္ေပးမည္ ျဖစ္သည္။
ခ်စ္သုေဝက ၿပီးခဲ့သည့္ႏွစ္ႏွစ္ကုန္ပိုင္းမွစတင္၍ ေႏြဦးေတာ္လွန္ေရး၏ လိုအပ္သည့္ေနရာမ်ားသို႔ လႉဒါန္းနိုင္ရန္ Macrame မ်ားကိုယ္တိုင္ျပဳလုပ္၍ ကံစမ္းမဲလက္မွတ္မ်ားျပဳလုပ္ကာ လႉဒါန္းမႈမ်ားျပဳလုပ္ေနျခင္းျဖစ္သည္။




ခ်စ္သုေဝက (၆)ႀကိမ္ေျမာက္ Macrame Project ကို ေမလအတြင္းကျပဳလုပ္ခဲ့ၿပီး လိုအပ္သည့္ေနရာမ်ားကို က်ပ္သိန္း၇၀၀ ေက်ာ္လႉဒါန္းနိုင္ခဲ့သည္။
ဓာတ္ပုံ – ခ်စ္သုေဝ ေဖ့စ္ဘြတ္ခ္
Crd