မသေခင်တော့ အိမ်လေးနဲ့နေချင်သေးတယ် ဆိုတဲ့ ကျူးကျော်မှာ နေထိုင်နေရတဲ့ လူကြမ်းသရုပ်ဆောင် မိုးဟိန်း

News

Unicode

မသေခင် အိမ်ကောင်းကောင်းလေး တစ်လုံးနဲ့ နေချင်တယ်ဆိုတဲ့ လူကြမ်းသရုပ်ဆောင်ကြီး မိုးဟိန်း အထုအနှက် အထိုးအကြိတ် အခန်းတွေမှာ သရုပ်ပီပြင်စွာ သရုပ်ဆောင်ရတဲ့ လူကြမ်းအဖွဲ့လို့ ဆိုလိုက်ရင် ကိုလူချောတို့ အဖွဲ့ကို အမြဲတွေ့ရမှာပဲဖြစ်ပါတယ်။

လူကြမ်းသရုပ်ဆောင်တွေဟာ အက်ရှင်ကားတွေ အထိုး အကြိတ် ဖိုက်တင်ကားတွေကို အသားပေး ရိုက်ကူးရာထားတဲ့ ဇာတ်လမ်းမျိုးတွေမှာ မင်းသားတွေနဲ့ အပြိုင် တဖက်ကနေ ဇာတ်မနာနာအောင် လုပ်ရ သရုပ်ဆောင်ရသူတွေပဲ ဖြစ်ပါတယ်။ တကယ်တမ်းတော့ ဒီလို ပရိသတ်တွေရဲ့ အမုန်းကို ခံယူပြီး

အနုပညာနဲ့ တင်ဆက်ပေးနေတဲ့ လူကြမ်းသရုပ်ဆောင်တွေရဲ့ အနုပညာကြေး ဝင်ငွေကတော့ အရမ်းကို နည်းပါးကြလို့ ပြင်ပဘဝမှာ စားဝတ်နေရေး ခက်ခဲကြရသလို အကယ်ဒမီဆိုတဲ့ ထူးချွန်ဆုတွေမှာလည်း သူတို့ဇာတ်ရုပ်အတွက် မျက်နှာသာ အပေးမခံရပါဘူး။

ရုပ်ရှင်ဗီဒီယိုတွေထဲက သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေက မုန်းတာ ခံရ၊ အမုန်းခံပြီး ကြမ်းပြရမ်းပြ သရုပ်ဆောင်ပြပေမယ့် ရတဲ့ အနုပညာကြေးက အမုန်းခံရကျိုး မနပ်အောင်ပါပဲ။ ဒါပေမယ့် အနုပညာကို ချစ်တဲ့စိတ်နဲ့

ကျရာဇာတ်ရုပ်ကနေ ပီပြင်စွာ သရုပ်ဖော်ပေး နေကြတာ လူကြမ်းကြီးတွေပါ။ အနုပညာကြေး ရတာနည်းတဲ့ အတွက် လူကြမ်းကြီးတွေရဲ့ ဘဝဟာလည်း နွမ်းပါးလှပြီး မိသားစုလည်း ဝမ်းရေးမလှ ကြရှာပါဘူး။

ဒီလိုလူကြမ်းကြီးတွေထဲက တစ်ယောက်ဖြစ်တဲ့ ပရိသတ်တွေ ဇာတ်ကားများစွာ မြင်တွေ့ဖူးနေကြဖြစ်တဲ့ လူကြမ်းသရုပ်ဆောင်ကြီး တစ်ဉီးရဲ့ အကြောင်းလေးကို စိတ်မကောင်းစွာနဲ့ ဖော်ပြ တင်ဆက်ပေးလိုက်ပါတယ်။

ဗီဒီယိုဇာတ်ကားတွေ ခေတ်စားတဲ့အချိန်ကတည်းက လူကြမ်းသရုပ်ဆောင်အဖြစ် သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေအားလုံး ရင်းနှီးပြီးသားဖြစ်တဲ့ လူကြမ်းသရုပ်ဆောင် မိုးဟိန်း ကို အားလုံးပဲ မှတ်မိမှာပါ။

သရုပ်ဆောင်မိုးဟိန်း ကတော့ ကားစပယ်ယာ ဘဝကနေ အနုပညာလောကကို ဝင်ရောက်လာခဲ့ပြီး လူကြမ်း သရုပ်ဆောင် အဖြစ်နဲ့ ဆယ်စုနှစ်များစွာ ကျင်လည်လာခဲ့တာပါ။mသို့ပေမယ့် လက်ရြှိမန်မာနိုင်ငံရဲ့ အခြေအနေကြောင့် အနုပညာလှုပ်ရှားမူ့တွေ

ရပ်နားထားရ တာကြောင့် စားဝတ်နေရေး ခက်ခဲ နေရပါတယ်။ သို့ပေမယ့် ယခုလတ်တလောမှာ စားဝတ်နေရေးထက်နေရေးထိုင်ရေးအတွက်က အိမ်အနေအထားက ပိုပြီးခက်ခဲနေတယ်လို့ သိရပါတယ်။ သရုပ်ဆောင်မိုးဟိန်းဟာ ယခုအခါ ကျူးကျော် ရပ်ကွက်တစ်ခုမှာ နေထိုင်နေ ရရှာပြီး

သူတို့နေထိုင်တဲ့ အိမ်လေးဟာ ဘေးတစ်ခြမ်း ပြိုလုနီးပါး ယိုင်နဲ့နေတာ ၃ နှစ်နီးပါး ရှိခဲ့ပါပြီ။ အလုပ်မရှိသေးတဲ့အတွက် အဆင်ပြေအောင်နေထိုင်ရင်း ဘဝကို ရုန်းကန်နေရ ရှာပါတယ်။

လူကြမ်းသရုပ်ဆောင်မိုးဟိန်းမှာ သားသမီး ၃ယောက် ထွန်းကားပြီး သားအကြီးနဲ့အလတ် ကတော့ အိမ်ထောင်ကျ နေပြီ ဖြစ်ကြောင်းလည်း သိရပါတယ်။ ဉီးမိုးဟိန်းက သူတို့ရဲ့ အခက်အခဲတွေကို အခုလိုစို့နင့်စွာ ရင်ဖွင့် ပြောပြ လာခဲ့ ပါတယ်။

“အိမ်မဆောက်တတ်ပေမယ့် ကိုယ့်တိုင် ကိုယ့်ဘာသာဆောက်ထားတဲ့ အိမ်လေးက (၁ဝ) နှစ် ပြည့်သွားပါပြီ။ အိမ်က ယိုင်နေတော့ ပြိုကျမှာစိုးလို့ ဒေါက်တွေ ထောက်ထားရတယ်။ ကျူးကျော်မြေမှာ နေ နေရတာဆိုတော့ အိမ်ပိုင်နဲ့ နေချင်တဲ့ ဆန္ဒလေး မသေခင် ပြည့်သွားချင်တယ်။

သားတွေကို ကိုယ်တွေလို ဟိုပြေး၊ ဒီပြေး ကျူးဘဝမျိုး မဖြစ်စေချင်ဘူး” ဝမ်းနည်းသွာ ပြောကြား လာတာပဲ ဖြစ်ပါတယ်နော်။ ပရိသတ်ကြီးရေ လူကြမ်းမင်းသားကြီး ဉီးမိုးဟိန်းတို့ မိသားစုရဲ့

ဘဝအခက်အခဲ အကြပ်အတည်းတွေကတော့ တကယ့်ကို ရင်မောစရာ အတိပါပဲ။ အဆင်ပြေပြေ နေစရာလေး စီစဉ်ပေးမယ့် စေတနာရှင် အလှူရှင်များ၊ အလုပ်အကိုင်လေး ပေးနိုင်တဲ့သူများနှင့်

အမြန်ဆုံး ဆုံတွေ့ နိုင်ပါစေကြောင်း ဆုတောင်းပေးရင်း လူကြမ်းသရုပ်ဆောင်ကြီးရဲ့ ဘဝကြမ်းခရီးကို ဖြောင့်တန်းအောင် ကူညီသောအားဖြင့် ဒီပို့စ်လေးကို ဝိုင်းဝန်း Shareပေးကြ မျှဝေပေးကြပါစို့နော်။

Crd

Zawgyi

မေသခင္ အိမ္ေကာင္းေကာင္းေလး တစ္လုံးနဲ႔ ေနခ်င္တယ္ဆိုတဲ့ လူၾကမ္းသ႐ုပ္ေဆာင္ႀကီး မိုးဟိန္း အထုအႏွက္ အထိုးအႀကိတ္ အခန္းေတြမွာ သ႐ုပ္ပီျပင္စြာ သ႐ုပ္ေဆာင္ရတဲ့ လူၾကမ္းအဖြဲ႕လို႔ ဆိုလိုက္ရင္ ကိုလူေခ်ာတို႔ အဖြဲ႕ကို အၿမဲေတြ႕ရမွာပဲျဖစ္ပါတယ္။

လူၾကမ္းသ႐ုပ္ေဆာင္ေတြဟာ အက္ရွင္ကားေတြ အထိုး အႀကိတ္ ဖိုက္တင္ကားေတြကို အသားေပး ႐ိုက္ကူးရာထားတဲ့ ဇာတ္လမ္းမ်ိဳးေတြမွာ မင္းသားေတြနဲ႔ အၿပိဳင္ တဖက္ကေန ဇာတ္မနာနာေအာင္ လုပ္ရ သ႐ုပ္ေဆာင္ရသူေတြပဲ ျဖစ္ပါတယ္။ တကယ္တမ္းေတာ့ ဒီလို ပရိသတ္ေတြရဲ႕ အမုန္းကို ခံယူၿပီး

အႏုပညာနဲ႔ တင္ဆက္ေပးေနတဲ့ လူၾကမ္းသ႐ုပ္ေဆာင္ေတြရဲ႕ အႏုပညာေၾကး ဝင္ေငြကေတာ့ အရမ္းကို နည္းပါးၾကလို႔ ျပင္ပဘဝမွာ စားဝတ္ေနေရး ခက္ခဲၾကရသလို အကယ္ဒမီဆိုတဲ့ ထူးခြၽန္ဆုေတြမွာလည္း သူတို႔ဇာတ္႐ုပ္အတြက္ မ်က္ႏွာသာ အေပးမခံရပါဘူး။

႐ုပ္ရွင္ဗီဒီယိုေတြထဲက သ႐ုပ္ေဆာင္ခ်က္ေတြေၾကာင့္ ပရိသတ္ေတြက မုန္းတာ ခံရ၊ အမုန္းခံၿပီး ၾကမ္းျပရမ္းျပ သ႐ုပ္ေဆာင္ျပေပမယ့္ ရတဲ့ အႏုပညာေၾကးက အမုန္းခံရက်ိဳး မနပ္ေအာင္ပါပဲ။ ဒါေပမယ့္ အႏုပညာကို ခ်စ္တဲ့စိတ္နဲ႔

က်ရာဇာတ္႐ုပ္ကေန ပီျပင္စြာ သ႐ုပ္ေဖာ္ေပး ေနၾကတာ လူၾကမ္းႀကီးေတြပါ။ အႏုပညာေၾကး ရတာနည္းတဲ့ အတြက္ လူၾကမ္းႀကီးေတြရဲ႕ ဘဝဟာလည္း ႏြမ္းပါးလွၿပီး မိသားစုလည္း ဝမ္းေရးမလွ ၾကရွာပါဘူး။

ဒီလိုလူၾကမ္းႀကီးေတြထဲက တစ္ေယာက္ျဖစ္တဲ့ ပရိသတ္ေတြ ဇာတ္ကားမ်ားစြာ ျမင္ေတြ႕ဖူးေနၾကျဖစ္တဲ့ လူၾကမ္းသ႐ုပ္ေဆာင္ႀကီး တစ္ဉီးရဲ႕ အေၾကာင္းေလးကို စိတ္မေကာင္းစြာနဲ႔ ေဖာ္ျပ တင္ဆက္ေပးလိုက္ပါတယ္။

ဗီဒီယိုဇာတ္ကားေတြ ေခတ္စားတဲ့အခ်ိန္ကတည္းက လူၾကမ္းသ႐ုပ္ေဆာင္အျဖစ္ သ႐ုပ္ေဆာင္ခဲ့ၿပီး ပရိသတ္ေတြအားလုံး ရင္းႏွီးၿပီးသားျဖစ္တဲ့ လူၾကမ္းသ႐ုပ္ေဆာင္ မိုးဟိန္း ကို အားလုံးပဲ မွတ္မိမွာပါ။

သ႐ုပ္ေဆာင္မိုးဟိန္း ကေတာ့ ကားစပယ္ယာ ဘဝကေန အႏုပညာေလာကကို ဝင္ေရာက္လာခဲ့ၿပီး လူၾကမ္း သ႐ုပ္ေဆာင္ အျဖစ္နဲ႔ ဆယ္စုႏွစ္မ်ားစြာ က်င္လည္လာခဲ့တာပါ။mသို႔ေပမယ့္ လက္ျရႇိမန္မာႏိုင္ငံရဲ႕ အေျခအေနေၾကာင့္ အႏုပညာလႈပ္ရွားမူ႔ေတြ

ရပ္နားထားရ တာေၾကာင့္ စားဝတ္ေနေရး ခက္ခဲ ေနရပါတယ္။ သို႔ေပမယ့္ ယခုလတ္တေလာမွာ စားဝတ္ေနေရးထက္ေနေရးထိုင္ေရးအတြက္က အိမ္အေနအထားက ပိုၿပီးခက္ခဲေနတယ္လို႔ သိရပါတယ္။ သ႐ုပ္ေဆာင္မိုးဟိန္းဟာ ယခုအခါ က်ဴးေက်ာ္ ရပ္ကြက္တစ္ခုမွာ ေနထိုင္ေန ရရွာၿပီး

သူတို႔ေနထိုင္တဲ့ အိမ္ေလးဟာ ေဘးတစ္ျခမ္း ၿပိဳလုနီးပါး ယိုင္နဲ႔ေနတာ ၃ ႏွစ္နီးပါး ရွိခဲ့ပါၿပီ။ အလုပ္မရွိေသးတဲ့အတြက္ အဆင္ေျပေအာင္ေနထိုင္ရင္း ဘဝကို ႐ုန္းကန္ေနရ ရွာပါတယ္။

လူၾကမ္းသ႐ုပ္ေဆာင္မိုးဟိန္းမွာ သားသမီး ၃ေယာက္ ထြန္းကားၿပီး သားအႀကီးနဲ႔အလတ္ ကေတာ့ အိမ္ေထာင္က် ေနၿပီ ျဖစ္ေၾကာင္းလည္း သိရပါတယ္။ ဉီးမိုးဟိန္းက သူတို႔ရဲ႕ အခက္အခဲေတြကို အခုလိုစို႔နင့္စြာ ရင္ဖြင့္ ေျပာျပ လာခဲ့ ပါတယ္။

“အိမ္မေဆာက္တတ္ေပမယ့္ ကိုယ့္တိုင္ ကိုယ့္ဘာသာေဆာက္ထားတဲ့ အိမ္ေလးက (၁ဝ) ႏွစ္ ျပည့္သြားပါၿပီ။ အိမ္က ယိုင္ေနေတာ့ ၿပိဳက်မွာစိုးလို႔ ေဒါက္ေတြ ေထာက္ထားရတယ္။ က်ဴးေက်ာ္ေျမမွာ ေန ေနရတာဆိုေတာ့ အိမ္ပိုင္နဲ႔ ေနခ်င္တဲ့ ဆႏၵေလး မေသခင္ ျပည့္သြားခ်င္တယ္။

သားေတြကို ကိုယ္ေတြလို ဟိုေျပး၊ ဒီေျပး က်ဴးဘဝမ်ိဳး မျဖစ္ေစခ်င္ဘူး” ဝမ္းနည္းသြာ ေျပာၾကား လာတာပဲ ျဖစ္ပါတယ္ေနာ္။ ပရိသတ္ႀကီးေရ လူၾကမ္းမင္းသားႀကီး ဉီးမိုးဟိန္းတို႔ မိသားစုရဲ႕

ဘဝအခက္အခဲ အၾကပ္အတည္းေတြကေတာ့ တကယ့္ကို ရင္ေမာစရာ အတိပါပဲ။ အဆင္ေျပေျပ ေနစရာေလး စီစဥ္ေပးမယ့္ ေစတနာရွင္ အလႉရွင္မ်ား၊ အလုပ္အကိုင္ေလး ေပးႏိုင္တဲ့သူမ်ားႏွင့္

အျမန္ဆုံး ဆုံေတြ႕ ႏိုင္ပါေစေၾကာင္း ဆုေတာင္းေပးရင္း လူၾကမ္းသ႐ုပ္ေဆာင္ႀကီးရဲ႕ ဘဝၾကမ္းခရီးကို ေျဖာင့္တန္းေအာင္ ကူညီေသာအားျဖင့္ ဒီပို႔စ္ေလးကို ဝိုင္းဝန္း Shareေပးၾက မွ်ေဝေပးၾကပါစို႔ေနာ္။

Crd

Leave a Reply

Your email address will not be published.