မင်္ဂလာပွဲ ၆ ပွဲလုပ်ဖြစ်ရတဲ့ အကြောင်းအရင်းကို ပြောပြလာတဲ့ ပြည်သူ့မင်းသမီး အိနြ္ဒာကျော်ဇင်…

News

မင်္ဂလာပွဲ ၆ ပွဲလုပ်ဖြစ်ရတဲ့ အကြောင်းအရင်းကို ပြောပြလာတဲ့ ပြည်သူ့မင်းသမီး အိန္ဒြာကျော်ဇင်…

ပြည်သူချစ် သရုပ်ဆောင် နိုင်ငံကျော် ထပ်ဆင့်အကယ်ဒမီ အိန္ဒြာကျော်ဇင်ကတော့ အပီပိုင်နိုင်တဲ့ သရုပ်ဆောင်ချက်တွေနဲ့အတူ ကျရာဇာတ်ကောင်တိုင်းမှာ အကောင်းဆုံးသရုပ်ဆောင်နိုင်တာကြောင့် ပရိတ်သတ်ကြီးတွေရဲ့ချစ်ခင်အားပေးမှုကိုအခိုင်အမာ ၊အပြည့်အဝရရှိထားတဲ့ မင်းသမီးချောလေးပဲဖြစ်ပါတယ်။ အနုပညာလောကမှာရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကောင်းပေါင်းများစွာကို ရိုက်ကူးခဲ့ပြီး အောင်မြင်မှုတွေနဲ့အနုပညာလမ်းကြောင်းမှာ လျှောက်လှမ်းခဲ့တာ ယနေ့ထိ တိုင်ပါပဲ။ မင်းသားချောပြေတီဦးနဲ့အေးချမ်းသာယာတဲ့အိမ်ထောင်ရေးလေးကို ထူထောင်ကာချစ်စရာကောင်းလွန်းတဲ့ သားသားမီးမီးလေးတွေနဲ့အေးချမ်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူလေးလည်းဖြစ်ပါတယ်။

သရုပ်ဆောင် အိန္ဒြာကျော်ဇင်ဟာဆိုရင် အောင်မြင်မှုတွေများစွာရရှိနေတဲ့ သူတစ်ဦးဖြစ်ပါတယ်။ သူမဟာ မြန်မာမှာသာမက ကမ္ဘာမှာပါ အောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်နေတဲ့သူဖြစ်ပါတယ်။

သူမရရှိခဲ့တဲ့ဆုတွေက ၂၀၀၁ ခုနှစ်မှာ အချစ်လေပြေဇာတ်ကားနှင့် အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု ၊ ၂၀၀၉ ခုနှစ်မှာဆိုရင် အတိတ်၏အရိပ်ဇာတ်ကားနှင့် Asian Academy Awards ကနေရော Golden Rooster Awards ကနေရော အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိခဲ့ပြန်ပါတယ်။ အဲဒါတင်မကသေးပါဘူး။ သူမဟာ၂၀၁၁ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိလည်း ဆုတွေအများကြီးရရှိခဲ့တဲ့ သူဖြစ်ပါတယ်။

အမတို့ မင်္ဂလာမဆောင်ခင်ကတည်းက ဦးတီ က ပြေတီဦး ဖောင်ဒေးရှင်းကို တည်ထောင်ထားပြီး သားပေါ့နော် သူ့ရဲ့မွေးနေ့ပွဲမှာရတဲ့ အလှူငွေတွေနဲ့ စ တည်ထောင် ထားတာပေါ့။ စ တည်ထောင်ပြီးတာနဲ့ နောက်နှစ်မှာပဲ အမတို့ မင်္ဂလာဆောင်ဖြစ်ကြတော့ မင်္ဂလာ ၆ ပွဲဆောင်တယ်ဆိုတာ အဓိက ကတော့ ဖောင်ဒေးရှင်း ရန်ပုံငွေ ရှာတဲ့သဘောပေါ့။ ရန်ပုံငွေတောင့်အောင် MRTV 4 နဲ့ မင်္ဂလာပွဲကို ရိုက်ပြီး အပိုင်းပိုင်းလွှင့်တဲ့အခါကျတော့ ပွဲနည်းရင် အဆင်မပြေဘူးလေ။မင်္ဂလာပွဲ အရေအတွက်များလိုက်တဲ့အခါ TV ကနေ အပိုင်းပိုင်းလွှင့်တဲ့အခါကျတော့ ရန်ပုံငွေ ပိုရသွားတာပေါ့။

ရည်ရွယ်ချက်ကတော့ အဲ့လိုရည်ရွယ်တာပေါ့နော်။ တစ်ချို့ကတော့ တစ်မျိုးမြင်ကြတာပေါ့လေ။ အမှန်က တော့ ကိုယ်တွေက ပညာရေး ဖောင်ဒေးရှင်း အတွက် ရန်ပုံငွေလိုချင်တဲ့အတွက် အဲ့လိုလေး လုပ်ခဲ့ကြတာပေါ့ ဆိုပြီးတော့ ရေးသားဖော်ပြထားပါတယ်။
Credit

Leave a Reply

Your email address will not be published.