သူမ သိပ်ချစ်ရသော တိုက်ချီဒိုလေးကို မခေါ်လို၍ ချန်ထားခဲ့ဖို့ ဆုံးဖြတ်

News

သူမ သိပ်ချစ်ရသော တိုက်ချီဒိုလေးကို မခေါ်လို၍ ချန်ထားခဲ့ဖို့ ဆုံးဖြတ်

သတင္းအျပည့္အစုံဖတ္ရန္- ေဒၚေအာင္ဆန္းစုၾကည္ကို အက်ဥ္းေထာင္တြင္း သီးျခားအေဆာင္မွာထားရွိၿပီး အမ်ိဳးသမီး ေထာင္၀န္ထမ္း သုံးဦး ထားရွိ ထိုက္ခ်ီဒိုကို ေထာင္တြင္းမေခၚဖို႔ ေဒၚေအာင္ဆန္းစုၾကည္ဆုံးျဖတ္

မနက္ျဖန္ သမၼတ ဦး၀င္းျမင့္နဲ႔အတူ ေထာင္တြင္းတရား႐ုံးမွာ ေ႐ြးေကာက္ပြဲအမႈ ရင္ဆိုင္ရဖို႔ရွိ
ေဒၚေအာင္ဆန္းစုၾကည္ဟာ ေထာင္တြင္း သီးသန္႔အေဆာက္အဦတစ္ခုမွာ

တစ္ဦးတည္းေနထိုင္ရၿပီး အမ်ိဳးသမီးေထာင္၀န္ထမ္း ၃ ဦးကို စီစဥ္ေပးထားတယ္လို႔သိရေၾကာင္း တရား႐ုံးနဲ႔နီးစပ္သူေတြထံကသိရပါတယ္

ဒါေၾကာင့္ ေဒၚေအာင္ဆန္းစုၾကည္ကို အခု ေ႐ႊ႕ေျပာင္းလိုက္တဲ့ ေထာင္မွာ သူနဲ႔အတူ ေနအိမ္အက်ယ္ခ်ဳပ္မွာ ေနထိုင္သူေတြ အတူလိုက္ပါခြင့္မရဘူးလို႔နားလည္ရၿပီး

ေဒၚေအာင္ဆန္းစုၾကည္ ေမြးျမဴထားတဲ့ ထိုက္ခ်ီဒိုကိုေတာ့ ေထာင္ထဲကိုမေခၚခ်င္တဲ့အတြက္ အျပင္မွာပဲထားဖို႔ ဆုံးျဖတ္ခဲ့တယ္လို႔လည္း သိရပါတယ္

ဒါ့အျပင္ ေဒၚေအာင္ဆန္းစုၾကည္ကိုအပတ္စဥ္ ႐ုံးထုတ္စစ္ေဆးေနတဲ့အမႈေတြအားလုံးကိုလည္း ေနျပည္ေတာ္စည္ပင္၀င္းထဲက ၿခံနံပါတ္ ၁ အထူးတရားခြင္အစား

ေနျပည္ေတာ္အခ်ဳပ္ေထာင္တြင္း အထူးတရား႐ုံးကို ဒီေန႔ ဇြန္ ၂၃ ရက္ကစလို႔ ေ႐ႊ႕ေျပာင္းစစ္ေဆးခဲ့ပါတယ္

ဒီေန႔မွာေတာ့ ေဒၚေအာင္ဆန္းစုၾကည္ကို စြဲဆိုထားတဲ့အမႈေတြထဲကႏိုင္ငံေတာ္လွ်ိဳ႕ဝွက္အက္နဲ႔ စြဲခ်က္တင္ခံထားရတဲ့ အမႈကို ေနျပည္ေတာ္အခ်ဳပ္ေထာင္တြင္း တရား႐ုံးမွာစစ္ေဆးခဲ့ၿပီး အမႈမွာ ျပန္ေခၚသက္ေသႏွစ္ဦးကို စစ္ေဆးခဲ့ပါတယ္

မနက္ျဖန္ ဇြန္ ၂၄ ရက္မွာေတာ့ သမၼတ ဦး၀င္းျမင့္နဲ႔ ျပည္ ေထာင္စုအစိုးရအဖြဲ႕ဝန္ႀကီးေဟာင္းဦးမင္းသူတို႔နဲ႔အတူ စြဲခ်က္တင္ခံထားရတဲ့ေ႐ြးေကာက္ပြဲ အမႈကို ၾကားနာဖို႔ရွိၿပီး

ဒါဟာ သမၼတ ဦး၀င္းျမင့္အတြက္လည္း ပထမဆုံးေထာင္တြင္းအထူးတရား႐ုံး ႐ုံးခ်ိန္း ျဖစ္လာမွာပါ

ေဒၚေအာင္ဆန္းစုၾကည္ကို အခုလို ေထာင္ကိုပို႔ၿပီးသီးျခားထားလိုက္တာရဲ႕ေနာက္မွာ သူနဲ႔အတူ တစ္ရက္တည္းဖမ္းဆီးခံထားရၿပီး တရားစြဲဆိုခံထားရသလို ေနအိမ္အက်ယ္ခ်ဳပ္မွာရွိေနတဲ့ သမၼတ ဦး၀င္းျမင့္ကိုလည္း ေထာင္ကို ေ႐ႊ႕မေ႐ႊ႕ဆိုတာေတာ့ ရွင္းရွင္းလင္းလင္းမသိရေသးပါဘူး

ေဒၚေအာင္ဆန္းစုၾကည္ဟာ ယခင္ န၀တ နအဖစစ္အစိုးရလက္ထက္ေတြတုန္းတည္းက ေနအိမ္အက်ယ္ခ်ဳပ္ကိုကာလရွည္ၾကာ က်ခံခဲ့ရတာရွိၿပီး ထိုစဥ္က အင္းစိန္အက်ဥ္းေထာင္တြင္း

ေခတၱ သြားေရာက္ေနထိုင္ရတာမ်ိဳးရွိေပမဲ့ အခုလို ျပစ္ဒဏ္ခ်မွတ္ခံရတဲ့အတြက္ ဥပေဒအရဆိုၿပီး ေထာင္ကိုေျပာင္းေ႐ႊ႕ေနထိုင္ ေစတာမ်ိဳးမရွိခဲ့ဖူးပါဘူး

လက္ရွိမွာ ေဒၚေအာင္ဆန္းစုၾကည္ကို စစ္ေကာင္စီက ပုဒ္မ ၆ ခုနဲ႔ ေထာင္ ၁၁ ႏွစ္ခ်မွတ္ထားၿပီး စြဲခ်က္တင္ခံထားရတဲ့ အမႈက အနည္းဆုံး ၅ မႈရွိကာ ဆက္လက္တရားရင္ဆိုင္ေနရဆဲအမႈေတြကလည္း ဆက္ရွိေနပါတယ္ Crd- ဘီဘီစီျမန္မာပိုင္း

Crd

Unicode

သူမ သိပ်ချစ်ရသော တိုက်ချီဒိုလေးကို မခေါ်လို၍ ချန်ထားခဲ့ဖို့ ဆုံးဖြတ်

သတင်းအပြည့်အစုံဖတ်ရန်- ဒေါ်အောင်ဆန်းစုကြည်ကို အကျဥ်းထောင်တွင်း သီးခြားအဆောင်မှာထားရှိပြီး အမျိုးသမီး ထောင်၀န်ထမ်း သုံးဦး ထားရှိ ထိုက်ချီဒိုကို ထောင်တွင်းမခေါ်ဖို့ ဒေါ်အောင်ဆန်းစုကြည်ဆုံးဖြတ်

မနက်ဖြန် သမ္မတ ဦး၀င်းမြင့်နဲ့အတူ ထောင်တွင်းတရားရုံးမှာ ရွေးကောက်ပွဲအမှု ရင်ဆိုင်ရဖို့ရှိ
ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်တွင်း သီးသန့်အဆောက်အဦတစ်ခုမှာ

တစ်ဦးတည်းနေထိုင်ရပြီး အမျိုးသမီးထောင်၀န်ထမ်း ၃ ဦးကို စီစဥ်ပေးထားတယ်လို့သိရကြောင်း တရားရုံးနဲ့နီးစပ်သူတွေထံကသိရပါတယ်

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို အခု ရွှေ့ပြောင်းလိုက်တဲ့ ထောင်မှာ သူနဲ့အတူ နေအိမ်အကျယ်ချုပ်မှာ နေထိုင်သူတွေ အတူလိုက်ပါခွင့်မရဘူးလို့နားလည်ရပြီး

ဒေါ်အောင်ဆန်းစုကြည် မွေးမြူထားတဲ့ ထိုက်ချီဒိုကိုတော့ ထောင်ထဲကိုမခေါ်ချင်တဲ့အတွက် အပြင်မှာပဲထားဖို့ ဆုံးဖြတ်ခဲ့တယ်လို့လည်း သိရပါတယ်

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကိုအပတ်စဥ် ရုံးထုတ်စစ်ဆေးနေတဲ့အမှုတွေအားလုံးကိုလည်း နေပြည်တော်စည်ပင်၀င်းထဲက ခြံနံပါတ် ၁ အထူးတရားခွင်အစား

နေပြည်တော်အချုပ်ထောင်တွင်း အထူးတရားရုံးကို ဒီနေ့ ဇွန် ၂၃ ရက်ကစလို့ ရွှေ့ပြောင်းစစ်ဆေးခဲ့ပါတယ်

ဒီနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့အမှုတွေထဲကနိုင်ငံတော်လျှို့ဝှက်အက်နဲ့ စွဲချက်တင်ခံထားရတဲ့ အမှုကို နေပြည်တော်အချုပ်ထောင်တွင်း တရားရုံးမှာစစ်ဆေးခဲ့ပြီး အမှုမှာ ပြန်ခေါ်သက်သေနှစ်ဦးကို စစ်ဆေးခဲ့ပါတယ်

မနက်ဖြန် ဇွန် ၂၄ ရက်မှာတော့ သမ္မတ ဦး၀င်းမြင့်နဲ့ ပြည် ထောင်စုအစိုးရအဖွဲ့ဝန်ကြီးဟောင်းဦးမင်းသူတို့နဲ့အတူ စွဲချက်တင်ခံထားရတဲ့ရွေးကောက်ပွဲ အမှုကို ကြားနာဖို့ရှိပြီး

ဒါဟာ သမ္မတ ဦး၀င်းမြင့်အတွက်လည်း ပထမဆုံးထောင်တွင်းအထူးတရားရုံး ရုံးချိန်း ဖြစ်လာမှာပါ

ဒေါ်အောင်ဆန်းစုကြည်ကို အခုလို ထောင်ကိုပို့ပြီးသီးခြားထားလိုက်တာရဲ့နောက်မှာ သူနဲ့အတူ တစ်ရက်တည်းဖမ်းဆီးခံထားရပြီး တရားစွဲဆိုခံထားရသလို နေအိမ်အကျယ်ချုပ်မှာရှိနေတဲ့ သမ္မတ ဦး၀င်းမြင့်ကိုလည်း ထောင်ကို ရွှေ့မရွှေ့ဆိုတာတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး

ဒေါ်အောင်ဆန်းစုကြည်ဟာ ယခင် န၀တ နအဖစစ်အစိုးရလက်ထက်တွေတုန်းတည်းက နေအိမ်အကျယ်ချုပ်ကိုကာလရှည်ကြာ ကျခံခဲ့ရတာရှိပြီး ထိုစဥ်က အင်းစိန်အကျဥ်းထောင်တွင်း

ခေတ္တ သွားရောက်နေထိုင်ရတာမျိုးရှိပေမဲ့ အခုလို ပြစ်ဒဏ်ချမှတ်ခံရတဲ့အတွက် ဥပဒေအရဆိုပြီး ထောင်ကိုပြောင်းရွှေ့နေထိုင် စေတာမျိုးမရှိခဲ့ဖူးပါဘူး

လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ပုဒ်မ ၆ ခုနဲ့ ထောင် ၁၁ နှစ်ချမှတ်ထားပြီး စွဲချက်တင်ခံထားရတဲ့ အမှုက အနည်းဆုံး ၅ မှုရှိကာ ဆက်လက်တရားရင်ဆိုင်နေရဆဲအမှုတွေကလည်း ဆက်ရှိနေပါတယ် Crd- ဘီဘီစီမြန်မာပိုင်း

Crd

Leave a Reply

Your email address will not be published.