ဆားလင်းကြီးမြို့ခံများ ဘေးလွတ်ရာသို့အမြန်ဆုံးတိမ်းရှောင်ထားကြရန် ဒေသခံပြောက်ကျားအဖွဲ့အသိပေး

News

ဆားလင်းကြီးမြို့ခံများ ဘေးလွတ်ရာသို့အမြန်ဆုံးတိမ်းရှောင်ထားကြရန် ဒေသခံပြောက်ကျားအဖွဲ့အသိပေး

ဆားလင်းကြီး၊ ဇွန် ၂၆

လူငယ့်ခေတ်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသ တရုတ်ဝမ် ပေါင်ကြေးနီစီမံကိန်းအနီး ကျေးရွာများကို လိုက်လံမီးရှို့နေသည့် အကြမ်းဖက်စစ် ကောင်စီစစ်ကြောင်းသည် ဆားလင်းကြီးမြို့ပေါ်သို့ရောက်ရှိလာနိုင်သဖြင့် မြို့ခံများဘေးလွတ်ရာသို့ အမြန် ဆုံးတိမ်းရှောင် ထားကြရန် တွေ့ရာသင်္ချိုင်းဓားမဆိုင်းအဖွဲ့ကအသိပေးခဲ့သည်။

တရုတ်ဝမ်ပေါင်ကြေးနီစီမံကိန်းအတွင်းမှ ထွက်လာသည့် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းသည် ဇွန်လ ၂၆ ရက်တွင် ဆားလင်းကြီးမြို့နှင့် ၂ မိုင်ခန့်သာဝေးသည့် ဖောင်းကာတာကျေးရွာသို့ရောက်ရှိနေပြီး ပြည်သူပိုင်နေအိမ်များကိုမီးရှို့လျက်ရှိကြောင်း ဒေသခံများကဆိုသည်။

“ဖောင်းကာတာရွာကို ဒီမနက် ၄ နာရီလောက်ကမီးရှို့နေတယ်”ဟု ဒေသခံတစ် ဦးကပြောသည်။ အဆိုပါ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းသည် အင်အား ၈၀ ခန့်ပါပြီး ဆားလင်းကြီးမြို့နယ်အတွင်းသို့လျှပ်တပြက် ရောက်ရှိလာမည်ဟု တော်လှန်ရေးအဖွဲ့များသတင်းရရှိထားကြောင်း တွေ့ရာသင်္ချိုင်းဓားမဆိုင်း ပြောက်ကျားအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အရင်ဖြစ်ခဲ့တဲ့ဖြစ်စဉ်တွေကိုကြည့်လိုက် ရင် စစ်တပ်က ရွာတစ်ရွာကိုဝင်ပြီးရင် အဲ့ဒီရွာရဲ့ခပ်လှမ်းလှမ်းရွာကိုဝင်လေ့ထုံးစံရှိတယ်။ အရင် တစ်ခေါက်တုန်းကလည်း ဆားလင်းကြီး စက်မှု ၁ အထိရောက်ခဲ့ဖူးတယ်။ မြို့စွန်ပေါ့။

ဒီ တစ်ခါကျတော့ သူတို့လမ်းကြောင်းက မြို့ထဲအထိကို ဝင်မွှေနိုင်တဲ့အဆင့်ရှိတယ်လို့ ကျွန်တော်တို့ရိပ်မိနေလို့ ပြည်သူတွေကို သတိပေးထားတာပါ”ဟု တွေ့ရာသင်္ချိုင်းဓားမဆိုင်းအဖွဲ့က တာဝန်ရှိသူတစ်ဦးက လူငယ့်ခေတ်ကို ပြောသည်။

စစ်ကောင်စီလက်ပါးစေများသည် တုံရွာကို ဇွန်လ ၂၃ ရက်ကစတင်ဝင်ရောက်ပြီး ရွာသားတစ်ဦးကိုသတ်ဖြတ်ခဲ့သည်။ ဇွန်လ ၂၅ရက် တွင် လူနေအိမ်များကို မီးတင်ရှို့ခဲ့ကြောင်း ဒေသခံများကပြောသည်။

ဆားလင်းကြီးမြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် အကြမ်းဖက်စစ် ကောင်စီကို လိုက်လံတိုက်ခိုက်နေပြီး တရုတ်ဝမ်ပေါင်ကြေးနီစီမံကိန်းအတွင်းကိုလည်း ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်လျက်ရှိသည်။

လက်ပံတောင်းတောင်ဒေသတွင် အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေခြင်းကြောင့် တုံရွာ၊ တောကျောင်း၊ ဆည်တဲ၊ လယ်တီ၊ ဝက်မှေး၊ မိုးကြိုးပြင်၊ ဖောင်ကား (တောင်၊ အလယ်၊ မြောက်) စသည့်ကျေးရွာများအပြင် ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံ ထောင်ချီထွက်ပြေးတိမ်းရှောင်နေကြရသည်။

Crd

Unicode

ဆားလင္းႀကီးၿမိဳ႕ခံမ်ား ေဘးလြတ္ရာသို႔အျမန္ဆုံးတိမ္းေရွာင္ထားၾကရန္ ေဒသခံေျပာက္က်ားအဖြဲ႕အသိေပး

ဆားလင္းႀကီး၊ ဇြန္ ၂၆

လူငယ့္ေခတ္

စစ္ကိုင္းတိုင္း၊ ဆားလင္းႀကီးၿမိဳ႕နယ္၊ လက္ပံေတာင္းေတာင္ေဒသ တ႐ုတ္ဝမ္ ေပါင္ေၾကးနီစီမံကိန္းအနီး ေက်းရြာမ်ားကို လိုက္လံမီးရွို႔ေနသည့္ အၾကမ္းဖက္စစ္ ေကာင္စီစစ္ေၾကာင္းသည္ ဆားလင္းႀကီးၿမိဳ႕ေပၚသို႔ေရာက္ရွိလာနိုင္သျဖင့္ ၿမိဳ႕ခံမ်ားေဘးလြတ္ရာသို႔ အျမန္ ဆုံးတိမ္းေရွာင္ ထားၾကရန္ ေတြ႕ရာသခၤ်ိဳင္းဓားမဆိုင္းအဖြဲ႕ကအသိေပးခဲ့သည္။

တ႐ုတ္ဝမ္ေပါင္ေၾကးနီစီမံကိန္းအတြင္းမွ ထြက္လာသည့္ အၾကမ္းဖက္စစ္ေကာင္စီစစ္ေၾကာင္းသည္ ဇြန္လ ၂၆ ရက္တြင္ ဆားလင္းႀကီးၿမိဳ႕ႏွင့္ ၂ မိုင္ခန႔္သာေဝးသည့္ ေဖာင္းကာတာေက်းရြာသို႔ေရာက္ရွိေနၿပီး ျပည္သူပိုင္ေနအိမ္မ်ားကိုမီးရွို႔လ်က္ရွိေၾကာင္း ေဒသခံမ်ားကဆိုသည္။

“ေဖာင္းကာတာရြာကို ဒီမနက္ ၄ နာရီေလာက္ကမီးရွို႔ေနတယ္”ဟု ေဒသခံတစ္ ဦးကေျပာသည္။ အဆိုပါ အၾကမ္းဖက္စစ္ေကာင္စီစစ္ေၾကာင္းသည္ အင္အား ၈၀ ခန႔္ပါၿပီး ဆားလင္းႀကီးၿမိဳ႕နယ္အတြင္းသို႔လၽွပ္တျပက္ ေရာက္ရွိလာမည္ဟု ေတာ္လွန္ေရးအဖြဲ႕မ်ားသတင္းရရွိထားေၾကာင္း ေတြ႕ရာသခၤ်ိဳင္းဓားမဆိုင္း ေျပာက္က်ားအဖြဲ႕၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

“အရင္ျဖစ္ခဲ့တဲ့ျဖစ္စဥ္ေတြကိုၾကည့္လိုက္ ရင္ စစ္တပ္က ရြာတစ္ရြာကိုဝင္ၿပီးရင္ အဲ့ဒီရြာရဲ့ခပ္လွမ္းလွမ္းရြာကိုဝင္ေလ့ထုံးစံရွိတယ္။ အရင္ တစ္ေခါက္တုန္းကလည္း ဆားလင္းႀကီး စက္မႈ ၁ အထိေရာက္ခဲ့ဖူးတယ္။

ၿမိဳ႕စြန္ေပါ့။ ဒီ တစ္ခါက်ေတာ့ သူတို႔လမ္းေၾကာင္းက ၿမိဳ႕ထဲအထိကို ဝင္ေမႊနိုင္တဲ့အဆင့္ရွိတယ္လို႔ ကၽြန္ေတာ္တို႔ရိပ္မိေနလို႔ ျပည္သူေတြကို သတိေပးထားတာပါ”ဟု ေတြ႕ရာသခၤ်ိဳင္းဓားမဆိုင္းအဖြဲ႕က တာဝန္ရွိသူတစ္ဦးက လူငယ့္ေခတ္ကို ေျပာသည္။

စစ္ေကာင္စီလက္ပါးေစမ်ားသည္ တုံရြာကို ဇြန္လ ၂၃ ရက္ကစတင္ဝင္ေရာက္ၿပီး ရြာသားတစ္ဦးကိုသတ္ျဖတ္ခဲ့သည္။ ဇြန္လ ၂၅ရက္ တြင္ လူေနအိမ္မ်ားကို မီးတင္ရွို႔ခဲ့ေၾကာင္း ေဒသခံမ်ားကေျပာသည္။

ဆားလင္းႀကီးၿမိဳ႕နယ္အတြင္းရွိ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕မ်ားသည္ အၾကမ္းဖက္စစ္ ေကာင္စီကို လိုက္လံတိုက္ခိုက္ေနၿပီး တ႐ုတ္ဝမ္ေပါင္ေၾကးနီစီမံကိန္းအတြင္းကိုလည္း ေရွာ့တိုက္ဒုံးမ်ားျဖင့္ ပစ္ခတ္ တိုက္ခိုက္လ်က္ရွိသည္။

လက္ပံေတာင္းေတာင္ေဒသတြင္ အၾကမ္းဖက္စစ္ေကာင္စီတပ္က စစ္ေၾကာင္းထိုးေနျခင္းေၾကာင့္ တုံရြာ၊ ေတာေက်ာင္း၊ ဆည္တဲ၊ လယ္တီ၊ ဝက္ေမွး၊ မိုးႀကိဳးျပင္၊ ေဖာင္ကား (ေတာင္၊ အလယ္၊ ေျမာက္) စသည့္ေက်းရြာမ်ားအျပင္ ေက်းရြာေပါင္း ၂၀ ေက်ာ္က ေဒသခံ ေထာင္ခ်ီထြက္ေျပးတိမ္းေရွာင္ေနၾကရသည္။4

Crd

Leave a Reply

Your email address will not be published.