စစ်အုပ်စုကိုယ်စားပြု အသံများ ဖော်ထုတ်လွှင့်ပေးနေမှု မလုပ်ဆောင်ရန်နှင့် ဒီမိုကရေစီအတွက် ရပ်တည်ရန် VOA မြန်မာပိုင်းဌာနကို တစ်ကိုယ်တော် ဆန္ဒပြ
ရန်ကုန်၊ ဇွန် ၂၅




အမေရိကန်ပြည်ထောင်စုအခြေစိုက် Voice of America(VOA) မြန်မာပိုင်း အနေဖြင့် နွေဦးတော်လှန်ရေးအတွက် ပြည်သူများနှင့်အတူ ရပ်တည်ပြီး ဒီမိုကရေစီ အတွက် ရပ်တည်ရန် မြန်မာနိုင်ငံသား ဦးလှိုင်ဝင်းက တစ်ကိုယ် တော်ဆန္ဒပြ တောင်းဆိုကြောင်း သိရှိရသည်။
ဇွန်လ ၂၄ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ရှိ VOA ရုံးချုပ်ရှေ့နှင့် အမေရိကန် ကွန်ဂရက် အဆောက်အအုံရှေ့တို့ တွင် ဦးလှိုင်ဝင်းက သွားရောက် ဆန္ဒပြ တောင်းဆိုခဲ့ခြင်းဖြစ်သည်။




“လွတ်လပ်တဲ့ ဒီမိုကရေစီနိုင်ငံက ပြည်သူတွေရဲ့ အခွန်အခနဲ့ ရပ်တည်နေတဲ့ VOA မြန်မာပိုင်းအနေနဲ့ နွေဦးတော်လှန်ရေးနဲ့ ဒီမိုကရေစီအရေးအတွက် ရပ် တည်သင့်ပါတယ်။စစ်အုပ်စုကိုယ်စားပြုသူတွေရဲ့ အသံတွေကို မကြာခဏ ထုတ် ဖော်တာမျိုး မလုပ်သင့်ဘူး။
သတင်းရေးသားတာကို ကျနော် မပြော လိုပါဘူး။ ဒါပေမယ့် အခုက စစ်အုပ်စု ကိုယ်စားပြုသူတွေရဲ့ အသံတွေ အင်တာ ဗျူးတွေ တွေ့ဆုံမေးမြန်းခန်းတွေ အမြင်တွေ မကြာခဏဆိုသလို ဖော်ပြ နေ တယ်။




ဒါက မဖြစ်သင့်ဘူးထင်လို့ ကျနော် တစ်ကိုယ်တော် VOA ရုံးရှေ့မှာ ဆန္ဒ ပြတာပါ” ဟု ဦးလှိုင်ဝင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောဆိုသည်။
ဦးလှိုင်ဝင်းက ယနေ့တွင် RFA ရုံးရှေ့သို့ သွားရောက်ပြီး တောင်းဆိုမှုများ လုပ် ဆောင် မည်ဖြစ်ကြောင်း၊ အင်္ဂလန် ပြန်ရောက်ပါကလည်း BBC သတင်း ဌာန ရှေ့တွင် ယင်းကဲ့သို့ ဆန္ဒပြ သွားမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီနိုင်ငံရှိ ပြည်သူ များ၏ အခွန်အခများကို ရယူ၍ ရပ်တည်နေသော သတင်းဌာန များ အနေဖြင့် မြန်မာပြည်သူများနှင့် ဒီမိုကရေစီအတွက် ရပ်တည်ရမည် ဖြစ် ကြောင်း ပြော ဆို သည်။
Crd
Unicode
စစ္အုပ္စုကိုယ္စားျပဳ အသံမ်ား ေဖာ္ထုတ္လႊင့္ေပးေနမႈ မလုပ္ေဆာင္ရန္ႏွင့္ ဒီမိုကေရစီအတြက္ ရပ္တည္ရန္ VOA ျမန္မာပိုင္းဌာနကို တစ္ကိုယ္ေတာ္ ဆႏၵျပ
ရန္ကုန္၊ ဇြန္ ၂၅




အေမရိကန္ျပည္ေထာင္စုအေျခစိုက္ Voice of America(VOA) ျမန္မာပိုင္း အေနျဖင့္ ေႏြဦးေတာ္လွန္ေရးအတြက္ ျပည္သူမ်ားႏွင့္အတူ ရပ္တည္ၿပီး ဒီမိုကေရစီ အတြက္ ရပ္တည္ရန္ ျမန္မာနိုင္ငံသား ဦးလွိုင္ဝင္းက တစ္ကိုယ္ ေတာ္ဆႏၵၿပ ေတာင္းဆိုေၾကာင္း သိရွိရသည္။
ဇြန္လ ၂၄ ရက္ေန႔ အေမရိကန္ျပည္ေထာင္စု၊ ဝါရွင္တန္ရွိ VOA ႐ုံးခ်ဳပ္ေရွ႕ႏွင့္ အေမရိကန္ ကြန္ဂရက္ အေဆာက္အအုံေရွ႕တို႔ တြင္ ဦးလွိုင္ဝင္းက သြားေရာက္ ဆႏၵၿပ ေတာင္းဆိုခဲ့ျခင္းျဖစ္သည္။




“လြတ္လပ္တဲ့ ဒီမိုကေရစီနိုင္ငံက ျပည္သူေတြရဲ့ အခြန္အခနဲ႔ ရပ္တည္ေနတဲ့ VOA ျမန္မာပိုင္းအေနနဲ႔ ေႏြဦးေတာ္လွန္ေရးနဲ႔ ဒီမိုကေရစီအေရးအတြက္ ရပ္ တည္သင့္ပါတယ္။ စစ္အုပ္စုကိုယ္စားျပဳသူေတြရဲ့ အသံေတြကို မၾကာခဏ ထုတ္ ေဖာ္တာမ်ိဳး မလုပ္သင့္ဘူး။
သတင္းေရးသားတာကို က်ေနာ္ မေျပာ လိုပါဘူး။ ဒါေပမယ့္ အခုက စစ္အုပ္စု ကိုယ္စားျပဳသူေတြရဲ့ အသံေတြ အင္တာ ဗ်ဴးေတြ ေတြ႕ဆုံေမးျမန္းခန္းေတြ အျမင္ေတြ မၾကာခဏဆိုသလို ေဖာ္ၿပ ေန တယ္။




ဒါက မျဖစ္သင့္ဘူးထင္လို႔ က်ေနာ္ တစ္ကိုယ္ေတာ္ VOA ႐ုံးေရွ႕မွာ ဆႏၵ ျပတာပါ” ဟု ဦးလွိုင္ဝင္းက ရန္ကုန္ေခတ္သစ္သတင္းဌာနထံ ေျပာဆိုသည္။
ဦးလွိုင္ဝင္းက ယေန႔တြင္ RFA ႐ုံးေရွ႕သို႔ သြားေရာက္ၿပီး ေတာင္းဆိုမႈမ်ား လုပ္ ေဆာင္ မည္ျဖစ္ေၾကာင္း၊ အဂၤလန္ ျပန္ေရာက္ပါကလည္း BBC သတင္း ဌာန ေရွ႕တြင္ ယင္းကဲ့သို႔ ဆႏၵၿပ သြားမည္ျဖစ္ေၾကာင္း၊ ဒီမိုကေရစီနိုင္ငံရွိ ျပည္သူ မ်ား၏ အခြန္အခမ်ားကို ရယူ၍ ရပ္တည္ေနေသာ သတင္းဌာန မ်ား အေနျဖင့္ ျမန္မာျပည္သူမ်ားႏွင့္ ဒီမိုကေရစီအတြက္ ရပ္တည္ရမည္ ျဖစ္ ေၾကာင္း ေျပာ ဆို သည္။
Crd