“သူ့လို ဆိုင်ရှင်မျိုးကတော့ မြန်မာနိုင်ငံမှာ တော်တော်ရှားပါတယ်. . .တကယ်ကို လေးစား. . .အားကျဖို့ကောင်းပါတယ်. .”

News

ဒီနေ့ တင်ပြပေးချင်တာကတော့ ဝန်ထမ်းတွေအပေါ် အရမ်းကောင်းလွန်းတဲ့ ရတနာဆိုင် တစ်ဆိုင်အကြောင်း တင်ပြပေးမှာ ဖြစ်ပါတယ်

“လှမြတ်သူစိန်ရတနာဆိုင် ” ဆိုတဲ့ ဆိုင်က ဆိုင်ပိုင်ရှင်က တင်ထားလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်

သူက ခုလိုတင်ထားပါတယ်

“လကုန်တော့မယ်ဆိုတော့ ဝန်ထမ်းတွေလစာပေးချိန်ရောက်ပါပီ… ဝန်ထမ်းဆိုတာ ကျွန်မအတွက် ဒုတိယမိသားစုမို့ ဒီဘက်နှစ်ထဲ ….

စရိတ်စကတွေတော်တော်မြင့်မားလာတယ်ဆိုတော့လည်း …… သူတို့လစာလေးတွေလည်း တိုးမှဖြစ်တော့မှာပေါ့ လေ ……..

ဒါကြောင့်ဒီနေ့ဝန်ထမ်းတွေကို တစ်ဦးချင်းစီအတွက် 20% တိုးပေးပါတော့မယ်….

အခြေခံကုန်ဈေးနူန်းတွေတအားတက်လာတော့

ဆိုင်ကဝန်ထမ်းလေးတွက လမ်းစရိတ်ကအစမြင့်တက်လာတော့ အရာရာအဆင်ပြေစေချင်တဲ့ စေတနာလေးနဲ့ပါ …. Covid အပြီးအလုပ်ကိုပြန်ထူထောင်ရပေမဲ့ ကျွန်မတို့ အဆင်ပြေသလို သူတို့လေးတွေအဆင်ပြေဖို့လည်း လိုအပ်တာမို့ ……. အခုလိုဆုံးဖြတ်ပြီး လစာတိုးပေးလိုက်တာပါ အဆင်ပြေကြပါစေ တပည့်လေးတို့ရေ

အမကတော့လေ . . . .

ဝန်ထမ်းတွေဆိုတာ ဆိုင်တဆိုင်ရဲ့ အရေးကြီးဆုံးလို့သတ်မှတ်ထားပါတယ် အဲ့တာကြောင့် သူတို့လိုအပ်တာလေးတွေဖြည့်ဆည်းပေးထားရင်း

1. နေ့စဉ်နေ့တိုင်း လစာအပြင်+ နေ့တိုင်း ၅၀၀၀ ကျပ်bonus ပေးပါတယ်

2. ဝန်ထမ်းတွေနေထိုင်ရန် condo လေးမှာ Air con အပါနဲ့ ထမင်းစားစရိတ်ငြိမ်းထားပေးထားပါတယ်

3. လှမြတ်သူရဲ့ဝန်ထမ်းမှန်သမျှ စိန်ဝတ်နိုင်ရမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ တနှစ်တခါ စိန်ထည်လေးတွေ လက်ဆောင်ချီးမြှင့်ပေးပါတယ်

4. အလုပ်သက်တမ်းနှစ် (၂၀ ) ပြည့်တာနဲ့ဘဝအာမခံချက်အဖြစ် တိုက်ခန်း တခန်းပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်

5. လုပ်သက်တမ်း၂၅ နှစ်ပြည့်တာနဲ့ ကိုယ်ပိုင်ကားတစီးပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်

6. တနှစ်တခါ နိုင်ငံခြားခရီးစဉ်တွေ အလှည့်ကျပို့ပေးပါတယ်

7. စားစရိတ်ငြိမ်းစီစဉ်ပေးထားပါတယ် ဆန် / ဆီ/ ဆား ပါမကျန်

8.ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီနဲ့ ပိုင်ရှင်နဲ့ ဝန်ထမ်းတွေ ဟာ တဦးနဲ့တစ်ဦး အပြန်လှန်မှီခိုရင်းကြရင်း သားသမီးနဲ့မခြားလိုအပ်ချက်လေးတွေကိုဖြည့်စီးပေးဖြစ်ပါတယ်ရှင် ။

ဝယ်ယူအား​​ပေးသူဧည့်သည်​​တော်ကြီးများအတွက်လည်း ယခုနှစ်ကုန် ကားကံစမ်းမဲ​ဖောက်​ပေးပြီး ​ကျေးဇူးတုံပြန်​ပေးသွားပါ့မယ်ရှင့်…. ☆☆☆

ရို​​သေ​လေးစားစွာဖြင့် . . .

#လှမြတ်သူစိန်ရတနာဆိုင်

အမှတ် (၄၃) ဗိုလ်ချုပ်ဈေး အရှေ့ဘက်တန်း

ကားထွက်ပေါက်အနီး ရန်ကုန်မြို့ ။

☎️ 09985206113

☎️ 09985206115″ ဆိုပြီး တင်ထားတာ ဖြစ်ပါတယ်

မြနမာနိုင်ငံမှာ ကျိကျိတက် ချမ်းသာပြီး ဝင်ငွေတွေ သောက်သောက်လဲ ဝင်နေတဲ့ ဆိုင်တွေ ကုမ္ပဏီတွေ အများကြီးရှိပါတယ်. . .ဒါပေမယ့် ဝန်ထမ်းတွေအပေါ် ခုလိုမျိုး အရမ်း အလေးထားတဲ့ ဆိုင်ပိုင်ရှင် ကုမ္ပဏီပိုင်ရှင်ကတော့ တော်တော် ရှားပါတယ်

ဒီလိုမျိုးဆိုင်က ဝန်းထမ်းလေးတွေကတော့ ဘ၀တသက်စာ စိတ်အေးရပါပြီ. . .အရမ်းကံကောင်းကြပါတယ်

ဒီလိုလူတွေ များများပေါ်ပေါက်လာပါစေ

Credit : လှမြတ်သူစိန်ရတနာဆိုင်

Leave a Reply

Your email address will not be published.