တနိုင်ငံလုံးပူဆွေးသောကရောက်နေချိန်မှာတော့ ကိုယ့်တကိုယ်ရေ အပျော်လေးကို မကြွားဝါကြဘဲ အားနာမှုရှိပေးကြပါရှင်လို့ မေတ္တာရပ်ခံလာတဲ့ ထားထက်ထက်…………..

News

တနိုင်ငံလုံးပူဆွေးသောကရောက်နေချိန်မှာတော့ ကိုယ့်တကိုယ်ရေ အပျော်လေးကို မကြွားဝါကြဘဲ အားနာမှုရှိပေးကြပါရှင်လို့ မေတ္တာရပ်ခံလာတဲ့ ထားထက်ထက်…………..

ပရိသတ်ကြီးရေ အလှမယ် ထားထက်ထက် ကတော့ ခိုင်မာတဲ့စိတ်ဓာတ်နဲ့ အာဏာရှင်ကို တွန်းလှန်နေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။သူမကတော့ လက်ရှိမှာဆိုရင် ခက်ခဲကြမ်းတမ်းတဲ့ တောတွင်းတစ်နေရာမှာ ပြည်သူတွေကိုကာကွယ်ဖို့ စစ်သင်တန်းတတ်ရောက်နေပြီးတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှု့ကို အများဆုံးရရှိထားပါတယ်။

သူမကတော့ အမျိုးသမီးဖြစ်ပေမယ့် ယေ ာက်ကျားတွေနဲ့ ရင်ဘောင် တန်းပြီးတော့ ရရာလက်နက်စွဲကိုင်၍ စစ်အာဏာရှင်ကို တိုက်ထုတ်ဖို့ကြိုးစားနေသူတစ်ဦးဖြစ်တာကြောင့် အားလုံးကလေးစားရတဲ့ အနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။မကြာသေးခင်နာရီပိုင်းလောက်က အလှမယ် ထားထက်ထက် ဟာရင်တွင်းခံစားချက်တစ်ခုကို ရေးသားထားပါတယ်။”

အားနာကြပါရှင် အသက် ၈၀ နား နီးနီး ကိုယ့် မိဘ အရင်းသာ ဘာ ပြစ်မှု မှ မရှိဘဲ မတရား အကျဥ်းထောင်ထဲ ပို့ခံ ရရင် ဘယ်လိုနေမလဲ … ကိုယ်ချင်းစာတရား ရှိကြပါရှင်…မိသားစု တွေရှိလို့ စောင့်ရှောက်ငဲ့ညှာစရ ာတွေ ရှိလို့ အမျိုးမျိုးသော အကြောင်းတရားတွေရှိလို့ တော်လှ န်ရေး လမ်းခုလတ် မှာခွဲခွါကျန်ရ စ်ရသူများကို မေတ္တာအပြည့်နဲ့ နားလည်ပါတယ် …

ဒါပေမယ့် …အမေစု အမေစုခေါ်ခဲ့ကြသူတွေ ထဲ သင် လဲ ပါ ပါတယ်ရုံးမတက် နဲ့ ရုန်းထွက် အော်ခဲ့တဲ့ ထဲ သင်လဲ ပါပါတယ် …ပြည်သူ့အာဏာ ပြည်သူ့ပြန်ပေး .. သင် ပါခဲ့ ပါတယ် … တနိုင်ငံလုံး ပူလောင်သောက ရောက်နေကြချိန် သင့် တကိုယ်ရေ သက်သာပျော်ရွှင်ရမှုကို မကြွားဝါ ဘဲ အားနာမှုလေး ရှိပေးကြပါရှင် …” လို့ ရေးသားထားတာကို တွေ့ရပါတယ်။

မြန်မာပြည်ကြီး အမြန်ဆုံးပြန်လည်ငြိမ်းချမ်းပါစေ။

Crd

Unicode






Crd

Leave a Reply

Your email address will not be published.