စိုးဝင်း လည်းကြွဖို့ ကပ်သီလေး ကံကောင်းသွားတယ်မှတ်

News

တောင်ကြီးမြို့ ဈေးမီးပွိုင့်အနီး ဗုံးဖောက်ခွဲမှု စစ်ခေါင်းဆောင်တစ်ဦး ၏လမ်း ကြောင်း ယာဉ်တန်းကို ရည်ရွယ်ဖောက်ခွဲဟုဆို

ရန်ကုန်၊ ဇွန် ၂၄

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ဈေးမီးပွိုင့်အနီးတွင် ယနေ့ ညနေ ၃ နာရီအချိန် ဗုံးဖောက်ခွဲမှုသည် စစ်ခေါင်းဆောင်တစ်ဦး ခရီးစဉ်ကို ရည်ရွယ် ဖောက်ခွဲ ခြင်း ဖြစ်ကြောင်း SYM.G က ထုတ်ပြန်ကြေညာသည်။

ယနေ့ ဇွန်လ ၂၄ ရက်နေ့ ညနေ ၃ နာရီအချိန် တောင်ကြီးမြို့ ၊ ဈေးမီးပွိုင့်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ယင်းပေါက်ကွဲမှု သည် စစ်ခေါင်းဆောင်တစ်ဦး၏ လမ်း ကြောင်း ကားများ မဖြတ်သန်းမီ အချိန်အနည်းငယ်အလိုတွင် ပေါက် ကွဲသွား ခြင်းဖြစ်ကြောင်း ၊

SYM UG ကမူ စိုးဝင်းလမ်းကြောင်း ကိုဖောက် ခွဲ ရန် ရည် ရွယ်သော်လည်း စက္ကန့်အနည်းငယ်မျှစော၍ဖောက်ခွဲလိုက်ကြောင်း ထုတ်ပြန် ထားသည်။

“ဗုံးကွဲပြီးတော့ လမ်းကြောင်းကား ဖြတ်သွားတယ်။ ရဲချုပ်ယာဉ်တန်းလို့ ပြောတယ်။ လမ်းဘေးဈေးသည်တွေ အကုန် ရှင်း ထား တာ။

စစ်ခေါင်း ဆောင်ပိုင်းတစ်ဦးတော့ သေချာတယ်”ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ဗုံးပေါက်ကွဲမှုကြောင့် ရဲ ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး စစ်တပ်နှင့်ရဲများက တစ်မြို့လုံး ဖြန့်ကျက်ထားကြောင်း၊

ဗုံးကွဲမှု ကြောင့် လုံခြုံရေး အလွန် တင်းကျပ် သွား ကြောင်း၊ နေရာတိုင်းတွင် စစ်သားနှင့်ရဲများ မြင်ရကြောင်း ဒေသခံတချို့က ဆိုကြသည်။ credit

Unicode

Leave a Reply

Your email address will not be published.