နေပြည်တော်အချုပ်ထောင်ရှိ ဒေါ်အောင်ဆန်းစုကြည်ကို “ခွန်အားဖြည့်မိငယ်” သီချင်းဖြင့် အကျဥ်းသားများသံပြိုင်သီဆိုကာ အားပေး
ဧရာဝတီတိုင်းမ်
ဇွန်လ၂၅ ရက်
နေပြည်တော် အချုပ်ထောင်တွင် ထောင်သွင်းအကျဉ်းချခံထားရသော နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို အားပေးသောအနေဖြင့် အကျဉ်းထောင်အတွင်းရှိ ထောင်သားများ အားလုံးက “ခွန်အားဖြည့်မိငယ်” သီချင်းကို သံပြိုင်သီဆိုခဲ့ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူတဦးထံမှ သိရသည်။




ဇွန် ၂၄ ရက်နေ့ အကျဉ်းထောင်ပိတ်ချိန် ည ၇ နာရီတွင် အဆိုပါသီချင်းကို ထောင်သားများအားလုံးက သံပြိုင်သီဆိုခဲ့ကြပြီး အာဏာသိမ်း စစ်ကောင်စီ၏ အမှုပေါင်းများစွာဖြင့် ထောင်ချ၊ တရားစွဲခံထားရသော ဒေါ်အောင်ဆန်းစုကြည် ကြားသိကာ အားပေးခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထိုကိစ္စနှင့် ပက်သက်ပြီး အကျဉ်းဦးစီးဌာနမှ မည်ကဲ့သို့ အရေးယူခြင်းမျိုး ပြုလုပ်မည်ဆိုသည်ကို တိတိကျကျ မသိရသေးသော်လည်း အကျဉ်းဦးစီးဌာနဘက်မှလည်း ဧရာဝတီတိုင်းမ်၏ ဆက်သွယ်မှုကို ပြန်လည်ဖြေကြားခြင်း မရှိပေ။




ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ချမှတ်ထားသည့် အမှုများ ဖြစ်ပြီးသည့်အတွက် အကျဉ်းသားတဦးကဲ့သို့ ထောင်ဒဏ်ကို ကျခံရမည့် သဘောသက်ရောက်ကြောင်း အာဏာသိမ်းစစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက သတင်းမီဒီယာများကို ဖြေကြားထားသည်။
ဇွန်လ ၂၂ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အချုပ်ထောင်သို့ တဦးတည်းပို့ဆောင်ခဲ့ပြီး အချုပ်ထောင်အတွင်းရှိ သီးသန့်အဆောက်အဦတွင် ထားရှိကာ အကျဉ်းဦးစီးဌာန ဝန်ထမ်း ၃ ဦးကိုလည်း အတူနေထိုင်ရန် ခန့်အပ်ထားသည်။
Crd
Unicode
ေနျပည္ေတာ္အခ်ဳပ္ေထာင္ရွိ ေဒၚေအာင္ဆန္းစုၾကည္ကို “ခြန္အားျဖည့္မိငယ္” သီခ်င္းျဖင့္ အက်ဥ္းသားမ်ားသံၿပိဳင္သီဆိုကာ အားေပး
ဧရာဝတီတိုင္းမ္
ဇြန္လ၂၅ ရက္
ေနျပည္ေတာ္ အခ်ဳပ္ေထာင္တြင္ ေထာင္သြင္းအက်ဥ္းခ်ခံထားရေသာ နိုင္ငံေတာ္ အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ကို အားေပးေသာအေနျဖင့္ အက်ဥ္းေထာင္အတြင္းရွိ ေထာင္သားမ်ား အားလုံးက “ခြန္အားျဖည့္မိငယ္” သီခ်င္းကို သံၿပိဳင္သီဆိုခဲ့ေၾကာင္း အက်ဥ္းေထာင္ႏွင့္ နီးစပ္သူတဦးထံမွ သိရသည္။




ဇြန္ ၂၄ ရက္ေန႔ အက်ဥ္းေထာင္ပိတ္ခ်ိန္ ည ၇ နာရီတြင္ အဆိုပါသီခ်င္းကို ေထာင္သားမ်ားအားလုံးက သံၿပိဳင္သီဆိုခဲ့ၾကၿပီး အာဏာသိမ္း စစ္ေကာင္စီ၏ အမႈေပါင္းမ်ားစြာျဖင့္ ေထာင္ခ်၊ တရားစြဲခံထားရေသာ ေဒၚေအာင္ဆန္းစုၾကည္ ၾကားသိကာ အားေပးျခင္း ျဖစ္ေၾကာင္း ၎က ဆိုသည္။
ထိုကိစၥႏွင့္ ပက္သက္ၿပီး အက်ဥ္းဦးစီးဌာနမွ မည္ကဲ့သို႔ အေရးယူျခင္းမ်ိဳး ျပဳလုပ္မည္ဆိုသည္ကို တိတိက်က် မသိရေသးေသာ္လည္း အက်ဥ္းဦးစီးဌာနဘက္မွလည္း ဧရာဝတီတိုင္းမ္၏ ဆက္သြယ္မႈကို ျပန္လည္ေျဖၾကားျခင္း မရွိေပ။




ေဒၚေအာင္ဆန္းစုၾကည္ကို ေထာင္ဒဏ္ခ်မွတ္ထားသည့္ အမႈမ်ား ျဖစ္ၿပီးသည့္အတြက္ အက်ဥ္းသားတဦးကဲ့သို႔ ေထာင္ဒဏ္ကို က်ခံရမည့္ သေဘာသက္ေရာက္ေၾကာင္း အာဏာသိမ္းစစ္တပ္၏ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက သတင္းမီဒီယာမ်ားကို ေျဖၾကားထားသည္။
ဇြန္လ ၂၂ ရက္ေန႔တြင္ ေဒၚေအာင္ဆန္းစုၾကည္ကို ေနျပည္ေတာ္ အခ်ဳပ္ေထာင္သို႔ တဦးတည္းပို႔ေဆာင္ခဲ့ၿပီး အခ်ဳပ္ေထာင္အတြင္းရွိ သီးသန႔္အေဆာက္အဦတြင္ ထားရွိကာ အက်ဥ္းဦးစီးဌာန ဝန္ထမ္း ၃ ဦးကိုလည္း အတူေနထိုင္ရန္ ခန႔္အပ္ထားသည္။
Crd