မုံရွာ – မန္တလေးလမ်းပိုင်းကို အသုံးပြုခွင့် ပိတ်ပင်
ရဲခေါင်/People’s Spring
မုံရွာ – မန္တလေးလမ်းပိုင်းကို အသုံးပြုခွင့် ပိတ်ပင်ကြောင်း Myinmu Defence Force က အသိပေးထုတ်ပြန် သည်။

ယနေ့(ဇွန် ၂၅ ရက်) နံနက် ၈နာရီ ၁၅မိနစ်ခန့်ကစ၍ လမ်းမကြီး အသုံးပြုခွင့် ပိတ်ပင်ပြီး မည်သူမှမသွားလာကြရန်လည်း တိုက်တွန်းသည်။
“စခများ အိမ်စီးကားအမြောက် အများအသုံးပြုပြီး ထိုးစစ်ဆင်ဖို့ လုပ်နေပါတယ်။စခကားနဲ့ ပြည်သူ့ကား ဘယ်လိုမှ ခွဲခြားလို့ မရပါ။လမ်းပေါ်မှာ ရှိသမျှကား အားလုံး အနီရောင်အဆင့်ပါ “ဟု အထက်ပါတပ်ဖွဲ့က ပြောသည်။

ထို့အပြင် လမ်းပြန်ဖွင့်မည့်အချိန်ကို ပြန်လည်ကြေညာပေးမည်ဖြစ်ကြောင်းလည်း အသိပေးသည်။
ယနေ့ နံနက်၆နာရီခန့်တွင် ချောင်းဦးမြို့ဘက်မှစစ်ကောင်စီတပ်သားများတင်လာသည့် ကားလေးစီးမှာ မြင်းမူမြို့နယ် ဂွေးပင်တောရွာ၊ဘိုးမင်းကြီးကင်းရွာ ကားလမ်းဘေးများ၌ ကင်းပုန်းချထားသည်ဟုလည်း ဒေသခံသတင်းရင်းမြစ်များက ဆိုသည်။

ထို့အပြင် ချောင်းဦးမြို့နယ် နတ်ရေကန်ကျေးရွာနှင့် ငါးယှန်ကျေးရွာ ကားလမ်းဘေးတွင်လည်း စစ်ကောင်စီတပ်သားများရှိနေကာ မြင်းမူမြို့နယ် အလ္လကပ္ပကျေးရွာ ရွှေဂူဘုန်းကြီးကျောင်းရှိ တပ်စွဲထားသော စစ်ကောင်စီတပ်သည် အလ္လကပ္ပနှင့် ဝမ်းပြည့်ရွာအကြားသို့ ထွက်ခွာနေသည်ဟု မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန် ထားသည်။
(မုံရွာ – မန္တလေး လမ်းပိုင်းတစ်နေရာအား တွေ့ရစဥ်၊ ဓာတိပုံ – CJ)
Crd
Unicode