မင်္ဂလာပါ။ ကျွန်တော်ကတော့ သူပုန် ပါ။
သူပုန်ဆိုလို့ ကြောက်များ ကြောက်သွားကြမလား ?
မုန်းများ မုန်းသွားကြမလား ? လူဆိုးကြီးလို့များ ထင်သွားကြလေမလား ?




တကယ်တော့ သူပုန်ဆိုတာ ပုန်ကန်သူ ဖြစ်ပါတယ်။ မတရားတာကို ပုန်ကန်တဲ့သူတွေ အားလုံးဟာ သူပုန်တွေချည်းပါပဲ။ သူပုန်ဟာ လူဆိုးကြီးမဟုတ်သလို ကြောက်စရာ၊ မုန်းစရာကြီးလည်း မဟုတ်ပါဘူး။
ကဲ… လိုရင်းလေးကို ဆက်ရအောင်။
ဒီလိုပါ … ကျွန်တော်တို့ တော်လှန်ရေးကာလကလည်း ရှည်ကြာလာပြီး အားလုံး သူသူ ငါငါ ပင်ပန်းနေကြပြီဆိုတာ နားလည်ပါတယ်။ ဒီအတွက် ဆော့စရာ Game အသစ်လေးတစ်ခု ကျွန်တော် ဖန်တီးထားပါတယ်။




ဆော့ဖို့က မခက်ပါဘူး။ အားလုံးဆော့ဖူးနေကျ Game ပုံစံမျိုးပါပဲဗျ။
ထူးခြားတာကတော့ နွေဦးတော်လှန်ရေးအစပိုင်းတုန်းက သုံးစွဲခဲ့တဲ့ ဆန္ဒပြ တော်လှန်ရေး ပစ္စည်းလေးတွေကနေ တဆင့်တက်လာတဲ့ လက်နက်ကိုင်တော်လှန်ရေးရဲ့ တိုက်ခိုက်ရေး ပစ္စည်းလေးတွေအဖြစ် ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ Special itemS တွေလည်း ရှိပါသေးတယ်။
အထူးသတိပေးလိုတာကတော့ သူပုန်ဂိမ်းလေးကို ဆော့ပေးတဲ့အခါမှာ VPN မဖြစ်မနေ သုံးပေးရပါမယ်နော်။




VPN သုံးတဲ့အခါမှာလည်း US ၊ UK ၊ Australia ၊ Canada စတဲ့ (၄) နိုင်ငံထဲက အဆင်ပြေရာနိုင်ငံကို ရွေးချယ်ပြီး ဆော့ပေးဖို့ မေတ္တာရပ်ခံလိုပါတယ်။ ဒါမှသာ ကြော်ငြာခများများရပြီး ဆော့ရကျိုးနပ်နိုင်မှာမို့ပါ။
ဒါ့အပြင် တက်လာသမျှ ကြော်ငြာတွေကိုလည်း မကျော်ပစ်ဘဲ အစအဆုံး ကြည့်ပေးရပါမယ်နော်။ ဒီ Game လေးကရမယ့် အမြတ်အစွန်းအားလုံးကို မြေပေါ်မြေအောက် တော်လှန်ရေးအဖွဲ့အစည်းတွေအားလုံးအတွက်ကို ရည်ရွယ်ပြီး သီးသန့် သုံးစွဲသွားမှာ ဖြစ်တဲ့အတွက် “သူပုန်ဂိမ်း” လေးကို နေ့တိုင်းမှန်မှန် ဆော့ပေးကြပါဦးလို့ ကျွန်တော်တို့ သူပုန်များက တောင်းဆိုပါရစေခဗျာ။




“Tha Bon” ဂိမ်းလေးကိုတော့ စစ်အာဏာရှင်ကို အရပ်မျက်နှာပေါင်းစုံကနေ နည်းဗျူဟာမျိုးစုံသုံးပြီး တော်လှန်ပုန်ကန်နေတဲ့ ဗမာ့လူငယ်ကွန်ရက် ဗလက – Bama Youth Network အဖွဲ့ဝင်တွေက တီထွင်ဖန်တီးထားတာဖြစ်ပါတယ်။
သူပုန်ဂိမ်းလေးကိုတော့ အောက်ပါ PlayStore Link ကနေ ရယူဆော့ကစားနိုင်ပါတယ်ဗျ
https://play.google.com/store/apps/details…
iOS ပန်းသီးလေးတွေအတွက် version ကို ကြိုးစားနေဆဲဖြစ်ပါတယ်။ လာလောဆယ်တော့ စက်ရုပ်လေးများကပဲ ပိုကူပေးကြပါဦး။ Game ကနေ ရရှိလာမယ့် အမြတ်တွေနဲ့ စာရင်းရှင်းတမ်းတွေကို ဒီ “Tha Bon” page လေးမှာ အမြဲမပြတ် တင်ပေးသွားပါမယ်ခဗျ။
Crd