ျပည္ပႏိုင္ငံေတြကေန ပညာေရးနဲ႔ က်န္းမာေရးက႑ေတြကို ကူညီပံ့ပိုးေပးမယ္ဆိုတဲ့ ကတိကဝတ္ရရွိထားၿပီးလို႔
ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာေဇာ္ေဝစိုးေျပာၾကား




အလုပ္သေဘာအရ ျပည္ပႏိုင္ငံေတြကို ခရီးထြက္ေနစဥ္ကာလအတြင္းမွာ ျပည္ပႏိုင္ငံေတြကေန ပညာေရးနဲ႔
က်န္းမာေရး က႑ေတြကို ကူညီပံ့ပိုးေပးမယ္ဆိုတဲ့ ကတိကဝတ္ေတြ ရရွိခဲ့တယ္လို႔ အမ်ိဳးသားညီၫြတ္ေရးအစိုးရ၊
ပညာေရးဝန္ႀကီး ဌာနနဲ႔ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ျပည္ေထာင္စုဝန္ႀကီးျဖစ္သူ ေဒါက္တာေဇာ္ေဝစိုးက ေျပာၾကားလိုက္ပါတယ္။
“ အစကတည္းကကြၽန္ေတာ္တို႔တိုင္းျပည္ပညာေရးကေအာက္ေရာက္ေနတာ ။ေအာက္တန္းက်ေနတာ။




ဒီလိုအေျခအေန မ်ိဳးမွာ မဆင္မျခင္အာဏာသိမ္းတဲ့လူတစ္ေယာက္က ဒီအာဏာသိမ္းတဲ့အဖြဲ႕ေၾကာင့္ ကြၽန္ေတာ္တို႔ပညာေရးက သိပ္ကို ဆိုးသြားတယ္။
ကြၽန္ေတာ္အခုႏိုင္ငံတကာကိုလွည့္သြားေနတဲ့အခ်ိန္ ႏိုင္ငံတကာေရာက္တဲ့အခ်ိန္မွာ အရမ္းကိုစိတ္ထဲမွာ ေကာင္းဘူး။
ႏိုင္ငံတကာနဲ႔ေတြ႕တိုင္း ျမန္မာႏိုင္ငံရဲ႕အနာဂတ္ပညာေရးအတြက္ ေဆြးေႏြးေျပာဆိုခဲ့တာေတြ ေတာင္းဆိုခဲ့ တာေတြရွိပါတယ္”
လို႔ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာေဇာ္ေဝစိုးက RFA သတင္းဌာနနဲ႔အင္တာဗ်ဴးမွာ ထည့္သြင္းေျပာ ၾကားလိုက္တာပါ။




အၾကမ္းဖက္ စစ္ေကာင္စီဖြင့္တဲ့ ေက်ာင္းေတြမွာ တက္ေရာက္သင္ၾကားတာက တန္ဖိုးရွိတဲ့ ပညာေရးကို ဘယ္လိုနည္းနဲ႔ မွ ရႏိုင္မွာ
မဟုတ္ဘူးဆိုတာနဲ႔ လတ္တေလာခရီးစဥ္ေတြအတြင္း ႏိုင္ငံျခားတိုင္းျပည္ေတြရဲ႕ ပညာေရးနဲ႔ က်န္းမာေရးေတြ ကို ကူညီပံ့ပိုးေပးမယ္ဆိုတဲ့
ကတိကဝတ္ရရွိထားတယ္ဆိုတာနဲ႔ အစိုးရအဖြဲ႕ဝင္ေတြက ျပည္တြင္းမွာပဲ ေနထိုင္ၿပီး အၾကမ္းဖက္စစ္အာဏာရွင္စနစ္ ဖယ္ရွားေရးအတြက္
အခ်ိန္ျပည့္ လုပ္ကိုင္ေနၾကတယ္လို႔လည္း ေဒါက္တာေဇာ္ေဝစိုးက ေျပာၾကားလိုက္ပါတယ္။




ျပည္ေထာင္စုဝန္ႀကီးျဖစ္သူ ေဒါက္တာေဇာ္ေဝစိုးက UK ႏိုင္ငံ၊ ဥေရာပသပမဂၢနဲ႔ ေနာ္ေဝႏိုင္ငံေတြဆီကို ေမ ၂၄ ကေန ဇြန္
၁၀ ရက္အတြင္း သြားေရာက္ခဲ့တာျဖစ္ၿပီးေတာ့ ခရီးစဥ္အတြင္းမွာ ႏိုင္ငံတကာဆက္ဆံေရးကိစၥရပ္ေတြ၊ အၾကမ္းဖက္စစ္
ေကာင္စီရဲ႕ လူ႔အခြင့္အေရးခ်ိဳးေဖာက္တဲ့ ကိစၥရပ္ေတြ၊ ျမန္မာႏိုင္ငံကို လူသားခ်င္းစာနာေထာက္ထားေရးဆိုင္ရာ အကူ
အညီေပးေရး ကိစၥရပ္ေတြကို ေဆြးေႏြးမႈေတြလုပ္ခဲ့ပါတယ္။
Crd
Unicode,
ပြည်ပနိုင်ငံတွေကနေ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေကို ကူညီပံ့ပိုးပေးမယ်ဆိုတဲ့ ကတိကဝတ်ရရှိထားပြီးလို့
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား
အလုပ်သဘောအရ ပြည်ပနိုင်ငံတွေကို ခရီးထွက်နေစဉ်ကာလအတွင်းမှာ ပြည်ပနိုင်ငံတွေကနေ ပညာရေးနဲ့




ကျန်းမာရေး ကဏ္ဍတွေကို ကူညီပံ့ပိုးပေးမယ်ဆိုတဲ့ ကတိကဝတ်တွေ ရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊
ပညာရေးဝန်ကြီး ဌာနနဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီးဖြစ်သူ ဒေါက်တာဇော်ဝေစိုးက ပြောကြားလိုက်ပါတယ်။
“ အစကတည်းကကျွန်တော်တို့တိုင်းပြည်ပညာရေးကအောက်ရောက်နေတာ ။အောက်တန်းကျနေတာ။
ဒီလိုအခြေအနေ မျိုးမှာ မဆင်မခြင်အာဏာသိမ်းတဲ့လူတစ်ယောက်က ဒီအာဏာသိမ်းတဲ့အဖွဲ့ကြောင့် ကျွန်တော်တို့ပညာရေးက သိပ်ကို ဆိုးသွားတယ်။




ကျွန်တော်အခုနိုင်ငံတကာကိုလှည့်သွားနေတဲ့အချိန် နိုင်ငံတကာရောက်တဲ့အချိန်မှာ အရမ်းကိုစိတ်ထဲမှာ ကောင်းဘူး။
နိုင်ငံတကာနဲ့တွေ့တိုင်း မြန်မာနိုင်ငံရဲ့အနာဂတ်ပညာရေးအတွက် ဆွေးနွေးပြောဆိုခဲ့တာတွေ တောင်းဆိုခဲ့ တာတွေရှိပါတယ်”
လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက RFA သတင်းဌာနနဲ့အင်တာဗျူးမှာ ထည့်သွင်းပြော ကြားလိုက်တာပါ။
အကြမ်းဖက် စစ်ကောင်စီဖွင့်တဲ့ ကျောင်းတွေမှာ တက်ရောက်သင်ကြားတာက တန်ဖိုးရှိတဲ့ ပညာရေးကို ဘယ်လိုနည်းနဲ့ မှ ရနိုင်မှာ




မဟုတ်ဘူးဆိုတာနဲ့ လတ်တလောခရီးစဉ်တွေအတွင်း နိုင်ငံခြားတိုင်းပြည်တွေရဲ့ ပညာရေးနဲ့ ကျန်းမာရေးတွေ ကို ကူညီပံ့ပိုးပေးမယ်ဆိုတဲ့
ကတိကဝတ်ရရှိထားတယ်ဆိုတာနဲ့ အစိုးရအဖွဲ့ဝင်တွေက ပြည်တွင်းမှာပဲ နေထိုင်ပြီး အကြမ်းဖက်စစ်အာဏာရှင်စနစ် ဖယ်ရှားရေးအတွက်
အချိန်ပြည့် လုပ်ကိုင်နေကြတယ်လို့လည်း ဒေါက်တာဇော်ဝေစိုးက ပြောကြားလိုက်ပါတယ်။
ပြည်ထောင်စုဝန်ကြီးဖြစ်သူ ဒေါက်တာဇော်ဝေစိုးက UK နိုင်ငံ၊ ဥရောပသပမဂ္ဂနဲ့ နော်ဝေနိုင်ငံတွေဆီကို မေ ၂၄ ကနေ ဇွန်




၁၀ ရက်အတွင်း သွားရောက်ခဲ့တာဖြစ်ပြီးတော့ ခရီးစဉ်အတွင်းမှာ နိုင်ငံတကာဆက်ဆံရေးကိစ္စရပ်တွေ၊ အကြမ်းဖက်စစ်
ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်တဲ့ ကိစ္စရပ်တွေ၊ မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ အကူ
အညီပေးရေး ကိစ္စရပ်တွေကို ဆွေးနွေးမှုတွေလုပ်ခဲ့ပါတယ်။
Crd