Unicode
လူမှုကွန်ယက်ပေါ်ကနေ အချိန်အတန်ကြာ ပျောက်နေခဲ့ရတဲ့ အကြောင်းအရင်းကို ပြောပြလာတဲ့ ဦးကျော်သက်လင်း
သတင်းတင်ဆက်သူ ဦးကျော်သက်လင်း ဟာ တခေတ်တစ်ခါတုန်းကတည်းက ဝါရင့်သတင်းကြေငြာသူတစ်ဦးအဖြစ် အသက်မွေးဝမ်းကျောင်းပြုလုပ်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ မြန်မာပြည်မှာ
အာဏာစတင်သိမ်းခဲ့ချိန်ကတည်းက အစောဆုံး CDM ပြုလုပ်ခဲ့သူတစ်ဦးဖြစ်ပြီး ပြည်သူတွေနဲ့အတူတူ အမှန်တရားဘက်ကနေ ပြတ်ပြတ်သားသားရပ်တည်ခဲ့သူတစ်ဦးဖြစ်ပါတယ်။
၅၀၅ က နဲ့တရားစွဲဆိုခံခဲ့ရတာကြောင့် တိမ်းရှောင်ရင်း လွတ်မြောက်နယ်မြေမှာ ရောက်ရှိခဲ့ပြီး မိသားစုနဲ့ခွဲခွာနေခဲ့ရတာပဲဖြစ်ပါတယ်။ ဦးကျော်သက်လင်း ဟာ ရက်အတော်ကြာတဲ့ထိ
လူမှု့ကွန်ယက်ပေါ်ကနေ ပျောက်ကွယ်နေတာကြောင့် ချစ်တဲ့ ပရိသတ်တွေက စိတ်ပူနေကြရပါတယ်။ ဒါပေမယ့်လဲ အမေစုမွေးနေ့ကို မမှီလိုက်ပေမယ့် မွေးနေ့ဆုတောင်းလေးကို သူ့ရဲ့လူမှု့ကွန်ယက်မှတစ်ဆင့်
ရေးသားထားပါတယ်။“Happy Belated Birthdayပါအမေ စိတ်ပူနေကြတဲ့ကျနော့်မိတ်ဆွေတွေအားလုံး ကိုလည်းကျေးဇူးအထူးတင်ရှိပါကြောင်း ပြောပါရစေ။ တကယ့်ကို ခက်ခဲတဲ့ကာလရှည်များကို
ဖြတ်ကျော်ဆဲမို့ အားလုံးနားလည်ပေးကြလိမ့်မယ်လို့ထင်ပါတယ်ဗျာ။ ချစ်ခြင်းများစွာဖြင့်….” လို့ရေးသားထားတာကို တွေ့ရပါတယ်။ကဲ…စာဖတ်ပရိသတ်ကြီးရေ ဦးကျော်သက်လင်း ဘေးကင်းကျန်းမာပါစေလို့ ဆုတောင်းပေးခဲ့ပါအုန်းနော်။
Crd
Zawgyi
လူမှုကွန်ယက်ပေါ်ကနေ အချိန်အတန်ကြာ ပျောက်နေခဲ့ရတဲ့ အကြောင်းအရင်းကို ပြောပြလာတဲ့ ဦးကျော်သက်လင်း
Crd