အရည်အသွေးနိမ့် တ.ရု.တ်ကြက်သွန်နီတွေ ဈေးအနိမ့်နဲ့ ရန်ကုန်ဈေးကွက်သို့ ဝင်လာ












crd
Unicode
အရည်အသွေးနိမ့် တ.ရု.တ်ကြက်သွန်နီတွေ ဈေးအနိမ့်နဲ့ ရန်ကုန်ဈေးကွက်သို့ ဝင်လာ
တရုတ်ထုတ်ကြက်သွန်နီတွေ ရန်ကုန်ဈေးကွက်ကို မနေ့က ဝင်ရောက်လာတယ်လို့ ရန်ကုန်၊ ညောင်ပင်လေး ဈေးက ကြက်သွန်နဲ့ အာလူးရောင်းချသူ ကိုအောင်က ပြောပါတယ်။




ပြည်တွင်းက မုံရွာကြက်သွန်နီ တစ်ပိဿာကို ကျပ် ၁၉၀၀ ဝန်းကျင် ရှိနေချိန်မှာ တရုတ်ကြက်သွန်နီဈေးက တစ်ပိဿာကို ၁၅၀၀ ကျပ်သာ ရှိနေပါတယ်။
လက်ရှိ ရန်ကုန်ကို ဝင်လာတဲ့တရုတ်ကြက်သွန်နီဟာ အရင်ကြက်သွန်တွေလောက် အလုံးမကြီးပေမဲ့လည်း မြန်မာကြက်သွန်ထက်တော့ ကြီးနေဆဲ ဖြစ်ပါတယ်။
တရုတ်ကြက်သွန်နီက တစ်ပိဿာ ၁၅၀၀ ကျပ်သာ ရှိပေမဲ့ မြန်မာကြက်သွန်ဈေးကွက်အခြေအနေကိုလည်း စောင့်ကြည့်နေရဆဲ ဖြစ်တယ်လို့ ကုန်အဝယ်တော်ကိုမင်းလွင်က ပြောပါတယ်။




၂၀၀၉ ခုနှစ်နောက်ပိုင်းကတည်းက ပြည်တွင်းမှာ ကြက်သွန်နီဈေးတွေ မြင့်လာတိုင်း အရည်အသွေးနိမ့်တဲ့ ကြက်သွန်တွေဟာ ဈေးကွက်ထဲ ဝင်လာလေ့ရှိပါတယ်။
မြန်မာပြည်တွင်း ကြက်သွန်နီဈေးတွေဟာ ဒီလဆန်းကတည်းက တောက်လျှောက် မြင့်တက်လာပြီး တစ်ပိဿာ ကျပ် ၂၀၀၀ ကျော်အထိ တက်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ကျပ် ၁၇၀၀-၁၈၀၀ နားထိ ပြန်ကျလာနေပါတယ်။




ဒါပေမဲ့ ဒီနှစ် မြန်မာပြည်မှာ နွေကြက်သွန်အစိုက်နည်းလို့ အထွက်ဆုတ်ပြီး ပြည်ပကနေလည်း ဝယ်လိုအားတွေ ရှိနေတာကြောင့် လတ်တလော ဈေးကျနေတဲ့ကြက်သွန်ကို နောက်လတွေမှာ တက်ဈေးပြန်မှန်းထားကြပါတယ်။ Ref: GNLM စာရေးသူ – ငွေကြယ်
crd